အရှိန်အဟုန်ပြင်းစွာနဲ့ ထိုးစစ်ဆင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တဲ့အချိန်မှာ ရှမ်းမြောက်ဒေသက အကြမ်းဖက်စစ်အုပ်စုရဲ့ စခန်းပေါင်း ၂၂၆ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်။ စခန်းသိမ်းပွဲတွေ၊ မြို့သိမ်းပွဲတွေနဲ့အတူ တောင်ပုံရာပုံ စစ်သား အလောင်းတွေကိုလည်းမြင်ရ၊ သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ တင့်ကားနဲ့ သံချပ်ကာကား ၁၂ စီး၊ သိမ်းဆည်းမိခဲ့တဲ့ အတွဲလိုက်ပစ်ဒုံးနဲ့ တွဲလျက်ယာဉ်၂စီး၊ လက်နက်မျိုးစုံလည်း မနည်းလှ။
အထိနာတာနဲ့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက် နောက်ပြန်တစ်ချက်မလှည့် ပြေးလိုက်မယ်ဟဲ့ ဆိုတဲ့ စစ်သားတွေလည်း ဖုန်ထလို့။ တိုက်ပွဲအတွင်း အလံဖြူထောင် လက်နက်ချ၊ အသေမခံနိုင်ဘူးဆိုတဲ့ စစ်သားတွေလည်း မနည်းလှသလို တပ်ရင်းနဲ့ချီ မိသားစုတွေပါ အပါခေါ်ကာ လက်နက်တွေနဲ့တကွ ပြည်သူ့ရင်ခွင်ဝင်ကြသူတွေကလည်း သွေးပျက်နေတဲ့ မင်းအောင်လှိုင် ရင်ဝကို အပ်နဲ့ ထပ်ဆွနေသလိုပါပဲ။
မြို့တစ်မြို့သိမ်းဖို့ မပြောနဲ့၊ စခန်းတစ်ခုသိမ်းဖို့တောင် မလွယ်ဘူးဆိုတဲ့ ဒေါင်ဒေါင်မြည် တပ်မတော်ကြီးဆိုတာက အခု မင်းအောင်လှိုင်လက်ထက်လည်း ရောက်ရော နာရီဝက်တောင် မကြာဘဲ အသိမ်းခံလိုက်ရတဲ့ စခန်းတွေတောင် ရှိခဲ့ပါပြီ။
၁၉၆၂ ခုနှစ်က စခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ သက်တမ်းအလျှောက် အခုလောက်အခြေအနေရဲ့ ၁၀၀ ပုံ ၁ ပုံ လောက်တောင် ဆိုးရွားတာမျိုး ရှိခဲ့ပုံမပေါ်ပါဘူး။ မြို့တစ်မြို့သိမ်းဖို့ မပြောနဲ့၊ စခန်းတစ်ခုသိမ်းဖို့တောင် မလွယ်ဘူးဆိုတဲ့ ဒေါင်ဒေါင်မြည် တပ်မတော်ကြီးဆိုတာက အခု မင်းအောင်လှိုင်လက်ထက်လည်း ရောက်ရော နာရီဝက်တောင် မကြာဘဲ အသိမ်းခံလိုက်ရတဲ့ စခန်းတွေတောင် ရှိခဲ့ပါပြီ။
ဘယ်နှယ့်လုပ်မလဲဆိုတော့ လုပ်စရာက လုပ်နေကျအတိုင်း လေယာဉ်နဲ့ ဗုံးကြဲ၊ လက်နက်ကြီးနဲ့ ပစ်။ အဲဒီ လို လုပ်တတ်သလို ဗုံးကြဲနေ၊ လက်နက်ကြီးနဲ့ ပစ်နေတဲ့ကြားထဲကပဲ ပြုတ်ပြုတ်ပြုန်းနေလေတော့ အခုအချိန်လောက်ဆို အခြေအနေမကောင်းရင် ပြေးရမယ့်နေရာ စစ်ဗိုလ်ချုပ်တွေ တိုးတိုးတိတ်တိတ် ကြိတ်ရှာနေလောက် ပြီလို့တောင် ထင်ရ။ မင်းအောင်လှိုင်က အာဏာသိမ်းရတာ သိပ်လွယ်တယ်လို့ ထင်ခဲ့တဲ့ အမှားက စစ်တပ်တစ်ခုလုံးကို ချောက်ထဲ မကျကျအောင် တွန်းချနေရုံတင်မက စစ်အာဏာရှင်ဟောင်းတွေကိုပါ သေတွင်းထဲ တွန်းပို့နေသလိုပါပဲ။
၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တဲ့ နိုဝင်ဘာ ၂၇ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်မယ့် စစ်ဆင်ရေး Nationwide Operation အဖြစ် နောက်တစ်ဆင့် တက်ဖို့ အသင့်ဖြစ်နေပြီလို့ မြောက်ပိုင်းသုံးဖွဲ့က ထုတ်ပြန်ခဲ့တယ်။
မင်းအောင်လှိုင်က နေပြည်တော်ကျည်ကာမှန်ခန်းထဲကနေ လက်သီးလက်မောင်းတန်းနေပေမဲ့ ရှမ်းမြောက်က အသိမ်းခံထားရတဲ့ စခန်းလေး တစ်ခုကိုတောင် ပြန်မသိမ်းနိုင်တာ အထင်အရှားပါပဲ။
ဘယ်လောက်အတိုင်းအတာထိ ဆက်အရှိန်မြှင့်နိုင်မလဲဆိုတာ မပြောနိုင်သေးပေမဲ့ လက်ရှိအနေအထားက ရှမ်းမြောက်မှာ ကိုးကန့် MNDAA၊ တအောင်းတပ်မတော် TNLA နဲ့ PDF ကို မော်ကြည့်လို့မရအောင် ရှုံးနိမ့်နေတာ ငြင်းမရပါဘူး။ မင်းအောင်လှိုင်က နေပြည်တော်ကျည်ကာမှန်ခန်းထဲကနေ လက်သီးလက်မောင်းတန်းနေပေမဲ့ ရှမ်းမြောက်က အသိမ်းခံထားရတဲ့ စခန်းလေး တစ်ခုကိုတောင် ပြန်မသိမ်းနိုင်တာ အထင်အရှားပါပဲ။
အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်တို့မှာ စခန်းသိမ်းနိုင်ခဲ့ကြောင်းသတင်းတွေ မ တွေ့ရပေမဲ့ စစ်တပ်ဘက်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကိုသာ ရင်ဆိုင်နေရတာပါ။နေပြည်တော်နဲ့ သိပ်မဝေးတဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲကို စစ်တပ်ဘက်က အလူးအလဲခုခံနေရသလို လွိုင်ကော်မြို့ရဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားလည်း လုံးဝပျက်သွားပြီဖြစ်ပါတယ်။ ကရင်နီပူးပေါင်းတပ်ဟာ လွိုင်ကော်မြို့ကို ကာထားတဲ့ မြို့ပြင်က စစ်တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လွိုင်ကော်မြို့တွင်း ဆက်လက်ထိုးစစ်ဆင်နေသလို လွိုင်ကော်မြို့ကို ရအောင်သိမ်းမယ်လို့ ကရင်နီပူးပေါင်းတပ်က ပိုင်းဖြတ်ထားပြီးဖြစ်တာကြောင့် သိပ်မကြာမီ သွေး လေခြောက်ခြားနေတဲ့ စစ်ဗိုလ်ချုပ်တို့ရဲ့ မျက်နှာကို မြင်တွေ့ရဖွယ်ရှိပါတယ်။
တူမီးနဲ့ ခုခံတော်လှန်စစ်စခဲ့တဲ့ ချင်းပြည်နယ်မှာဆိုရင် နိုဝင်ဘာ ၁၃ ရက်နေ့က အိန္ဒိယ-မြန်မာ နယ်စပ် ရိခေါဒါရ်မြို့ကို ချင်းပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သလို လိုင်လဲန်းပီမြို့ကိုလည်း နိုဝင်ဘာ ၂၄ ရက်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၉ ရက်မှာတော့ ချင်းပြည်နယ်အတွင်း တတိယမြောက်မြို့အဖြစ် မတူပီမြို့နယ်၊ ရေဇွာမြို့ကို ချင်းပူးပေါင်းတပ်က