Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တော်လှန်ရေးရေချိန်နဲ့ ပန်းတစ်ကုံးရဲ့အလှ (OPINION)

နွေဦးတော်လှန်ရေးဟာ နှစ်နှစ်ကျော်ကာ သုံးနှစ်သက်တမ်းထဲ ဝင်လာပြီ ဖြစ်ပါတယ်။ သုံးနှစ်သားအရွယ်ခန့် ရှိလာပြီမို့ လူလိုဆိုရင် စကားပြောတတ်ခါစအရွယ်လို့ တင်စားပြောရမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ ထောင့်ပေါင်းစုံကနေ ပုံပေါက်ကာ ပြီးပြည့်စုံပြီလို့ မပြောနိုင်သေးသည့်တိုင် တော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်" ဆိုတဲ့ အသံကတော့ တစ်ပြည်လုံးအတိုင်းအတာဖြင့်ဆိုလျှင် အတော်ညီလာပြီ ဖြစ်ပါတယ်။ သို့မို့ကြောင့် အောင်လံလွှင့်ထူ အနိုင်ယူကာ ပြည်တော်ဝင်နိုင်ကြဖို့ကို တော်လှန်ရေးမှာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ပါဝင်နေကြသူတွေ အပါအဝင် ပြည်သူလူထုကြီးတစ်ရပ်လုံးက တစောင့်စောင့် မျှော်လင့်နေကြချိန်လည်း ဖြစ်လာပါတယ်။

 

 ပြည်သူ့ဒီမိုကရေစီ ရုပ်သိမ်းခံလိုက်ရတဲ့ ၁၉၆၂ ခုနှစ်က စလို့ ကျောင်းသားပြည်သူ တော်လှန်သူအစုစုဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် အနိုင်ယူဖို့အတွက် အခွင့်အခါကို ကျားချောင်းသလို ချောင်းရင်း တော်လှန်ခရီးကို ဆန့်ခဲ့ကြရတာဖြစ်ပါတယ်။ 

 

ဒီနေရာမှာ နွေဦးတော်လှန်ရေးတစ်စုံလုံးရဲ့ အရွေ့သဘောကို တွက်ဆကြည့်ဖို့လိုမယ်ထင်လို့ ဖက်ဆစ်တပ် စတင်အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ် စပြီး စစ်အာဏာရှင်တော်လှန်ရေးကို ရုပ်လုံးဖော် ကြည့်တာဆိုရင်လည်း မမှားပါဘူး။ အခုဆိုရင် စစ်အာဏာရှင်ကို အမည်တပ်ပြီး တော်လှန်ရေးလုပ်ခဲ့တာဟာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ သည်နေရာမှာ အဓိကပြောလိုတာက ၆၂၊ ၇၄၊ ၇၅၊ ၇၆၊ ၈၈၊ ၉၆၊ ၉၈၊ ၂၀၀၇ စသဖြင့် တော်လှန်ရေးရဲ့ စလိုဂန်အဖြစ် ကိုင်စွဲခဲ့ကြတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ အဆင့်တက် ​ပြောင်းလဲတိုးတက်လာပုံအကြောင်း ဖြစ်ပါတယ်။ ပြည်သူ့ဒီမိုကရေစီ ရုပ်သိမ်းခံလိုက်ရတဲ့ ၁၉၆၂ ခုနှစ်က စလို့ ကျောင်းသားပြည်သူ တော်လှန်သူအစုစုဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် အနိုင်ယူဖို့အတွက် အခွင့်အခါကို ကျားချောင်းသလို ချောင်းရင်း တော်လှန်ခရီးကို ဆန့်ခဲ့ကြရတာဖြစ်ပါတယ်။ တစ်ဆစ်တစ်ချိုးကွေ့တွေကို ရောက်တိုင်း ခေတ်အမျိုးမျိုးကို ရင်ဆိုင်ရင်း တော်လှန်ရေးရေချိန်ဟာလည်း "မြင့်"တက်လာခဲ့ရတဲ့ သဘောရှိပါတယ်။

 

 မြေပြန့်နေနေ တောင်ပေါ်နေနေ ဖက်ဆစ်တပ်ကို မထောက်ခံရင် ရန်သူပဲဆိုတာ လူတစ်ဦးချင်းစီတိုင်းအတွက် ခေါင်းလောင်းထိုးသံ ဖြစ်ခဲ့ပါတယ်။ သည်တော့ တစ်တိုင်းပြည်လုံးရဲ့ ဘုံရန်သူဟာလည်း ဖက်ဆစ်တပ်ဆိုတာ ဘွားဘွားကြီး ပေါ်လာတယ်။

