အကြမ်းမဖက်ဝါဒကို လက်ကိုင်ပြုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်တပ်အပေါ်အလျှော့ပေးဆက်ဆံခဲ့ပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့် တိုင်းပြည်မနာအောင် ကြိုးပမ်းခဲ့တဲ့ မျှော်လင့်ချက်တွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ရဲ့အာဏာသိမ်းမှုနဲ့အတူ အဟောသိကံ ဖြစ်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဘာကြောင့် ပြန်ပြောနေရသလဲဆိုရင် တော်လှန်ရေးအမြင်မရှင်းမှုပြဿနာတွေဟာ ဆင့်ကာဆင့်ကာ တိုးပွားလာ၊ ကြားလာရလို့ပါပဲ။
"အကယ်၍ စစ်တပ်က အာဏာသိမ်းခဲ့ရင် ပြည်သူလူထုကြီးက ငြိမ်ခံမနေဘဲ အစွမ်းကုန် တွန်းလှန်ကြပါ" လို့ စာသားပါ ဒေါ်အောင်ဆန်းစုကြည်လက်မှတ်ထိုးထားတဲ့ စာကို ဦးဝင်းထိန်သယ်ယူလာကာ အများသိအောင် ထုတ်ဖော်ထားပြီး ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီတွင်းက အရေးပါသူများကော၊ အခြား နိုင်ငံရေးပရောဟိတ်တွေကပါ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းမဖက်ဝါဒီ ဖြစ်တယ်၊ အခုနွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တော်လှန်မှုကို ဒေါ်အောင်ဆန်းစုကြည်ကတော့ သဘောတူမှာ မဟုတ်ဘူး စသဖြင့် ပြောဆိုဝေဖန်နေခြင်းကို လွဲမှားစွာနဲ့ နွေဦးတစ်လျှောက်လုံး ကြားနေရတယ်။ အာဏာသိမ်းစကတည်းက တစ်ယောက်တလေ ပြောလိမ့်နိုးနဲ့ စောင့်ကြည့်နေခဲ့ပေမဲ့ အချိန်လင့်သွားတာပဲရှိပြီး ဘယ်သူမှ တစ်လုံးတစ်ပါဒမျှ ပြောလာတာ မတွေ့ရဘူး။ တော်လှန်ရေး ၃ နှစ်သားအရွယ်ထဲ ဝင်လာချိန်မှာတော့ တော်လှန်ရေးအမြင်မရှင်းမှုဟာ အခြားသော NLD ပါတီကို ထောက်ခံ၀န်းရံသူတွေတင်မက CRPH, NUCC, NUG ထဲမှာပါ တွေ့လာရတော့ မပြောရင်မဖြစ်တော့တဲ့ အခြေဆိုက်လာတာကြောင့် ပြောရပါတော့မယ်။
"အကယ်၍ စစ်တပ်က အာဏာသိမ်းခဲ့ရင် ပြည်သူလူထုကြီးက ငြိမ်ခံမနေဘဲ အစွမ်းကုန် တွန်းလှန်ကြပါ" လို့ စာသားပါ ဒေါ်အောင်ဆန်းစုကြည်လက်မှတ်ထိုးထားတဲ့ စာကို ဦးဝင်းထိန်သယ်ယူလာကာ အများသိအောင် ထုတ်ဖော်ထားပြီး ဖြစ်ပါတယ်။ ဒီစာသားမှာပါတဲ့ "အစွမ်းကုန်" ဆိုတဲ့ စကားလုံးအရ အဓိပ္ပာယ်က ရှင်းလင်းနေပြီး ဖြစ်ပါတယ်။ ဒါကိုပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အန္တေဝါသိကတချို့က အစပိုင်းမှာ ၇၂ နာရီဂျင်းတွေ ထည့်ခဲ့တယ်၊ လက်နက်ကိုင်တော်လှန်မှဖြစ်တော့မယ်လို့ အသိရတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင်တော်လှန်ရေးကို လက်ခံမှာ မဟုတ်ဘူး စတဲ့ဂျင်းတွေထည့်ခဲ့တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဒါတွေဟာ ဘာကိုပြနေသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်အရောင်ကြောင့် ပါးပြောင်နေရတဲ့ NLD ပါတီတွင်းက နိုင်ငံရေးရေချိန်ကို ပြနေတာပဲ ဖြစ်ပါတယ်။
ပြည်သူတွေက သူတို့ရဲ့ ဒီမိုကရေစီ၊ ကိုယ်ပိုင်အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ခိုင်ခိုင်မာမာ ကာကွယ်နေတာသိရတဲ့အတွက် သူ အင်မတန်ဂုဏ်ယူပါတယ်တဲ့။ အထူးသဖြင့် လူငယ်တွေအတွက် အင်မတန်ဂုဏ်ယူတယ်လို့ ပြောပါတယ်။