ထပ်မံသိမ်းပိုက်ခဲ့သလို စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို နိုဝင်ဘာ ၂၂ ရက်ကတည်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကရင်၊ မွန်နဲ့ တနင်္သာရီဒေသတွေမှာ လတ်တလော အလုံးအရင်းနဲ့ ထိုးစစ်ဆင်နိုင်ခြင်းမရှိသေးပေမဲ့ သိပ်မကြာခင်အချိန်အတွင်း အနည်းဆုံး ကရင်ပြည်နယ်အတွင်း အားကောင်းတဲ့ တိုက်ပွဲတွေ မြင်ရမယ်လို့ ထင်ရပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ ဒီနေ့အထိ မြန်မာ့အရေးအာဆီယံ မူ ၅ ရပ်ကိုသာ တင်းတင်းဆုပ်ကိုင်ကာ မြန်မာပြည်ကြီး မီးဟုန်းဟုန်းတောက်နေတာကို မသိချင်ယောင်ဆောင်နေ ကြဆဲပါပဲ။
စစ်ဆင်ရေးစတင်နေပြီဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ AA ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ ရှမ်းမြောက်လောက် အား ကောင်းနိုင်ခြေနည်းပေမဲ့ စစ်တပ်ဟာ ရခိုင်စစ်မျက်နှာမှာ အင်အားတွေ ပုံထားရတာကို လျှော့ချလို့ မရပါဘူး။
အဲဒီလို အပြိုင်ထိုးစစ်တွေကြောင့် စစ်အုပ်စု မျက်ဖြူဆိုက်လာတဲ့ အခြေအနေမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ရပ်တည်ချက်က ဘယ်လိုရှိပါသလဲ။ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ ဒီနေ့အထိ မြန်မာ့အရေးအာဆီယံ မူ ၅ ရပ်ကိုသာ တင်းတင်းဆုပ်ကိုင်ကာ မြန်မာပြည်ကြီး မီးဟုန်းဟုန်းတောက်နေတာကို မသိချင်ယောင်ဆောင်နေ ကြဆဲပါပဲ။
NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ရာမှာ အာဆီယံနဲ့ သီး ခြား တွေ့ဆုံဆွေးနွေးခြင်းကလွဲလို့ တရားမဝင်အကြမ်းဖက်စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ဆိုသူတွေအပါအဝင် မည်သူနဲ့မျှ မည်သည့်နေရာ၊ မည်သည့်အချိန်မှာမှ တွေ့ဆုံဆက်ဆံခြင်း လုံးဝ မရှိဘူးလို့ ဆိုပါတယ်။
အာဆီယံအသင်းကြီးကတော့ သူတို့ရဲ့မြန်မာ့အရေး တီထွင်ဖန်တီးချက် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မရမနေ တင်သွင်းချင်တာကြောင့်ပဲလား။ နိုဝင်ဘာ ၂၀ ကနေ ၂၂ ရက်အထိ ဂျကာတာမှာ မြန်မာ့အရေး ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း အဲဒီဆွေးနွေးပွဲကို NUG အစိုးရ၊ ဒီမိုကရေစီလိုလားတဲ့အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်အုပ်စုရဲ့ ကြားခံတစ်ဆင့်လူ တွေ တက်ရောက်ခဲ့ကြောင်း မကြာမီအချိန်အတွင်း အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အပြုသ ဘော ဆောင်တဲ့ အလားအလာရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ ခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ချက်ချင်းဆိုသလိုပဲ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ရာမှာ အာဆီယံနဲ့ သီး ခြား တွေ့ဆုံဆွေးနွေးခြင်းကလွဲလို့ တရားမဝင်အကြမ်းဖက်စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ဆိုသူတွေအပါအဝင် မည်သူနဲ့မျှ မည်သည့်နေရာ၊ မည်သည့်အချိန်မှာမှ တွေ့ဆုံဆက်ဆံခြင်း လုံးဝ မရှိဘူးလို့ ဆိုပါတယ်။
လက်ရှိအာဆီယံဥက္ကဌ အင်ဒိုနီးရှားက မြန်မာ့အရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အသီးသီးနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုအပေါ် တစ်စုတစ်စည်းတည်း တွေ့ဆုံသယောင်နဲ့ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ်လာသလို ထုတ်ပြန်ချက်က ကိုယ်ဖြစ်ချင်သလို မရမက ဖြစ်စေချင်ဇောနဲ့ ဇွတ်အတင်း ပုံဖော်နေတာလားလို့ မေးခွန်းထုတ်ရပါမယ်။
ပြောရရင် လက်ရှိအာဆီယံဥက္ကဌ အင်ဒိုနီးရှားက မြန်မာ့အရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အသီးသီးနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုအပေါ် တစ်စုတစ်စည်းတည်း တွေ့ဆုံသယောင်နဲ့ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ်လာသလို ထုတ်ပြန်ချက်က ကိုယ်ဖြစ်ချင်သလို မရမက ဖြစ်စေချင်ဇောနဲ့ ဇွတ်အတင်း ပုံဖော်နေတာလားလို့ မေးခွန်းထုတ်ရပါမယ်။ဒါ့အပြင် အင်ဒိုနီးရှားရဲ့ထုတ်ပြန်ချက်က စစ်ဆင်ရေးအားကောင်းနေတဲ့အချိန် တော်လှန်ရေးအင်အားစုတွေကြား သံသယတွေနဲ့ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တာကြောင့် NUG အစိုးရက ချက်ချင်းဆိုသလို ပြန်လည်ဖြေရှင်းရခြင်း ဖြစ်ပါတယ်။
နောက်ထပ်မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာက တရုတ်အစိုးရက မြန်မာ့အရေး သဘောထားပဲဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်အစိုးရရဲ့ မီးစိမ်းပြမှုကြောင့် တာထွက်လာတာဆိုတဲ့ မှတ်ချက်တချို့လည်း ရှိနေပါတယ်။ အဲဒီမှတ်ချက်ကို နောက်တစ်လှမ်းတိုး စဉ်းစားမယ်ဆိုရင် တရုတ်အစိုးရက မီးနီပြတဲ့အချိန် ၁၀၂၇ စစ်ဆင်ရေး ရပ်သွားမယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီမှတ်ချက်ကို နောက်တစ်မျိုး အဓိပ္ပါယ်ဖွင့်ရရင် ညီနောင် ၃ ဖွဲ့ဟာ တရုတ်ကြိုးဆွဲရာ ကနေရတဲ့ အဖွဲ့အစည်းလို့ ပြောလိုက်သလိုပါပဲ။