 

ဖက်ဆစ်တပ်ဘက်က လှည့်ပြောရရင်လည်း အာဏာသိမ်းခေတ်သုံးခေတ်ဟာ ဝက်အူရစ်တွေ တစ်ရစ်ချင်း တိုးရစ်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ဖက်ဆစ်တပ်အတွက် တစ်ခု ကံဆိုးစေခဲ့တာက အခုနွေဦးတော်လှန်ရေးဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အသီးသီးရဲ့ နိုင်ငံရေးဆုံချက် ဖြစ်စေခဲ့တဲ့ ကောင်းသော ရလဒ်ပါပဲ။ ပီပြင်တဲ့ မြင်သာမှု ရှိသေးတာ/မရှိသေးတာက တစ်ကိစ္စဖြစ်ပါတယ်။ မြို့ပေါ်ကော ကျေးလက်ပါ ဖက်ဆစ်တပ်ရဲ့ ဖိနှိပ်ရက်စက်မှုကို တစ်ပြေးညီ ခံစားနေကြရတဲ့ အဖြစ်တွေက သက်သေ ဖြစ်ပါတယ်။ မြေပြန့်နေနေ တောင်ပေါ်နေနေ ဖက်ဆစ်တပ်ကို မထောက်ခံရင် ရန်သူပဲဆိုတာ လူတစ်ဦးချင်းစီတိုင်းအတွက် ခေါင်းလောင်းထိုးသံ ဖြစ်ခဲ့ပါတယ်။ သည်တော့ တစ်တိုင်းပြည်လုံးရဲ့ ဘုံရန်သူဟာလည်း ဖက်ဆစ်တပ်ဆိုတာ ဘွားဘွားကြီး ပေါ်လာတယ်။

 

၆၂ ဇူလိုင်ဆဲဗင်း၊ ၇၄ ဦးသန့်အရေးအခင်း၊ ၇၅ အလုပ်သမားအရေးအခင်း၊ ၇၆ မှိုင်းရာပြည့်အရေးအခင်းတွေမှာ ဆန့်ကျင်တော်လှန်သူတွေဟာ အကန့်အသတ်တစ်ခုအတွင်းမှာပဲ ရှိခဲ့ပါတယ်။ စစ်အာဏာရှင်ကို တစ်​လျှောက်လုံး တိုက်​တော့တိုက်ခဲ့ကြတာပါပဲ။ ဒါ​ပေမဲ့ တစ်တိုင်းပြည်လုံး ပါဝင် အုံကြွတဲ့အထိ မဖြစ်ခဲ့ပါဘူး။ 

 

၁၉၆၂ ကနေ ၁၉၈၈ အတွင်း အာဏာရှင်ဆန့်ကျင်တော်လှန်ရေးပွဲတွေမှာတော့ ထိုအချိန်က "မြန်မာ့တပ်မတော်" ကို အာဏာရှင်ရဲ့ တစ်လက်ကိုင် လိုရာသုံးလို့ တော်လှန်သူမှအပ အများပြည်သူက မမြင်မိကြသေးပါဘူး။ ၆၂ ဇူလိုင်ဆဲဗင်း၊ ၇၄ ဦးသန့်အရေးအခင်း၊ ၇၅ အလုပ်သမားအရေးအခင်း၊ ၇၆ မှိုင်းရာပြည့်အရေးအခင်းတွေမှာ ဆန့်ကျင်တော်လှန်သူတွေဟာ အကန့်အသတ်တစ်ခုအတွင်းမှာပဲ ရှိခဲ့ပါတယ်။ စစ်အာဏာရှင်ကို တစ်​လျှောက်လုံး တိုက်​တော့တိုက်ခဲ့ကြတာပါပဲ။ ဒါ​ပေမဲ့ တစ်တိုင်းပြည်လုံး ပါဝင် အုံကြွတဲ့အထိ မဖြစ်ခဲ့ပါဘူး။ ဒါကြောင့်မို့ ဆန္ဒပြတောင်းဆိုမှု စလိုဂန်တွေကလည်း ကျောင်းသားအရေးဆိုလည်း ကျောင်းသားအမြင်၊ အလုပ်သမားအရေးဆိုလည်း အလုပ်သမားအမြင် စသဖြင့် လူတန်းစားတစ်ရပ်ရပ်အတွင်းမှာပဲ အကန့်အသတ်နဲ့ ရှိခဲ့ပါတယ်။ အမြင့်ဆုံး “နေဝင်း၊ စန်းယု အလိုမရှိလောက်" ပဲ ရှိခဲ့ပါတယ်။

