Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြန်မြန်အလင်းဝင်ကြ၊ များများ အလင်းဝင်ကြ (OPINION)

မနက်ခင်း အိပ်ရာကနိုးလာတယ်ဆိုရင်ပဲ ဒီမိုကရေစီပြည်သူအများစုရဲ့ ပထမဆုံးလုပ်ငန်းဆောင်တာ မှာ လိုင်းပေါ်တက်ကာ နောက်ထပ်စခန်းဘယ်နှစ်ခုသိမ်းလိုက်ပြီလဲ ဆိုတဲ့ သတင်းကို လှန်လှောကြည့်ခြင်းပဲ ဖြစ်ပါတယ်။ပြည်သူတို့နိုင်ချင်ကြတယ်။အောင်ပွဲခံချင်ကြတယ်။အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ယုတ်မာမှု အောက်က ဖြစ်နိုင်ရင် အခုချက်ချင်း လွတ်မြောက်ချင်ကြတယ်။

 

အဲဒီစိတ်အဟုန်က သိပ်ကြီးစိုးနေလေတော့ တော်လှန်ရေးအင်အားစုတို့ရဲ့ အောင်ပွဲခံသတင်း၊စစ်သား တွေ အသေများရင် များသလို Like ပေးလိုက်ကြတာမှ ဝေဝေဆာဆာ။စခန်းသိမ်းတိုက်ပွဲနဲ့မြို့သိမ်းတိုက်ပွဲ သ တင်းတွေ ကြားရပြီဆို ပြည်သူတွေ လက်သီးလက်မောင်းတန်းလို့။နေရပ်စွန့်ခွာ ပြည်သူတွေကလည်း အိမ် ပြန်ရမယ့်ရက်နီးလာပြီလို့ သူတို့လူမှုကွန်ရက်ပေါ် ပို့စ်တင် ကာ တက်ကြွနေကြတယ်။

 

၆၀ ဆိုတာက ကိုယ့်ဘက်က ၆၀။နွေဦးတော်လှန်ရေးရဲ့ နိုင်ခြေ ၆၀ အဆင့်။၆၀-၄၀အပေါ် အ ထောက်အထားခိုင်မာစွာနဲ့ ပြန်လည်ငြင်းချက်ထုတ်တာမျိုး မကြားရ။

 

အရင့်အရင်က ၅၀-၅၀ နဲ့ ရှေ့မတိုး နောက်မဆုတ် အီလည်လည်ဖြစ်နေရာကနေ ၁၀၂၇ စစ်ဆင် ရေးက တလူလူလွင့်လာတဲ့ အောင်လံနဲ့အတူ လှည့်ပြောင်းပစ်ခဲ့တယ်။ကျနော်တို့ မကြားခဲ့ဖူးတဲ့ ထိုးစစ်ဆိုတာ ကို ၁၀၂၇ စစ်ဆင်ရေးကနေ စတင်ကြားခဲ့ရတယ်။၅၀-၅၀ ကနေ ၆၀-၄၀ ဆိုတဲ့အသံတချို့ကိုလည်း ကြားလာ ရ တယ်။၆၀ ဆိုတာက ကိုယ့်ဘက်က ၆၀။နွေဦးတော်လှန်ရေးရဲ့ နိုင်ခြေ ၆၀ အဆင့်။၆၀-၄၀အပေါ် အ ထောက်အထားခိုင်မာစွာနဲ့ ပြန်လည်ငြင်းချက်ထုတ်တာမျိုး မကြားရ။

 

၁၀၂၇စစ်ဆင်ရေးမတိုင်ခင်က စခန်းသိမ်းတိုက်ပွဲဆိုတာ ကြားရခဲသလို သိမ်းနိုင်တဲ့စခန်းဆိုလည်း ခဏ တာတက်သိမ်း၊မီးရှို့ပြီး ပြန်ခဲ့ကြတာများပါတယ်။အခု ၁၀၂၇စစ်ဆင်ရေး ကျမှသာ စခန်းသိမ်းတယ်ဆို တာ အ ပြီးအပြတ်သိမ်းခြင်းမျိုးဖြစ်တယ်။ပြီးတော့ တော်လှန်ရေးအင်အားစုတွေ သိမ်းထားတဲ့မြို့တွေကို ဒီနေ့ အထိ သိမ်းထားနိုင်တာ မင်းအောင်လှိုင်ရဲ့ ရင်ဝကို ပေါက်ဆိန်နဲ့ ခုတ်နေသလိုပါပဲ။

 

