NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံက ကမကထပြု ကျင်းပခဲ့ရာမှာ စစ်အုပ်စုဘက်က ကြားခံတစ်ဆင့်လူတွေ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
မြန်မာ့အရေးဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ နိုဝင်ဘာ (၂၀)ရက်ကနေ (၂၂)ရက်အထိ ကျင်း ပခဲ့ပြီး မကြာမီအချိန်အတွင်း အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေး အတွက် အပြုသဘောဆောင်တဲ့ အလားအလာရှိကြောင်း အင်ဒိုနီးရှားက ပြောပါတယ်။
အဲဒီဆွေးနွေးပွဲဟာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့၊ အကြမ်းဖက်မှုတွေ လျှော့ချဖို့နဲ့ ပဋိပက္ခဒဏ်ခံ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လုံလုံခြုံခြုံနဲ့ ပေးအပ်နိုင်ဖို့ ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။
“နွေဦးတော်လှန်ရေးအင်အားစုအားလုံးရဲ့ တောင်းဆိုမှုက စစ်တပ်က ရွေးကောက်ခံအစိုးရရဲ့ လက်အောက်ခံအနေနဲ့ နေပါမယ်လို့ ကတိပြု။ အဲဒါနဲ့တင် မလုံလောက်သေးဘူး။ အခု အာဏာသိမ်းခဲ့တာတွေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရာဇဝတ်မှုကျူးလွန်တာတွေနဲ့ ပတ်သက်တဲ့သူတွေကို ဥပဒေနဲ့အညီ အပြစ်ပေးဖို့လည်း လိုပါမယ်။
ဆိုလိုတာက အင်ဒိုက ဘယ်လိုပြောပြော ဒီဆွေးနွေးပွဲကနေ နောက်ထက်ခြေလှမ်းတွေ လှမ်းနိုင်ဖို့ ရာခိုင်နှုန်း နည်းပါတယ်” လို့ နိုင်ငံရေးဆောင်းပါးရှင် တစ်ဦးက ပြောပါတယ်။
အကြမ်းဖက် စစ်အုပ်စုကလည်း NUG အစိုးရ အပါအဝင် သူတို့သတ်မှတ်ထားတဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘူးလို့လည်း ပြောထားပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။