 

၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးကျမှ လူတန်းစားပေါင်းစုံနဲ့ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ပါဝင်တဲ့ ပြည်သူ့တော်လှန်ကြီးတစ်ရပ် ဖြစ်ခဲ့တာပါ။ ဒါတောင်မှ အရေးတော်ပုံရဲ့ အမြင့်ဆုံးစလိုဂန်ဟာ "မဆလတစ်ပါတီစနစ် ကျဆုံးရေး၊ ဒီမိုကရေစီရရှိရေး တို့အရေး" အဆင့်ပဲ ရှိခဲ့ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် စစ်တပ်ကပေးတဲ့ မသထာရေစာဒီမိုကရေစီလေးတောင်မှ ၉၆/၉၈/၂၀၀၇ စတဲ့ ကျောင်းသားပြည်သူရဟန်းရှင်အများရဲ့ ပေးဆပ်မှုများစွာ ထပ်ထည့်​ပေါင်း​တော့မှ ရခဲ့တာဖြစ်ပါတယ်။ ဒီ့နောက်တော့ ပြည်သူအများစုလက်မခံချင်ဘဲ ဇွတ်လက်ခံလိုက်ရတဲ့ နာဂစ်ခြေ/ဥကြီးနဲ့ စစ်တစ်ပိုင်း အာဏာနဲ့ အယောင်ဆောင်ဒီမိုကရေစီကိုပဲ ရလိုက်တာ ဖြစ်ပါတယ်။

 

 စစ်တပ်ကပေးတဲ့ မစို့မပို့ဒီမိုကရေစီကို ၁၀ နှစ်တာမျှ ခံစားဖူးလိုက်တဲ့ ပြည်သူလူထုဟာ ချက်ချင်း "လျှော့" ရသွားသလို ထိခိုက်သွားပါတယ်။ ဘာကြောင့်လဲဆိုရင် ပြည်သူလူထုတစ်ဦးချင်းစီရဲ့ မနက်ဖြန်တံခါးတွေကို အလိုမတူဘဲ ပိတ်ဆို့ခံလိုက်ရလို့ ဖြစ်ပါတယ်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ စစ်အာဏာရှင်ဖက်ဆစ်အုပ်စုဟာ သူ့စိတ်ကြိုက်ရေး ဆွဲထားတဲ့ ခြေ/ဥကိုတောင်မှ မယုံမကြည်ဖြစ်ပြီး အရူးထကာ အာဏာထသိမ်းလိုက်ခြင်းနဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေးရေချိန်ကို မြှင့်ပေးလိုက်ပါတယ်။ စစ်တပ်ကပေးတဲ့ မစို့မပို့ဒီမိုကရေစီကို ၁၀ နှစ်တာမျှ ခံစားဖူးလိုက်တဲ့ ပြည်သူလူထုဟာ ချက်ချင်း "လျှော့" ရသွားသလို ထိခိုက်သွားပါတယ်။ ဘာကြောင့်လဲဆိုရင် ပြည်သူလူထုတစ်ဦးချင်းစီရဲ့ မနက်ဖြန်တံခါးတွေကို အလိုမတူဘဲ ပိတ်ဆို့ခံလိုက်ရလို့ ဖြစ်ပါတယ်။ ဒီထဲမှာမှ လမ်းပေါ်ထွက်မှ ဖြစ်တော့မယ်ဆိုတာကို ဦးစွာသဘောပေါက်လိုက်တာက ဂျန်ဇီးလို့ အမှတ်သညာပြုကြတဲ့ ကမ္ဘာကြည့်ကြည့်မြင်ကြတဲ့ လူငယ်အများစုပဲ ဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ တွေဝေမှုကင်းမဲ့တဲ့ ဆန္ဒဇောအဟုန်တွေဟာ တော်လှန်ရေးဒီရေကို အရှိန်အဟုန်နဲ့ တိုးတက်လာစေပါတယ်။ လမ်းပေါ်တက်လာတော့လည်း သူတို့ပဲ ရှေ့ဆုံးက၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်တော့လည်း သူတို့ပဲ ရှေ့ဆုံးက ဒိုင်းကာ၊ သေနတ်နဲ့ ခေါင်းကို တည့်တည့်ချိန်ပစ်ခံရတော့လည်း ရှေ့ဆုံးမှာ ကားခနဲ။ အဲဒီလို ဂျန်ဇီးလေးတွေရဲ့ တက်ကြွစွာ ရှေ့ဆောင်မှုကြောင့်သာပဲ သန်းနဲ့ချီသော ပြည်သူလူထုကြီးတစ်ရပ်လုံးက အုန်းအုန်းထခဲ့ရတာဖြစ်ပါတယ်။