မိတ်ဆွေ သတင်းသမားတစ်ဦးကတော့ စစ်တပ်စခန်းတွေကို ကိုးကန့်MNDAA နဲ့ တအောင်းတပ်မ တော် TNLA တို့က နေ့စဉ်သိမ်းနေလေတော့ စခန်းသိမ်းတယ်ဆိုတာ သိပ်မထူးဆန်းတော့သလိုတောင်ဖြစ်နေ ပြီး သာမန်သတင်းမျှသာဖြစ်တော့ကြောင်း ရယ်ရယ်မောမောနဲ့ ပြောလိုက်သေးတယ်။

 

စစ်ဆင်ရေးတွေက ပိတ်ထားသမျှ တံခါးတွေကို ဆက်တိုက် ဆောင့်တွန်းဖွင့်လိုက်သလို အောင်ပွဲတွေ အလီလီ ရနေတာမို့ ကစဉ့်ကလျားသေဆုံးနေတဲ့ စစ်သားတွေလည်း တော်တော်များလာတာတွေ့ရတယ်။ 

 

စစ်ဆင်ရေးတွေက စီးရီးလိုက်ကို ချီတက်လာကြတယ်။ပထမ ၁၀၂၇စစ်ဆင်ရေး။ဆက်တိုက်ဆိုသလို KIAနဲ့PDF တို့ရဲ့ မြောက်ပိုင်းစစ်ဆင်ရေး။အဲဒီနောက် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ၁၀၂၇စစ်ဆင်ရေးကို ထောက်ခံ ကူပံ့ပေးတဲ့ တိုက်ပွဲတွေ မနည်းလှ။နိုဝင်ဘာ၁၁ရက်ရောက်တော့ ဒီနွေဦးမှာ ကျော်ကြားလှတဲ့ က ရင် နီ တော်လှန်ရေးအင်အားစုတွေရဲ့ ၁၁.၁၁ စစ်ဆင်ရေး။ပြီးတော့ တစ်ဆက်တည်းမှာပဲ ရခိုင်ပြည်နယ်အ တွင်း AAရဲ့ ထိုးစစ်။ပြောရရင် ကရင်၊မွန်နဲ့တနင်္သာရီဒေသတွေမှာ အားရစရာကောင်းတဲ့ နေရာစုံအပြိုင်ထိုး တဲ့ စစ်ဆင်ရေးမျိုး မတွေ့ရသေးတာကလွဲလို့ မြန်မာနိုင်ငံတစ်ဝန်း စစ်ဆင်ရေးတို့ဟာ နိုင်ငံတကာမီဒီယာတချို့က အလေးထားဖော်ပြတဲ့အထိ အထင်ကြီးလောက်ဖွယ် ရလဒ်တို့ ထွက်ပေါ်နေတာ အသေအချာတွေ့လာရ တယ်။

 

စစ်ဆင်ရေးတွေက ပိတ်ထားသမျှ တံခါးတွေကို ဆက်တိုက် ဆောင့်တွန်းဖွင့်လိုက်သလို အောင်ပွဲတွေ အလီလီ ရနေတာမို့ ကစဉ့်ကလျားသေဆုံးနေတဲ့ စစ်သားတွေလည်း တော်တော်များလာတာတွေ့ရတယ်။ တိုက်လိုက်တိုင်းအနိုင်ရလဒ်ဆိုတာ မရှိသလောက်ရှား၊သေပန်းတွေသာ အစွမ်းကုန်ပွင့်နေတာမို့ အထိနာတာနဲ့ ပြေးကြမယ်ဆိုတာလည်း စစ်သားတွေကြားခေတ်စားလာပုံပါပဲ။ပြေးတော့ ဘာဖြစ်သလဲ၊အာဏာရူးနေတဲ့ စစ် ဗိုလ်ချုပ်တွေအ တွက် ငါတို့အသက်တွေ ပေးရတာ ထိုက်တန်ရဲ့လားဆိုတဲ့ စစ်တပ်တွင်း မေးခွန်းထုတ်သံတွေ တိုးတိုးကြိတ်ကြိတ်ထွက်ပေါ်လာပြီလို့လည်းထင်ရပါတယ်။

 

