Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရွှေဘိုမှာ ကင်းလှည့်ထွက်လာတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ဦး ပွဲချင်းပြီး သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာကနေ ကင်းလှည့်ထွက်လာတဲ့ စစ်သားတွေကို ချုံခိုတိုက်ခိုက်ခဲ့ရာ (၃)ဦး ပွဲချင်းပြီး သေဆုံးကြောင်း သိရပါတယ်။


နိုဝင်ဘာ (၃၀)ရက်နေ့က ပလိုင်းရွာစာသင်ကျောင်း အထိုင်ချ စစ်တပ်က စစ်သား (၁၅)ဦးတို့ ကင်းလှည့် ထွက်လာရာ PDF ကင်းပုန်းတွေနား ရောက်ရှိလာတာကြောင့် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း War Lord Defense Force-Shwe Bo က သတင်းထုတ်ပြန်ပါတယ်။


“PDF တွေ မုတ်ဆိတ်ပျားစွဲတယ်ဆိုတာ အဲဒါမျိုးပေါ့။ PDF ကင်းပုန်းတွေနဲ့ တည့်တည့် လာတိုးတော့ PDF တွေက လက်ဦးမှု ရှိရှိနဲ့ တိုက်လိုက်နိုင်တာ။ ကယောင်ကတမ်းနဲ့ ပြန်ပစ်ကြတာ။ စစ်ကူလာတော့ PDF တွေ အသာစီးနဲ့ လစ်ရော”လို့ နယ်ခံပကဖ ရဲဘော်တစ်ဦးက ပြောပါတယ်။


အထိနာသွားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး ပလိုင်းရွာက စစ်သားတွေ စစ်ကူ ရောက်လာတာကြောင့် PDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်ခဲ့ကြောင်း သိရပါတယ်။


အဲဒီတိုက်ခိုက်မှုကို War Lord Defense Force PDF B4-C2 ၊ Guardian Force PDF B4-C1 ၊ Snake Eyes PDF B4-C-3၊ တောဗိုလ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နယ်ခံပကဖတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။


~~~~~~~~~~~ 

ကိုငြိမ်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။