Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

လွတ်လမ်း ဘယ်မမြင် (OPINION)

ဟေ့ကောင် အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ..။


မင်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မိုက်မိုက်ကန်းကန်း အာဏာသိမ်းခဲ့တယ်။ အခု ၃ နှစ်နီးပါးကြာမြင့်သည့်တိုင် မင်းရဲ့ အာဏာသိမ်းမှုဟာ လုံးဝ မအောင်မြင်ခဲ့တဲ့အပြင် နိုင်ငံရော၊ ပြည်သူတွေရဲ့ လူမှု၊ စီးပွား၊ ဘဝတွေရော အလုံးစုံပျက်သုဥ်းရေးဆီကို ဦးတည်နေပြီလေ။ အဲဒါကို မင်းက မိုက်မဲစွာနဲ့ ဇွတ်အတင်းလျှောက်လှမ်းနေဆဲ။ မင်းလောက် ယုတ်မာရိုင်းစိုင်းတဲ့သူ တို့နိုင်ငံသမိုင်းမှာ မင်းတစ်ယောက်သာရှိတယ်လို့ မှတ်တမ်းတင်ရဆတာ့မယ်ထင်ပါရဲ့။ အဲဒါ မင်းရဲ့ မြော်မြင်မှုနည်းပါးတာနဲ့ ရူးသွပ်မှုတွေကြောင့်ပေါ့ကွာ။

 

အဲဒီလိုကောင်က နိုင်ငံရဲ့သမ္မတရာထူးကို မျှော်မှန်းပေမဲ့ နောက်ဆုံး ကြိုးစင်ပေါ်သာရောက်ရတော့မယ်ဆိုတဲ့ရလဒ်ဟာ တကယ်တော့ မဆန်းကျယ်လှပါဘူး။ ထိုက်တန်ရာ၊ ထိုက်တန်ရာလို့ပဲ ပြောရတော့မယ်ပေါ့ကွာ။


ဘာမဆိုလုပ်ရဲတယ် ဆိုပြီး အာဏာသိမ်းပြီးကာစ မင်းပြောခဲ့တဲ့စကားအရ မင်းဘယ်လောက် အမြော်အမြင်နည်းပါးတယ်၊ ရူးသွပ်တယ်ဆိုတာ ဆဝါးမိပါရဲ့။ အဲဒီလိုကောင်က နိုင်ငံရဲ့သမ္မတရာထူးကို မျှော်မှန်းပေမဲ့ နောက်ဆုံး ကြိုးစင်ပေါ်သာရောက်ရတော့မယ်ဆိုတဲ့ရလဒ်ဟာ တကယ်တော့ မဆန်းကျယ်လှပါဘူး။ ထိုက်တန်ရာ၊ ထိုက်တန်ရာလို့ပဲ ပြောရတော့မယ်ပေါ့ကွာ။


ကြည့်လေကွာ။ ပထမဆုံး မင်းအာဏာသိမ်းတော့ ပြည်သူတွေက ဘဏ်မှာရှိတဲ့ သူတို့ငွေတွေကို ထုတ်ယူကြတယ်။ အဲဒါကို ဘဏ်စနစ်ပြိုလဲယိမ်းယိုင်သွားတာ ပြည်သူတွေက ငွေတွေထုတ်ကြလို့ဆိုပြီး ပြည်သူတွေကို အပြစ်တင်တယ်။ ဘာဆိုင်လဲကွ။ သူတို့အပ်နှံထားတဲ့ သူတို့ကိုယ်ပိုင်ငွေတွေပဲဟာ။ ထုတ်ချင် ထုတ်ကြလိမ့်မယ်ပေါ့။ ဘာလို့ထုတ်ကြသလဲဆိုတော့ မင်းတို့ကို အယုံအကြည်မရှိကြလို့ပါပဲ။ အဲဒီကတည်းက မင်းတို့အနေအထားကို ကိုယ့်ဟာကိုယ် နားလည်ထားသင့်ကြတာပေါ့ကွာ။ ဒါပေမဲ့ မင်းတို့က ပြည်သူ့အားထက် လက်နက်အားကို ယုံကြည်ကြသူတွေကိုးကွ။

 

 ၂၀၂၁ လူငယ်မျိုးဆက်တွေက အာဏာရှင်လက်ထဲက အာဏာကို တောင်းယူနေရုံနဲ့ ရမှာမဟုတ်ဘူး၊ ဆုပ်ကိုင်ထားကြတဲ့လက်တွေကို ဖြတ်ယူမှရမယ်လို့ နားလည်ထားကြတယ်။ နားလည်ထားသလို လက်တွေ့လည်း ကျင့်သုံးလာကြတယ်။

 