ကချင်ပြည်နယ်ရှေ့တန်းရောက်နေတဲ့ သုံးပွင့်ဗိုလ်တစ်ဦးကို သူ့မိန်းမက အသေတော့မခံနဲ့၊အခွင့်ရ တာနဲ့ ထွက်ပြေးတော့ ကျမတို့ ကိုယ့်ဘာသာရပ်တည်လို့ရကြောင်း ပြီးခဲ့တဲ့လက လှမ်းတိုက်တွန်းနေသတဲ့။ မိတ်ဆွေတစ်ဦးရဲ့ ပြောပြချက်ကို တစ်ဆင့်ပြန်ကြားရ။အဲဒီလိုဗိုလ်မိန်းမတွေရော ဘယ်လောက်တောင်များနေ ပြီလဲ ထပ်အတွေးဆန့်ချင်စရာကောင်းလှ။

 

ဗုံးလာကြဲပေးမယ့်လေယာဉ်က လေပေါ် တက်သွားပြီ လို လို၊အခုပဲ ရောက်လာတော့မှာလိုလိုနဲ့ လိမ်လည်ကာ တောင့်ခံထားကြဖို့ချည်း မိန့်မှာ။ နောက်ဆုံးတော့ အဲဒီဒုရဲအုပ် လည်း ကျည်ဆန်ရာဗရပွနဲ့ သေ၊စခန်းလည်းကျ၊ဘယ်လေယာဉ်မှ ရောက်မလာ။

 

မကြာသေးမီအချိန် ဂန့်ဂေါမြို့နယ်၊မင်းရွာရဲစခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့စဉ်က အသံဖိုင် အများပြည်သူ ပလက်ဖောင်းပေါ်တက်လာတော့ ကိုယ့်လူကိုယ် အသေခံထိုးကျွေးရဲတဲ့ စစ်အုပ်စုရဲ့ စရိုက်ဆိုး ရှင်းရှင်းပေါ် လာ တယ်။အဲဒီရဲစခန်းက ဒုရဲအုပ်တစ်ဦးက အခြေအနေမကောင်းလို့ လေကြောင်းပစ်ကူ ပေးဖို့ သူ့အဘဆီ ဖုန်းနဲ့ အကူအညီတောင်းခံနေတဲ့ အသံဖိုင်။သူတို့အဘတွေက သူတို့စစ်သားနဲ့ရဲတွေ အခြေအနေမကောင်း နေမှန်းသိ လျက် စခန်းစွန့် ဆုတ်ခွာကြဖို့ တစ်ခွန်းမဟ။ဗုံးလာကြဲပေးမယ့်လေယာဉ်က လေပေါ် တက်သွားပြီ လို လို၊အခုပဲ ရောက်လာတော့မှာလိုလိုနဲ့ လိမ်လည်ကာ တောင့်ခံထားကြဖို့ချည်း မိန့်မှာ။ နောက်ဆုံးတော့ အဲဒီဒုရဲအုပ် လည်း ကျည်ဆန်ရာဗရပွနဲ့ သေ၊စခန်းလည်းကျ၊ဘယ်လေယာဉ်မှ ရောက်မလာ။ အဲဒီလို အသေခံ တိုက် နေရ တဲ့ စစ်သားနဲ့ရဲတွေ သေတော့မယ်ဆိုတာ သိလျက် သူတို့အဘတွေက သူတို့အသက်မဟုတ်တော့ ရက်ရက် စက်စက် လိမ်လည် ထိုးကျွေးချက်က ကမ်းကုန်။

 

နောက်ထက်ဖြစ်စဉ်တစ်ရပ်က လွိုင်ကော်တက္ကသိုလ်ဝန်းတိုက်ပွဲ။နိုဝင်ဘာ၁၃ရက်ညမှာ တိုက်ပွဲဖြစ်။ ၁၄ရက်နေ့ မနက်၁၀နာရီခွဲလောက်ကျတော့ တက္ကသိုလ်ဝန်းထဲက ခမ၄-၄၂၅နဲ့ ခမရ-၆ ရဲ့ တပ်ရင်းမှူးတွေ ရော ဒုတပ်ရင်းမှူးတွေပါ တိုက်ပွဲကျ။ဆက်လက်ဦးဆောင်သူ ခမရ-၆ တပ်ခွဲမှူး ဗိုလ်ကြီးကောင်းမြတ်ကိုက စစ်ကူခေါ်ပေမဲ့ ညနေ ၃နာရီအထိ စစ်ကူရောက်မလာ။တက္ကသိုလ်ဝန်းထဲ အကောင်းပကတိကျန်တဲ့စစ်သား ဆိုလို့ ၄ယောက်သာ ရှိတော့တယ်တဲ့။အဘ တွေက မင်းတို့သေလိုက်တော့ဆိုပြီး လုံးဝစွန့်ပစ်လိုက်တဲ့ သ ဘော။နောက်ဆုံးတော့ သေလမ်းကိုငြင်းကာ လက်နက်ချလိုက်တယ်။လက်နက်ချဗိုလ်ကြီး ကောင်းမြတ်ကို က အခုအချိန်မှာ ကိုယ့်အဖွဲ့အစည်း(စစ်တပ်)ကောင်းလား၊မကောင်းဘူးလားဆိုတာ စဉ်းစားသင့်နေပြီ လို့ သူ လို အသေခံတိုက်နေရတဲ့ တပ်ထဲက စစ်သားတွေကို ပြောလိုက်တယ်။

