စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရဲစခန်းကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ စခန်းမှူးအပါအဝင် ၁၆ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သိရပါတယ်။
ရွှေပန်းကုံးရဲစခန်းကို နိုဝင်ဘာ ၂၁ ရက်က စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနိုင်ခဲ့ပြီး စစ်အုပ်စုဝင် ၃ ဦးသေဆုံးကာ လက်နက်ငယ် ၃၁ လက်၊ ကျည်မျိုးစုံ ၆၄၀၀ ကျော်၊ လက်ပစ်ဗုံး ၃၂ လုံး၊ မိုင်း ၆ လုံး၊ ကျည်အိမ် ၃၈ ခု၊ ကျပ် ၉ သိန်းကျော်နဲ့ ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း အမှတ် (၁) စစ်ဒေသက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ဂျက်ဖိုက်တာ ၁ စင်းနဲ့ ဗုံးကြဲပစ်ကူခဲ့ပြီး Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ တည်တောရွာကို ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
အဲဒီတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ပါတယ်။ ရွှေပန်းကုံးရွာရဲစခန်း တိုက်ခိုက်မှုကို အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးရဲ့ ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေ၊ ဝက်လက်မြို့နယ် ပကဖ၊ လှတောတိုက်နယ် ပကဖ၊ ရွှေပန်းကုံးတိုက်နယ် ပကဖနဲ့ ရွာသာကြီးတိုက်နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။