ဒါ့ပြင် လက်နက်မဲ့ပြည်သူတွေကို လက်နက်နဲ့ပစ်သတ်ပြလိုက်ရင် ဒူးထောက်သွားကြလိမ့်မယ်လို့ ထင်မှတ်ထားခဲ့တာကိုး။ ဒါပေမဲ့ ၁၉၈၈ ပြည်သူအနေအထားနဲ့ ၂၀၂၁ ပြည်သူအနေအထားအရွေ့ကို မင်းတို့ နားမလည်နိုင်ခဲ့ကြဘူး။ ၂၀၂၁ လူငယ်မျိုးဆက်တွေက အာဏာရှင်လက်ထဲက အာဏာကို တောင်းယူနေရုံနဲ့ ရမှာမဟုတ်ဘူး၊ ဆုပ်ကိုင်ထားကြတဲ့လက်တွေကို ဖြတ်ယူမှရမယ်လို့ နားလည်ထားကြတယ်။ နားလည်ထားသလို လက်တွေ့လည်း ကျင့်သုံးလာကြတယ်။ ဒါကြောင့်လည်း ချင်းပြည်နယ် မင်းတပ်ကစတင်လိုက်တဲ့ တူမီးပစ်ဖောက်သံဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို အရှိန်အဟုန်ပြင်းပြင်း ကူးဆက်သွားတာပေါ့။


PDFလူငယ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဆီသွားပြီး စစ်အတွေ့အကြုံတွေ သင်ကြားကြတယ်။ အဲဒီမှာ ဖက်ဒရယ်ပြည်ထောင်စုစိတ်ဓာတ်တွေ ပေါင်းစည်းမိသွားကြပေါ့။ ပြည်ထောင်စုစိတ်ဓာတ်တွေ ပေါင်းစည်းသွားတာနဲ့ ပြည်ထောင်စုအတွက် အဟန့်အတား၊ ဆူးငြောင့်ခလုတ်ဖြစ်နေတဲ့ စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးကြီးဟာ မလွဲမသွေ ပေါ်ပေါက်ခဲ့ရတာပ။ အဲဒီမှာ မင်းတို့ကတော့ PDF အမြစ်ပြတ်ရေးဆိုပြီး ရွာစဥ်လှည့် ဓားပြတိုက်၊ လူသတ်၊ မီးရှို့ကြတော့တယ်။ ပြည်သူတရပ်လုံးဟာ PDF ဘက်တော်သား၊ စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေး ဘက်တော်သားတွေ ဖြစ်ကုန်ကြတဲ့အကျိုးဆက် ဖြစ်ထွန်းကုန်တာပ။


ခုတော့ဖြင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က မင်းတို့ရဲ့ စခ စခန်း ၁၅၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့အပြင် မြို့တချို့ကိုပင် သိမ်းပိုက်ထားနိုင်ခဲ့ပြီ။ စစ်ကိုင်းတိုင်းထဲက ခမ်းပတ်၊ ကောလင်းမြို့တွေကိုလည်း သိမ်းပိုက်လိုက်ပြီ။ ချင်းပြည်နယ်မှာလည်း ရိဒ်မြို့နဲ့ စခ စခန်းတွေ ထိန်းချုပ်ထားနိုင်ပြီ။ ကရင်နီပြည်နယ်မှာဆိုရင် မြို့တော်လွိုင်ကော်တောင် တည်းတည်းလေးကျန်တော့တာမဟုတ်လား။ ကရင်ပြည်နယ်မှာဆို မြို့တွေလောက်သာကျန်ရှိတော့ပြီး နယ်မြေတစ်ခုလုံး လက်လွှတ်လိုက်ရပြီမဟုတ်လား။ ဟော ရခိုင်ပြည်နယ်ကလည်း နယ်စပ်စခန်းတွေ သိမ်းပိုက်လိုက်ပြန်ပြီ။ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့မှာလည်း တော်လှန်ရေးတွေ ဆက်တိုက် ဖြစ်ပွားနေတော့တာလေ။

 

မင်းက ပြည်သူတွေကိုလည်း ရန်သူလိုသဘောထားတယ်။ မင်းတို့ရဲ့ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလမ်းကြောင်းကို အမေရိကန်နိုင်ငံက သွေးထိုးလှုံ့ဆော်ပြီး ဖျက်ဆီးနေတယ်လို့ စွပ်စွဲပြန်တယ်။ 