 

သူတို့ထက် အမျှော်အမြင်ကြီးတဲ့ လောက်ကိုင်အခြေစိုက် ခမရ-၁၂၉ တပ်ရင်းမှူးကတော့ အလကား နေရင်း အသေခံပြီး စစ်တွေဘာတွေ လျှောက်တိုက်မနေ။နိုဝင်ဘာ၁၂ရက်မှာ တပ်ရင်းတစ်ရင်းလုံးနဲ့ မိသား စုဝင်အားလုံးပါ စုစုပေါင်း ၂၆၂ဦး ကိုးကန့်တပ်မတော်MNDAA မှာ အလင်းဝင်လိုက်တယ်။

 

လောက်ကိုင်ကို MNDAA တပ်တွေ ပတ်လည်ဝိုင်းထားတဲ့အနေအထားမှာ ခံတိုက်မယ်ဆိုရင်ရော စစ် ကူတွေလာနိုင်ပါ့မလား။ခမရ-၁၂၉ တပ်ရင်းမှူးက သူ့အဘတွေကို ယုံပုံမပေါ်။ဒါ့ကြောင့် သူ့စစ်သားတွေ ရော မိသားစုဝင်တွေကိုပါ အလကားနေရင်း အသေမခံနိုင်။အဲဒီတပ်ရင်းမှူးရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်က စစ်အာဏာရှင်တွေလက်ထက် တပ်ရင်းလိုက် မိသားစုဝင်တွေပါ ပြည်သူ့ရင်ခွင်ဝင်တာ ပထမဆုံးအကြိမ်အ ဖြစ် သမိုင်းဝင်သွားမယ်လို့ ထင်ပါတယ်။

 

နိုဝင်ဘာ၂၁ရက်မနက်က မကွေးတိုင်း၊ချောက်မြို့ပေါ်က သခင်ဖိုးလှကြီးရုပ်ထုရှေ့ ချိတ် ဆွဲသွားတဲ့ ဗီနိုင်းက “အဘအတွက် အသေခံမလား၊ပြည်သူထံ အလင်းဝင်မလား မင်းတို့ရွေး”လို့ရေးထားတဲ့ ဗီနိုင်း ချိတ်ဆွဲ။

 

အဲဒီလို စစ်ဆင်ရေးတွေနဲ့အပြိုင် အလံဖြူထောင်တာတွေ၊ပြည်သူ့ရင်ခွင်ဝင်တာတွေ အုံလိုက်ကျင်း လိုက်ဖြစ်လာတော့ PDF အားကောင်းတဲ့ ဒေသတွေမှာပါ စစ်သားနဲ့ရဲ အလင်းဝင်ကြဖို့ ဖိတ်ခေါ်တာ ခပ် စိပ်စိပ်လုပ်လာတယ်။နိုဝင်ဘာ၂၁ရက်မနက်က မကွေးတိုင်း၊ချောက်မြို့ပေါ်က သခင်ဖိုးလှကြီးရုပ်ထုရှေ့ ချိတ် ဆွဲသွားတဲ့ ဗီနိုင်းက “အဘအတွက် အသေခံမလား၊ပြည်သူထံ အလင်းဝင်မလား မင်းတို့ရွေး”လို့ရေးထားတဲ့ ဗီနိုင်း ချိတ်ဆွဲ။ ချောက်မြို့နယ်အတွင်းရှိ စစ်သားနဲ့ ရဲ တို့ကို နောက်ဆုံးအကြိမ် အဖြစ် ရွေးချယ်ခွင့်ပေး လိုက်ခြင်းဖြစ် ကြောင်း Chauk Guerilla Force က ဆိုတယ်။

 