လူပုဂ္ဂိုလ်ကိုးကွယ်သူတွေများနေပြီး ပါတီတည်ဆောက်ရေးမှာ အားနည်းခဲ့တဲ့ ပြဿနာ ဖြစ်ခဲ့ပါတယ်။ ဒီလိုအဖြစ်မျိုးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ကြိုက်နှစ်သက်မယ်လို့ မထင်ပါဘူး။
"ပြည်သူတွေက သူတို့ရဲ့ ဒီမိုကရေစီ၊ ကိုယ်ပိုင်အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ခိုင်ခိုင်မာမာ ကာကွယ်နေတာသိရတဲ့အတွက် သူ အင်မတန်ဂုဏ်ယူပါတယ်တဲ့။ အထူးသဖြင့် လူငယ်တွေအတွက် အင်မတန်ဂုဏ်ယူတယ်လို့ ပြောပါတယ်။ အပြင်မှာဖြစ်ပျက်နေတာ တော်တော်များများကို ထောင်ထဲမှာ သိရတယ်လေ။" ဒီစကားကို ပြန်ပြောပြသူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ပါမောက္ခမစ္စတာရှောင်တာနယ် ဖြစ်ပါတယ်။ သူကလည်း အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးထောင်ချခြင်းကို ရက်ပေါင်း ၆၅၀ ခံခဲ့ရပါတယ်။
တရားရင်ဆိုင်ရချိန် တစ်နှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နာရီပေါင်းများစွာတွေ့ဆုံခဲ့ရပါတယ်။ ဒီလိုတွေ့ရချိန်မှာ သိရတဲ့ နွေဦးတော်လှန်ရေးအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအနှစ်ချုပ်ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းပြတ်သားတဲ့ တော်လှန်ရေးအမြင် ဖြစ်ပါတယ်။ အဲဒါကိုပဲ တော်လှန်ရေးအလွန်ကာလမှာ ပြည်သူလူထုအသံကို အလေးထားဖို့ မေ့လျော့ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လာရင် ဘယ်သို့ဘယ်ချမ်းသာဖြစ်မယ်ဆိုတဲ့ ထင်မြင်ချက်ပေးနေကြတာဟာ အတော်ဆိုးရွားလှတဲ့ တော်လှန်ရေးအမြင်တွေ ဖြစ်ပါတယ်။ တော်လှန်ရေးအမြင် မရှင်းကြဘူးလို့ပဲ ဆိုလိုက်ချင်ပါတယ်။
လက်နက်အားကိုးတဲ့သူကို လက်နက်နဲ့ဖြေရှင်းမှဖြစ်မယ်လို့ ယုံကြည်လိုက်ကြလို့သာ လက်ရှိကြုံတွေ့နေရတဲ့ မြို့သိမ်းတိုက်ပွဲတွေထိ ဖြစ်လာရတာပါ။
နွေဦးတော်လှန်ရေးရဲ့ အသံဖြစ်တဲ့ "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" ဆိုတာ ပေလိုအထုခံနေရတဲ့ ပြည်သူလူထုရဲ့ အသံအစစ်ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေကြတဲ့ ပြည်သူလူထုကြီးကို ပြည်သူကို ကာကွယ်ရမယ့် စစ်တပ်ဆိုတာကြီးက အကြမ်းဖက်ဖိနှိပ်ကာ နှိမ်နင်းလိုက်ပါတယ်။ ဂျန်ဇီလူငယ်လေးတွေက စားပွဲဝိုင်းပေါ်မှာ ဖြေရှင်းလို့ရမယ့်ကိစ္စမဟုတ်တော့ဘူးဆိုတာကို ချက်ချင်း နားလည်လိုက်ကြပါတယ်။ လက်နက်အားကိုးတဲ့သူကို လက်နက်နဲ့ဖြေရှင်းမှဖြစ်မယ်လို့ ယုံကြည်လိုက်ကြလို့သာ လက်ရှိကြုံတွေ့နေရတဲ့ မြို့သိမ်းတိုက်ပွဲတွေထိ ဖြစ်လာရတာပါ။ ဒီနေရာမှာ အဓိကပြောလိုတာက လက်နက်ကိုင်လမ်းစဥ်ကို တွန်းပို့လိုက်သူဟာ အာဏာသိမ်းဖက်ဆစ်စစ်အုပ်စုပဲ ဖြစ်တယ်ဆိုတာပါပဲ။
ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို တော်လှန်ခဲ့သမျှရဲ့ အမြင့်ဆုံးရေချိန်ဖြစ်တဲ့ "စစ်အာဏာရှင် အမြစ်ပြတ်ပြီး၊ နိုင်ငံရေးမှာ ဝင်မစွက်ဖက်ရေး" ထိကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ အာဏာသိမ်းဖက်ဆစ်အုပ်စုရဲ့ အကြမ်းတမ်း အရက်စက်ဆုံး ဖိနှိပ်မှုကို ခံနေကြရတဲ့ ပစ္စက္ခအခြေအနေကိုလည်း ရင်ဆိုင်နေကြရပါတယ်။