အဲဒီမှာ AA ဦးစီးချုပ် ထွန်းမြတ်နိုင်က တရုတ်နိုင်ငံကသာကူညီတယ်ဆိုရင် နေပြည်တော်ကိုတောင် သိမ်းပြီးလောက်ရေပေါ့လို့ပြောနေချိန်မှာ မင်းကတော့ တကယ့်ကို အမြော်အမြင်နည်းပါးစွာနဲ့ လူစုလေးမဖြစ်စလောက်နဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့ရယ်၊ တရုတ်နိုင်ငံသံရုံးရှေ့တွေမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသတဲ့လေ။ ဆင်ပြောင်ကြီးကို ဖြုတ်ကိုက်သလိုပ။ အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ ရေ။ အဲဒီအတွက် အကျိုးဆက်အနေနဲ့ ဆင်ကျီစားရာ ခွေးမခံသာဖြစ်လိမ့်မယ်ကွ။


ပြောရရင် မင်းက ပြည်သူတွေကိုလည်း ရန်သူလိုသဘောထားတယ်။ မင်းတို့ရဲ့ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလမ်းကြောင်းကို အမေရိကန်နိုင်ငံက သွေးထိုးလှုံ့ဆော်ပြီး ဖျက်ဆီးနေတယ်လို့ စွပ်စွဲပြန်တယ်။ အခု တရုတ်နိုင်ငံကိုလည်း ဆန္ဒပြပြန်ပြီ။ ရုရှားကိုအားကိုးပြီး ရူးမိုက်နေလေရော့လား။ ဒီမှာ၊ ရုရှားက မင်းစကားထက် တရုတ်ရဲ့စကားကို အလေးအနက်ထားပေလိမ့်မယ်ဆိုတာ မျှော်ခေါ် မတွေးမိလေရော့သလား။ ကုလသမဂ္ဂမှာ တရုတ်နဲ့ရုရှားရဲ့ ဖေးမမှုသာမရှိရင်တော့ မင်းအနေနဲ့ မြေကြီးခံလို့သာပေါ့၊ မြေကြီးမခံရင် ငရဲထိကျသွားနိုင်တယ်ဆိုတဲ့ကိန်း။

 

သာသနာ့နယ်မြေတွေကို ဖျက်ဆီးကြတယ်။ ဆေးရုံလည်း ချန်မထားဘူး။ စာသင်ကျောင်းတွေကိုလည်း တိုက်ခိုက်ကြတယ်ဆိုပြီး သူခိုးကလူဟစ်မယ်ပေါ့လေ။ ဒါပေမဲ့ ဒီအချိန်မှာ မင်းတို့ဘာပြောပြော ပြည်သူတွေက မယုံကြည်ကြတော့ဘူး။


ခုတော့ မင်းက မြို့တွေကို ခံစစ်အနေနဲ့ သာသနာ့နယ်မြေ၊ ဆေးရုံ၊ စာသင်ကျောင်းတွေမှာ အကာအကွယ်ယူပြီး ပြင်ဆင်နေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်။ မင်းက ဘာမဆိုလုပ်ရဲ့တဲ့သူဆိုတော့ ယုတ်မာမှာ အမှန်ပါပဲ။ လွိုင်ကော်၊ ထီးချိုင့်၊ ကောလင်း၊ တန့်ဆည်တို့မှာ အဲဒီဖြစ်ရပ်တွေက သက်သေဖြစ်ခဲ့ပြီမဟုတ်ပါလား။ သာသနာ့နယ်မြေတွေကို ဖျက်ဆီးကြတယ်။ ဆေးရုံလည်း ချန်မထားဘူး။ စာသင်ကျောင်းတွေကိုလည်း တိုက်ခိုက်ကြတယ်ဆိုပြီး သူခိုးကလူဟစ်မယ်ပေါ့လေ။ ဒါပေမဲ့ ဒီအချိန်မှာ မင်းတို့ဘာပြောပြော ပြည်သူတွေက မယုံကြည်ကြတော့ဘူး။ ပြည်သူတွေယုံကြည်မှုကင်းမဲ့တော့ မင်းတို့ဟာ အကြမ်းဖက်သမားတွေဖြစ်သွားပေါ့။

 

လက်ရှိအချိန်မှာတော့ မင်းတို့ကို ပြည်သူတွေက လက်နက်ချမလား၊ အသေခံကြမယ်လားဆိုတာ ရာဇသံပေးနေကြပြီ။ 