 

ခေတ်စနစ်ရဲ့ ပြောင်းလဲတိုးတက်မှုသဘောကို ၅ နှစ်တန်သည် ပွင့်လန်းခွင့်ရလိုက်တဲ့ ဂျန်ဇီးလူငယ်လေးတွေက လက်နက်အားကိုးသူကို လက်နက်နဲ့အနိုင်တိုက်ယူမှ ရတော့မယ်ဆိုတာ ချက်ချင်း သိလိုက်ကြတယ်။ 

 

လွယ်လင့်တကူနဲ့ အာဏာသိမ်းလို့ရမယ်ထင်ခဲ့တဲ့ အာဏာရူးမအလတစ်သိုက်ဟာ ခေတ်ကာလအခြေအနေကို မေ့လျော့သွားခဲ့တယ်။ ခေတ်စနစ်ရဲ့ ပြောင်းလဲတိုးတက်မှုသဘောကို ၅ နှစ်တန်သည် ပွင့်လန်းခွင့်ရလိုက်တဲ့ ဂျန်ဇီးလူငယ်လေးတွေက လက်နက်အားကိုးသူကို လက်နက်နဲ့အနိုင်တိုက်ယူမှ ရတော့မယ်ဆိုတာ ချက်ချင်း သိလိုက်ကြတယ်။ ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေးအတွက် အတွေ့အကြုံ ရင့်ကျက်ပြီးသား တိုင်းရင်းသားအဖွဲ့တွေကို ဆရာတင်ရမယ်ဆိုတာကိုလည်း ဂျန်ဇီးလေးတွေက နားလည်ကြပါတယ်။

 

ဒါကြောင့်သာပဲ မကြာသေးခင်က ရှမ်းမြောက်မှာ စတင်လိုက်တဲ့ MNDAA, TNLA, AA မဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမခြေလှမ်းဟာ နွေဦးတော်လှန်ရေးအတွက် အရေးပါတဲ့ သမိုင်းဖြစ်စဥ်တစ်ခု ဖြစ်လာခဲ့ရပါတယ်။ ဒီဖြစ်စဥ်မှာ ပူးပေါင်းလက်တွဲခဲ့တဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စနစ်ကျစွာ လေ့ကျင့်သင်ကြားခဲ့တဲ့ စွမ်းပကားကလည်း ချီးကျူးစရာကောင်းလှပါတယ်။ NUG (MoD) မျှော်လင့်ခဲ့တဲ့ COC ဖြစ်မလာသေး​ပေမဲ့ EROs ရဲ့ coordination (ဆက်စပ်ညီညွတ်မှု) က လက်တွေ့ကျစွာ အသုံးတည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဖက်ဆစ်တပ်ကို ထိချက်ကောင်းကောင်းနဲ့ ပစ်ခတ်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ Tipping point ဖြစ်မယ့်နေရာကို အရှိန်ပြင်းပြင်းတစ်ချက် ထပ်ထိနိုင်ရင် ဖက်ဆစ်တပ်ဟာ ဗိုင်းခနဲ ပြိုကျသွား​တော့မှာ ဖြစ်ပါတယ်။

 

အာဏာသိမ်းစက မအလရဲ့ဂျူနီယာ စိုး၀င်းရဲ့ “ကျနော်တို့က မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ နေတတ်ခဲ့တဲ့ အတွေ့အကြုံရှိပြီးသားပါ” ဆိုတဲ့ စကားကို သတိရကြအုံးမယ် ထင်ပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်ရဲ့ အတွင်းသား “ရကောက်” ပုံသဏ္ဌာန်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး “မြောက်မြန်းမားနိုင်ငံတော်ကြီး” အဖြစ်လည်း တည်ဆောက်သွားနိုင်ပါတယ်။

 

