Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မုံရွာမြို့အနီး တောပုရွာအစပ်မှာ ကင်းစောင့်ရင်း သောက်စားနေတဲ့ ပျူတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး ရှိ တောပုရွာအစပ်မှာ ကင်းစောင့်ရင်း သောက်စားနေတဲ့ ပျူစောထီးတွေကို လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။


နိုဝင်ဘာ (၂၇)ရက်၊ ည (၇)နာရီ (၁၅)မိနစ်လောက်က တောပု ပျူစောထီးရွာအစပ်မှာ ပျူစောထီးတွေ သောက်စားမူးယစ်နေစဉ် ၆၀(မမ)လက်နက်ကြီးနဲ့ (၁၅)လုံး ပစ်ခတ်ခဲ့ကြောင်း Area 71 PDF Monywa  ကသ တင်းထုတ်ပြန်ပါတယ်။


“ည၁၀နာရီကျော်လောက် တောပုရွာထဲကို ကားတစ်စီးဝင်သွားပြီး ချက်ချင်းပြန်ထွက် သွားတယ်လို့ ပြောကြတယ်။ အဲဒါကြောင့် လက်နက်ကြီးထိတဲ့ ပျူတွေကို မုံရွာစစ်ဆေးရုံပို့ဖို့ လာခေါ်တာလို့လည်း ခန့်မှန်းကြတယ်။


ဘယ်လောက်သေသလဲ၊ ထိသလဲဆိုတာကိုတော့ PDF တွေတောင် မသိလောက်ဘူး” လို့ မုံရွာမြို့ထိပ်နေ ဒေသခံတစ်ဦးက ပြောပါတယ်။


PDF တွေက လက်နက်ကြီးနဲ့ ပစ်ခတ်နေစဉ် မုံရွာမြို့အထွက် စွမ်းရည်ထက် စစ်တပ်ဂိတ် ကနေ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ PDF တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။


တောပုပျူစောထီးရွာမှာ ဒေသခံတွေ မနေကြတော့တာကြာပြီ ဖြစ်ပြီး ပျူစောထီးနဲ့ စစ်သားတွေသာ စခန်းချ နေထိုင်နေကြပါတယ်။


လက်နက်ကြီးနဲ့ ပစ်ခတ်မှုမှာ  Area 71 PDF Monywa ရဲ့ အမျိုးသမီး ရဲဘော်တွေလည်း ပါဝင်ပြီး Youth Vigor Revlution Force၊ မုံရွာ ခရိုင်တပ်ရင်း(၁၁)၊ တပ်ခွဲ(၃)Royal Alliance (RA)၊ ANYAR DEFENSE FORCE (ADF)နဲ့ YOTH REVOLUTION DEFENCE FORCE တို့ ပူးပေါင်း ဆင်နွှဲခဲ့ကြတာပါ။


~~~~~~~~~~

နိုင်ကြီး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။