ဖက်ဆစ်အုပ်စုဟာ သူ့ဘာသာ ထီးတည်း မရပ်တည် မရှင်သန်နိုင်ကြပါဘူး။ ပြည်သူလူထုကို ရန်သူလို ကျင့်ကြံတတ်ပေမဲ့ သူတို့မှာ အကြောက်တရားဆိုက်လာပြီဆိုရင်တော့ ပြည်သူကိုပဲ ပြန်အကာအကွယ်ပြုဖို့ ကြိုးစားတတ်ကြတယ်။ ပြည်သူကို အားကိုးလို့တော့ မဟုတ်ပါဘူး။ ပြည်သူကို တံတိုင်းကာ ခံကတုပ်လုပ်ပြီး ယုတ်မာဖို့သာ ဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန်လို မြို့ပြမှာ ဖက်ဆစ်အုပ်စုဟာ သေနတ်မပါဘဲ မသွားလာရဲပါဘူး။ ယူနီဖောင်းဝတ်၊ သေနတ်ကြီးတကားကားနဲ့တောင်မှ ကားနှစ်စီးသုံးစီး အုပ်စုဖွဲ့ပြီးမှသာ သွားလာဝံ့ကြပါတယ်။ သွားရင်းလာရင်း လမ်းပိတ်လို့ ကားကျပ်တဲ့အခါ လမ်းပြောင်းပြန်မောင်းပြီး သုတ်ခြေတင်ကြပါတယ်။ အများနည်းတူ ပိတ်နေတဲ့ကားတန်းကြားမှာ ကြာကြာမရပ်ရဲကြပါဘူး။ ဘယ်အချိန် ဘယ်နေရာက ဒရုန်းတွေ ပျံသန်းရောက်ရှိလာမလဲဆိုတာကို မသိနိုင်ဘူး မဟုတ်လား။ သည်တော့ လူနေထူထပ်တဲ့ ကြားမှာ ဖက်ဆစ်အုပ်စုဟာ ကျီးလန့်စာစားရသလို မျက်ကလူးဆန်ပြာ ဖြစ်နေကြရရှာတယ်။
လူငယ်လူရွယ် ယောက်ျားလေးတွေကို ဖမ်းဆီးပြီး ပြန်ပေးဆွဲ ငွေညှစ်တာမျိုးကို ခပ်စိပ်စိပ်လုပ်လာကြတယ်။ ပြောရရင် ထင်သလို ရမ်းကားခွင့်ကို အမိန့်ရသဖွယ် ပြုနေကြတယ်။
အခုရက်ပိုင်းတွေမှာဆိုရင် လူမြင်သူမြင် နေ့လယ်ခင်းတောင် မရှောင်နိုင်တော့ဘူး။ လူငယ်တွေအများစု စုဝေးရာ ရှော့ပင်းမောတွေ၊ လှည်းတန်းလို နေရာတွေမှာ ဖုန်းတွေစစ် အိတ်တွေစစ်နဲ့ ကြောက်ရမ်းရမ်းနေကြတယ်။ အချို့နေရာမှာ လက်ဖက်ရည်ဆိုင်ထဲထိ နေ့ခင်းကြောင်တောင် ဝင်ဆွဲနေတယ်။ လူငယ်လူရွယ် ယောက်ျားလေးတွေကို ဖမ်းဆီးပြီး ပြန်ပေးဆွဲ ငွေညှစ်တာမျိုးကို ခပ်စိပ်စိပ်လုပ်လာကြတယ်။ ပြောရရင် ထင်သလို ရမ်းကားခွင့်ကို အမိန့်ရသဖွယ် ပြုနေကြတယ်။ လူငယ်ထုအနေအထိုင်များတဲ့ ရပ်ကွက်တွေ၊ မြို့နယ်တွေကို ဧည့်စာရင်း မကြာခဏစစ်ရင်း အကြောင်းရှာ ဖမ်းဆီးတာတွေလည်း ခပ်စိပ်စိပ်လုပ်လာပါတယ်။ ညဦးပိုင်းတင် လူသူကျဲပါးသွားတဲ့ လမ်းမကြီးတွေပေါ်မှာ တင့်ကားတွေမောင်းပြပြီး ဟန်ရေးပြကြတယ်။ တရိပ်ရိပ် နီးကပ်လာတဲ့ နွေဦးအောင်သံဟာ မြို့ပြတွေဆီ ချဥ်းကပ်လာနေပြီဖြစ်ကြောင်းကို ပြည်သူတွေသိအောင် ဖက်ဆစ်အုပ်စုဟာ ခံစစ်ပြင်ရင်း ပုံဆောင်ပြနေတာနဲ့ တူနေသေးတော့တယ်။
နိုင်ငံတဝန်းမှာ လက်နက်ကိုင်အဖွဲ့ပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ တိုက်ပွဲတွေတိုင်း အရေးမလှဖြစ်နေချိန် အရပ်ဘက်အဆောက်အအုံများကိုပါ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်တိုက်ခိုက်မယ်လို့ စစ်ကောင်စီဟာ ပါးစပ်က ထုတ်ပြောလာရတဲ့အထိ ကြောက်ကန်ကန်လာနေပြီ ဖြစ်ပါတယ်။
အရပ်ဘက်အဆောက်အအုံများအတွင်းမှနေ သူတို့ကို ပစ်ခတ်ခဲ့ပါက ထိုနေရာကို စစ်ရေးပစ်မှတ်အဖြစ် ပြောင်းလဲသတ်မှတ်မယ်လို့ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၃၀ ရက်နေ့က ပြောသွားပါတယ်။