အခုဆိုရင် "ရကောက်" ပုံသဏ္ဌာန်ဒေသတွေဖြစ်တဲ့ ရခိုင်၊ ချင်း၊ ကချင်၊ စစ်ကိုင်း၊ ရှမ်းမြောက်၊ ကရင်နီ၊ ကရင်၊ မွန်၊ တနင်္သာရီဒေသစုံမှာ ဖက်ဆစ်တပ်တွေဟာ စစ်မျက်နှာဖွင့်နေရပါတယ်။ ခေါင်းမာလွန်းပြီး ရက်စက်ယုတ်မာတဲ့ အာဏာသိမ်းဖက်ဆစ်အုပ်စုဟာ "ရကောက်" ပုံရဲ့ အတွင်းသားစုစု​လေးဖြစ်တဲ့ မန္တလေးအောက်ပိုင်း၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီကိုပဲ ကျစ်ကျစ်ပါအောင် ခြေကုပ်ယူထားနိုင်ပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့နယ်စုံတွေမှာရှိတဲ့ အချက်အချာကျတဲ့ ဓမ္မာရုံတို့၊ စာသင်ကျောင်းတို့လိုနေရာတွေမှာ အင်အားဖြည့်ကာ တပ်စွဲထားတာကို တွေ့နေရပါတယ်။ အာဏာသိမ်းစက မအလရဲ့ဂျူနီယာ စိုး၀င်းရဲ့ “ကျနော်တို့က မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ နေတတ်ခဲ့တဲ့ အတွေ့အကြုံရှိပြီးသားပါ” ဆိုတဲ့ စကားကို သတိရကြအုံးမယ် ထင်ပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်ရဲ့ အတွင်းသား “ရကောက်” ပုံသဏ္ဌာန်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး “မြောက်မြန်းမားနိုင်ငံတော်ကြီး” အဖြစ်လည်း တည်ဆောက်သွားနိုင်ပါတယ်။

 

အမှန်တကယ်က နိုင်ငံရေးမှာ စစ်တပ်က တစ်လျှောက်လုံး ၀င်ရှုပ်နေလို့သာလျှင် ပြည်ထောင်စုပုံ မပေါက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ စစ်တပ်၀င်မပါနိုင်တဲ့ အခင်းအကျင်း ဖြစ်သွားရင် ဘယ်လောက်ပဲ တိုင်းပြည်က တစ်စစီဖြစ်နေစေအုံးတော့ အလွယ်တကူ “ပြည်ထောင်စု”နိုင်မယ်လို့ ယုံကြည်မိပါတယ်။

 

အဲဒီလို မဖြစ်ရလေအောင် ၁၀၂၇ စစ်ဆင်ရေးရဲ့ တိုင်ပင်ခေါ်သံနောက် coordination (ဆက်စပ် ညီညွတ်မှု) နဲ့ လိုက်ပါသင့်တာက NUG MoD ရဲ့ အရွေ့အလျင်ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘယ်တုန်းကမှ ပြည်ထောင်စုမဖြစ်ခဲ့တဲ့ ပြည်ထောင်စုကြီး ပြိုကွဲသွားမှာစိုးတဲ့ အတွေးအမြင်မျိုးတွေ NUG မှာ လွှမ်းမိုး​နေဟန်ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ MNDAA, TNLA, AA တို့က Confederate ကို မျှော်မှန်းထားတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်စစီ ဖြစ်သွားမယ်ဆိုတဲ့ အာဏာရှင်ခေတ်တစ်လျှောက် ဂျင်းထည့်ခံခဲ့ရတဲ့ ပူပန်စိတ်မျိုး ရှိခဲ့ပြီး တချို့သော ဖက်ဒရယ်ရေးကိစ္စတွေမှာ ထစ်ငေါ့နေတယ်လို့ ယူဆမိပါတယ်။ အမှန်တကယ်က နိုင်ငံရေးမှာ စစ်တပ်က တစ်လျှောက်လုံး ၀င်ရှုပ်နေလို့သာလျှင် ပြည်ထောင်စုပုံ မပေါက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ စစ်တပ်၀င်မပါနိုင်တဲ့ အခင်းအကျင်း ဖြစ်သွားရင် ဘယ်လောက်ပဲ တိုင်းပြည်က တစ်စစီဖြစ်နေစေအုံးတော့ အလွယ်တကူ “ပြည်ထောင်စု”နိုင်မယ်လို့ ယုံကြည်မိပါတယ်။

မြေပြင်ပေါ်မှာ တစ်ပွင့်ချင်းကြွေကျနေတဲ့ ခရေပွင့်လေးတွေကို အခွင့်ရစေတဲ့ ကြိုးတစ်ချောင်းနဲ့ ကောက်သီပြလိုက်ခြင်းဖြင့်သာ လှပသောပန်းတစ်ကုံးရနိုင်တယ် ဆိုတာကို လက်တွေ့အခြေအနေများစွာက ပြဆိုနေပြီလည်း ဖြစ်ပါတယ်။
~~~~

​နွေဦးစင်​ရော်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။