ဒီမှာ၊ မင်းက တစ်ပြည်လုံးကို မီးလောင်တိုက်သွင်းပြစ်မယ်လို့ ကြုံးဝါးခဲ့ဖူးတယ်နော်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ မင်းတို့ကို ပြည်သူတွေက လက်နက်ချမလား၊ အသေခံကြမယ်လားဆိုတာ ရာဇသံပေးနေကြပြီ။ မင်းလည်းပြောခဲ့ဖူးပါတယ်။ အသက်ထက် ဘာမှ တန်ဖိုးမရှိဘူးဆိုတာလေ။ အဲဒါကိုတော့ မင်းရဲ့စခတွေက လိုက်နာကြသားပဲဟ။ တစ်ယောက်ချင်း အလင်းဝင်လိုက်ကြ၊ အဖွဲ့လိုက် အလင်းဝင်လိုက်ကြ၊ တပ်ဖွဲ့တစ်ခုလုံးလိုက်လည်း အလင်းဝင်လာကြပါလား။ သူတို့လည်း ခုတော့ နိုင်ငံနဲ့လူမျိုးကောင်းစားရေးအတွက် တိုက်ပွဲဝင်နေကြရတာမဟုတ်။ မင်းနဲ့ စစ်အာဏာရှင်လူတစ်စုကောင်းစားရေးအတွက် တိုက်ပွဲဝင်နေကြရတယ်ဆိုတာ နားလည်သဘောပေါက်သွားကြပြီလေ။ ဒီတော့ မင်းအနေနဲ့ဘပြည်သူကို မီးလောင်တိုက်သွင်းဖို့ထက် ထွက်ပြေးမလား၊ ကြိုးစင်တက်မလားဆိုတဲ့လမ်းကို ရွေးချယ်နေရပြီမဟုတ်ပါလား။


ခုတော့ဖြင့် အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ ရေ။ မင်းအနေနဲ့ နိုင်ငံကိုဦးဆောင်ချင်ရင် နိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူပါဝင်ပူးပေါင်းရေး၊ စစ်ရေး။ အဖက်ဖက်က ပြည့်စုံမှ ဦးဆောင်နိုင်မယ်ဆိုတာ သဘောပေါက်နားလည်လောက်ပြီ ထင်တာပါပဲ။ သဘောမပေါက်လည်း ကျောပေါက်ဖို့ပဲ ရှိတော့တာပ။ အေးလေ မင်းရဲ့ဦးနှောက်နဲ့တော့ ကျောပေါက်ဖို့ ရာခိုင်နှုန်းများလိမ့်မယ်ထင်ပါရဲ့။

 

မင်း အာဏာသိမ်းတာ သုံးနှစ်ပြည့်တော့မယ့်အချိန်ထိ မင်းကို လူရာသွင်းဆက်ဆံတာ ဘယ်နိုင်ငံရှိလဲ ပြော။ အကျပ်အတည်းဖြစ်နေတဲ့ ရုရှားကတောင် အားနာပေါင်းဆက်ဆံနေတဲ့အဆင့်။ စီးပွားရေးကလည်း ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နဲ့ ဖွတ်တောင် မိအောင်မဖမ်းနိုင်တဲ့အနေအထား။


ဟုတ်တယ်လေကွာ။ မင်း အာဏာသိမ်းတာ သုံးနှစ်ပြည့်တော့မယ့်အချိန်ထိ မင်းကို လူရာသွင်းဆက်ဆံတာ ဘယ်နိုင်ငံရှိလဲ ပြော။ အကျပ်အတည်းဖြစ်နေတဲ့ ရုရှားကတောင် အားနာပေါင်းဆက်ဆံနေတဲ့အဆင့်။ စီးပွားရေးကလည်း ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နဲ့ ဖွတ်တောင် မိအောင်မဖမ်းနိုင်တဲ့အနေအထား။ အခု တရုတ်၊ အိန္ဒိယ နယ်ခြားဒေသတွေပိတ်သွားတော့ နူပါတယ်ဆိုမှ ဝဲကထပ်စွဲလိုက်သေးဆိုသလို ဖြစ်သွားရော။ ပြည်သူပါဝင်ပူးပေါင်းရေးကတော့ ခုဆို ဘောမတွေကတောင် စွန့်ခွာနေကြပြီ။ ငါးထောင်စား တပ်ထောက်ခံတဲ့သူတွေကလည်း ခေတ်ကုန်စျေးနှုန်းအရ ၂သောင်းရမှတဲ့ဗျား။


ကိုင်း မင်းတို့ကျွမ်းကျင်လှပါတယ်ဆိုတဲ့ စစ်ရေးကလည်း ပုစွန်လုံးလက်မညှပ်တော့မယ့်အနေအထား ရောက်နေပြီ။ မင်းတို့ရဲ့လည်မြိုကို ဘယ်အချိန်မှာ ညှပ်မိမလဲဆိုတာ စောင့်သာနေကြပေတော့။ တို့အထင်တော့ နှစ်တောင် ကူးလောက်တော့မယ် မထင်ပါဘူး။ ဒီတော့ မင်းတို့အနေနဲ့ အချိန်မီ ထွက်ပြေးချင် ထွက်ပြေးကြပေရော့။ နို့မဟုတ်ရင်တော့ တစ်ယောက်ပြီးတစ်ယောက် ကြိုးစင်တက်ဖို့သာ တန်းစီကြပေရော့။


နွေဦးတော်လှန်ရေး မုချအောင်တော့မယ်။

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။