တချို့မြို့နယ်တွေကျတော့ စစ်သားတွေ၊ရဲတွေနဲ့အုပ်ချုပ်ရေးဝန်ထမ်းတွေတင်မက Non CDM ဝန် ထမ်းအားလုံး ပြည့်သူ့ရင်ခွင်ဝင်ဖို့အထိ တောင်းဆိုလာကြတယ်။စစ်အုပ်စု အုပ်ချုပ်မှုအာဏာသက်ရောက်နေ သေးတဲ့ မြို့ငယ်တွေက Non CDM ဝန်ထမ်းတွေထဲ အမှန်တကယ်CDM လုပ်ချင်တဲ့ဝန်ထမ်းများစွာရှိပေမဲ့၊ ပြောင်းပြေးစရာမြေမရှိသူတွေ၊စားစရာအကျပ်အတည်းတွေ့နေသူတွေကျ စွန့်စားဖို့ရာ မဝံ့ကြဘူးလို့ အပြော အဆိုတွေကိုလည်း ကြားရပါတယ်။

 

စကားစပ်လို့ ဆက်ပြောရရင် လတ်တလောမှာ ဘယ်သူကမှ CDMလုပ်ဖို့ ဖိအားပေးခြင်းမခံရတဲ့အုပ်စု တစ်စုကလည်း အတည် ပေါက်ရှိနေတုန်းပါပဲ။အဲဒါကတော့ စစ်အုပ်စုအလိုကျ ဝါဒဖြန့်ပေးနေတဲ့ အဘကြိုက် မီဒီယာအုပ်စုပဲဖြစ်ပါတယ်။ အဲဒီအုပ် စုဝင် တချို့က NLDအစိုးရလက်ထက်မှာ မြွေဟောက် တစ်ကောင်လို အမောက်တထောင်ထောင်နဲ့ ရဲရဲ တောက်မီဒီယာဆိုပြီး လက်သီးလက်မောင်း တန်းဆတ်ဆတ်ထိ မခံခဲ့သ လောက် မအောင် မြင် တဲ့ အာဏာသိမ်းပွဲနောက်ပိုင်း ကစလို့ ဒီနေ့ထိတိုင် အဘတို့အလိုကျ၊အဘ တို့ငြူစူမှာ ကြောက် လွန်းလို့ အဘ တို့ သတင်းတွေကို ဘယ်သူမှမ ဖတ်ပေမဲ့ အရှုံးခံထုတ်ဝေကာ ဝါဒဖြန့်။ နောက်ကွယ် မှာ လက်ဝါးချင်းရိုက် ထားတဲ့ အကျိုးစီးပွားတွေက ဘာလဲလို့ တစ်ချိန်မှာ ဖော်ထုတ်ကြရပါမယ်။တချို့ အဘ ကြိုက်မီဒီယာတွေကျ တော့ စစ်အုပ်စုလက်ဝေခံ၊စစ်အုပ်စု ထောက်ပံ့ကြေးနဲ့ ရပ်တည်နေ တယ်လို့ သံသယ ဖြစ် ဖွယ်ရာ၊ တည့်ကြီးကို ဝါဒဖြန့်ပေးနေတာတွေ့ရ။ဘယ်လိုကြောင့်ပဲ ဖြစ်ပါစေ၊စစ်အုပ်စုသတင်းတွေကို စစ်အုပ်စုအလိုကျဖော်ပြပေး နေတာ စစ်အာဏာရှင်ယန္တရားရဲ့ ပင်နယံတစ်ချောင်း မို့ တစ်ချိန်မှာ ကိုယ့်လုပ် ရပ် ကိုယ် ဥပဒေနဲ့အညီ တာဝန်ခံကြရပါမယ်။

 

ဒါ့ကြောင့် စစ်သားနဲ့ရဲတွေလိုပဲ အဘကြိုက်မီဒီယာတွေလည်း မြန်မြန်အလင်းဝင်ဖို့လိုပါတယ်။လတ် တလော ခေတ်အစားဆုံးသီချင်းတစ်ပုဒ်က ကိုယ့်အသက်နဲ့ကိုယ့်ဘဝကို နှမြောတတ်တယ်ဆိုရင် မြန်မြန်အ လင်း ဝင်ကြဆိုတာပါပဲ။မြန်မြန်အလင်းဝင် များများအလင်းဝင်ခြင်းဟာ ဒီမိုကရေစီမုခ်ဦးဆီ အရောက်မြန်စေ မယ့် တွန်းအားတစ်ရပ်မို့ ပြည်သူတို့ စိတ်ရှည်ရှည်ထား တံခါးဖွင့်ထားပါသေးတယ်။

 

ဟုတ်ကဲ့၊ပြည်သူတွေဟာ စိတ်ရှည်ရှည်ထားသလို မုန်းစလည်းရှည်တတ်တယ်ဆိုတာ သတိပြုကြဖို့ လိုပါမယ်။

 

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။