တရုတ်အစိုးရက အွန်လိုင်းငွေလိမ်ဂိုဏ်းကိစ္စ စစ်အုပ်စုအပေါ် မကျေနပ်လို့ ပုံစံပေးလိုတာ ကြောင့် ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပေါ်လာတယ်ဆိုရင် ညီနောင် ၃ ဖွဲ့က သာ သီးခြားဖော်ဆောင်တဲ့ အကန့်အသတ်ရှိတဲ့ စစ်ဆင်ရေးမျိုးသာ ဖြစ်လာစရာအကြောင်းရှိပါတယ်။ NUGအစိုးရ၊တခြား တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ ချိတ်ဆက် ဖော်ဆောင်တဲ့ နောက်ဆက်တွဲစစ်ဆင်ရေးတွေ ပေါ်လာစရာအကြောင်းမရှိပါဘူး။ပြီးတော့ ရှမ်းမြောက်နဲ့ အဝေးကြီး မှာရှိနေတဲ့ ရခိုင်ပြည်နယ်မှာလည်း စစ်ဆင်ရေး စတင်စရာအကြောင်းမရှိပါဘူး။
ဒါကိုပဲ စစ်အုပ်စုဟာ သူတို့ရဲ့ လမ်းဘေးစပီကာတွေဖြစ်တဲ့ စစ်ကျွန်မျိုးချစ်တွေကနေတစ်ဆင့် တရုတ်အစိုးရက ညီနောင် ၃ ဖွဲ့ အပေါ်အခြေပြုကာ ကျူးကျော်စစ်ဆင်နွှဲတယ်။ ညီနောင် ၃ ဖွဲ့နဲ့ PDF တွေကို တရုတ်အစိုးရက လက်နက်ထောက်ပံ့ပါတယ်လို့ ပြောင်ပြောင်တင်းတင်း စွပ်စွဲလိုက်ပါတယ်။
တစ်ဖက်မှာလည်း စစ်ပွဲတွေကြောင့် သူတို့ရဲ့ အကျိုးစီးပွားထိခိုက်မှာ လုံးဝမလိုလားပါဘူး။ပြီးတော့ နွေဦးတော်လှန်ရေးအပေါ် တရုတ်အစိုးရက ဘယ်တုန်းကမှ မထောက်ခံခဲ့ဘဲ ဟိုလိုလိုဒီလိုလိုသာ ရပ်တည်ခဲ့တာပါ။
နိုင်ငံတကာစင်မြင့်တွေမှာ သူများနိုင်ငံရဲ့ ပြည်တွင်းရေးကို ဘယ်တော့မှ ဝင်မစွက်ဘူးလို့ မကြာခဏဆို သလို ပြောလေ့ရှိတဲ့ တရုတ်အစိုးရဟာ စစ်အုပ်စုရဲ့ အဲဒီစွပ်စွဲချက်အပေါ် အမျက်ထွက်မှာအသေအချာပါပဲ။တခြား တစ်ဖက်မှာလည်း စစ်ပွဲတွေကြောင့် သူတို့ရဲ့ အကျိုးစီးပွားထိခိုက်မှာ လုံးဝမလိုလားပါဘူး။ပြီးတော့ နွေဦးတော်လှန်ရေးအပေါ် တရုတ်အစိုးရက ဘယ်တုန်းကမှ မထောက်ခံခဲ့ဘဲ ဟိုလိုလိုဒီလိုလိုသာ ရပ်တည်ခဲ့တာပါ။တရုတ်အစိုးရရဲ့ မြန်မာ့အရေးရပ်တည်ချက်က စားပွဲဝိုင်းပေါ်မှာ မြန်မြန်ညှိ မြန်မြန်ပြီးကြ မြန်မြန် တည်ငြိမ်ကြဆိုတာသာဖြစ်ပြီး မြန်မာပြည်သူတို့ရဲ့ လိုအင်နဲ့ အနာဂတ်အထိ လိုက်စဉ်းစားပေးတာမျိုးမရှိပါဘူး။
ပြောရမယ်ဆိုရင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဆိုတဲ့ နွေဦးတော်လှန်ရေး ရည်မှန်းချက်နဲ့ ချွန်မြနေ တဲ့ဒီနေ့ စစ်ဆင်ရေးတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းဆီကနေ ကူညီမှုတစ်စုံတစ်ရာရဖို့ မလွယ်ပါဘူး။ ကိုယ့်ဒူး ကိုယ်ချွန် ဆက်လက်ရွက်လွင့်ရဦးမှာ အသေအချာပါပဲ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။