နိုင်ငံတဝန်းမှာ လက်နက်ကိုင်အဖွဲ့ပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ တိုက်ပွဲတွေတိုင်း အရေးမလှဖြစ်နေချိန် အရပ်ဘက်အဆောက်အအုံများကိုပါ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်တိုက်ခိုက်မယ်လို့ စစ်ကောင်စီဟာ ပါးစပ်က ထုတ်ပြောလာရတဲ့အထိ ကြောက်ကန်ကန်လာနေပြီ ဖြစ်ပါတယ်။ သို့ပေမဲ့လို့ ဒီ့မတိုင်ခင်ကတည်းက ဖက်ဆစ်အုပ်စုဟာ သူတို့လုပ်ထုံးလုပ်နည်းအတိုင်း လူနေအိမ်နဲ့ ပြည်သူလူထုကို မီးရှို့၊ လေယာဥ်နဲ့ ဗုံးကြဲခြင်းနဲ့သာ ယုတ်မာခဲ့တာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး စတင်မှ ပြုမူလာတာမဟုတ်ပါဘူး။
အရပ်သားအများအပြားသေဆုံးရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ရေးအရ တုံ့ပြန်ခြင်းလို့ ဖက်ဆစ်တပ်က လျှာအရိုးမရှိတဲ့အတိုင်း လိမ်ချင်တိုင်း လိမ်လည်ကာ အကြောင်းပြလေ့ရှိပါတယ်။
အာဏာသိမ်းပြီးနောက် ဒေသအနှံ့မှ လက်နက်ကိုင်တော်လှန်သူများကို ဖိနှိပ်ဖြိုခွင်းရာမှာ ဖက်ဆစ်တပ်က အရပ်ဘက်အဆောက်အအုံများသာမက ဘာသာရေးအဆောက်အအုံများကိုပါ ပစ်ခတ်ဖျက်ဆီးလေ့ရှိပါတယ်။ အရပ်သားအများအပြားသေဆုံးရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ရေးအရ တုံ့ပြန်ခြင်းလို့ ဖက်ဆစ်တပ်က လျှာအရိုးမရှိတဲ့အတိုင်း လိမ်ချင်တိုင်း လိမ်လည်ကာ အကြောင်းပြလေ့ရှိပါတယ်။
ဖက်ဆစ်အုပ်စုဟာ ဘာသာရေးအဆောက်အအုံတွေဖြစ်တဲ့ ဘုန်းကြီးကျောင်းလို၊ ဓမ္မာရုံတွေမှာ၊ လူနေရပ်ကွက်တွေနဲ့ နီးကပ်တဲ့ စာသင်ကျောင်းတွေမှာ ပေါ်ပေါ်ထင်ထင် အခိုင်အမာ တပ်စွဲခြင်း ပြုလာနေပြီဖြစ်ပါတယ်။ အာဏာသိမ်းခါစက မြို့ပေါ်ကို ဖက်ဆစ်တပ်တွေ ဝင်စီးတဲ့ပုံအတိုင်း ပြန်လုပ်လာတာ ဖြစ်ပါတယ်။ မြို့ပေါ်က တချို့တပ်ရင်းတွေမှာ မိသားစုတွေကို မထားတော့ဘဲ လူနေရပ်ကွက်တွေထဲ ရွှေ့ပြောင်းနေကြတာမျိုး ရှိလာတယ်။ တပ်ရင်းရဲ့ အနီးဝန်းကျင်မှာရှိတဲ့ ဓါတ်ဆီဆိုင်ကို ရွှေ့ပြောင်းခိုင်းတာမျိုးတွေ လုပ်လာပါတယ်။ ပစ်ခတ်ထိခိုက်မှုကြောင့် အလွယ်တကူ ပေါက်ကွဲပြီး သူတို့သေတွင်း ဖြစ်သွားမှာစိုးရိမ်ပူပန်လို့ ဖြစ်ပါတယ်။
ဖက်ဆစ်အုပ်စုဟာ သူတို့အပေါ် အလိုမတူတဲ့ ပြည်သူကြားထဲကို အတင်းအဓမ္မ တိုးဝင်လာနေကြပြီ ဖြစ်ပါတယ်။ ပြည်သူကို ကာကွယ်ဖို့တော့ အလျဥ်းမဟုတ်ပါဘူး။ ပြည်သူကို တံတိုင်းလုပ်ဖို့သာလျှင် ဖြစ်ပါကြောင်း။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တော်တော်များများက စာသင်ကျောင်းတွေမှာ တပ်စွဲထားလို့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေဟာ ပူပန်နေကြရပါတယ်။ အနီးဝန်းကျင်မှာ နေထိုင်နေကြတဲ့ ပြည်သူလူထုဟာ စိုးတထိတ်ထိတ်နဲ့ ရင်ဆိုင်နေကြရပါတယ်။ ဖက်ဆစ်အုပ်စုဟာ သူတို့အပေါ် အလိုမတူတဲ့ ပြည်သူကြားထဲကို အတင်းအဓမ္မ တိုးဝင်လာနေကြပြီ ဖြစ်ပါတယ်။ ပြည်သူကို ကာကွယ်ဖို့တော့ အလျဥ်းမဟုတ်ပါဘူး။ ပြည်သူကို တံတိုင်းလုပ်ဖို့သာလျှင် ဖြစ်ပါကြောင်း။ အောက်ပါကဗျာလေးနဲ့ သတိရှိကြဖို့ အသိပေးလိုက်ရပါတယ်။
"... နွေဦးအသံ
လမ်းကြောင်းမှန်၍
တုံ့ပြန်မူရာ
ရှိကြလာလိမ့်
ဘယာစိုးနှောင့်
သူခိုးပမာ
ရောက်လာသည်ကား
လူကြားတိုးဝှေ့
ပြုလေ့ရှိသော နည်းလမ်းသာ။ ..."
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။