လက်ရှိဖြတ်သန်းနေကြရတဲ့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးဟာ တစ်ဦးချင်းစီတိုင်းရဲ့ ပစ္စုပ္ပန်ကိစ္စ၊ အနာဂတ်ကိစ္စ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို တော်လှန်ခဲ့သမျှရဲ့ အမြင့်ဆုံးရေချိန်ဖြစ်တဲ့ "စစ်အာဏာရှင် အမြစ်ပြတ်ပြီး၊ နိုင်ငံရေးမှာ ဝင်မစွက်ဖက်ရေး" ထိကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ အာဏာသိမ်းဖက်ဆစ်အုပ်စုရဲ့ အကြမ်းတမ်း အရက်စက်ဆုံး ဖိနှိပ်မှုကို ခံနေကြရတဲ့ ပစ္စက္ခအခြေအနေကိုလည်း ရင်ဆိုင်နေကြရပါတယ်။ မကြားဝံ့မနာသာ ကြုံကြရတဲ့ ရက်စက်မှုအပေါင်းဟာ အနမတဂ္ဂများစွာပါ။ သည်လိုရက်စက်မှုဒဏ်ကို ခံရလွန်းလို့လည်း ပြည်သူလူထုရဲ့ ယုံကြည်ချက်က သံမဏိကဲ့သို့ မြဲမြံမာကျောခဲ့တာ ဖြစ်ပါတယ်။ ဖက်ဆစ်စစ်တပ်ကို ရင်ထဲအသည်းထဲက ခါးခါးသီးသီး မုန်းလာ ရွံလာကြတယ်။ အဲဒီခံစားချက်တွေက တိုင်းပြည်သစ်ဖြစ်လာစေမယ့် အဓိက တွန်းအား စေ့ဆော်မှုတွေ ဖြစ်လာခဲ့ပါတယ်။ ငါသေသွားလည်း ကျန်သူတွေ ခေတ်ကောင်းမှာ ရှင်ကျန်ရစ်စေတော့ဆိုတဲ့ စိတ်မျိုးထိ လူတိုင်းရင်ထဲမှာ ကိန်းဝပ်နေကြပြီ ဖြစ်ပါတယ်။
မြို့ကြီးပြကြီးနေလူထုကို ချောင်ပိတ်ရိုက်ဖို့ထိ ဖက်ဆစ်အုပ်စုဟာ ကြံစည်နေနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ မအလဖက်ဆစ်အုပ်စုဟာ တစ်တိုင်းပြည်လုံးကို တစ်ဆုံးထိ ဆွဲချသွားနိုင်ပါတယ်။ သူတို့ချုပ်ကိုင်ထားတဲ့ အာဏာနဲ့ အကျိုးစီးပွားကလွဲလို့ တိုင်းပြည်နဲ့ လူထုအပေါ် ဘယ်တုန်းကမှ စေတနာကောင်း မရှိခဲ့ပါဘူး။
အခုဆို ရှမ်းမြောက်၊ စစ်ကိုင်း၊ ကရင်နီ၊ ကရင်၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ မကွေး၊ ပဲခူး နေရာစုံမှာ စစ်တလင်း ဖြစ်နေပါပြီ။ ပြောရရင် လူနေထူထပ်တဲ့ မြို့ကြီးပြကြီးဆီ စစ်ဟာ မလွဲမသွေ ရောက်လာတော့မှာ ဖြစ်ပါတယ်။ အခက်ခဲဆုံး၊ အကြမ်းတမ်းဆုံး အခြေအနေတစ်ရပ်ကို နေရာမလပ် ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ မြို့ကြီးပြကြီးနေလူထုကို ချောင်ပိတ်ရိုက်ဖို့ထိ ဖက်ဆစ်အုပ်စုဟာ ကြံစည်နေနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ မအလဖက်ဆစ်အုပ်စုဟာ တစ်တိုင်းပြည်လုံးကို တစ်ဆုံးထိ ဆွဲချသွားနိုင်ပါတယ်။ သူတို့ချုပ်ကိုင်ထားတဲ့ အာဏာနဲ့ အကျိုးစီးပွားကလွဲလို့ တိုင်းပြည်နဲ့ လူထုအပေါ် ဘယ်တုန်းကမှ စေတနာကောင်း မရှိခဲ့ပါဘူး။ သူတို့ရှုံးလေ ပြည်သူကို မဲလေ ထုံးကို နှလုံးသွင်းပြီး ဖျက်ဆီးသွားမှာပါ။ ဖက်ဆစ်အုပ်စုဘက်က အတွင်းလှိုက်စား ပြိုကျလေလေ အောင်ပွဲရဖို့ အချိန်တိုလေလေ ဖြစ်ပါမယ်။ အဆုံးအရှုံး အနည်းဆုံးအခြေအနေနဲ့ ဖြတ်သန်းနိုင်ကြရင်တော့ အကောင်းဆုံးဖြစ်ခြင်းပေါ့။
အဓိကထားပြောလိုတာက တော်လှန်ရေးကာလတစ်လျှောက်လုံး ပါတီအရေးကိုပဲ တရွတ်တိုက်ဆွဲကာ ခေါင်းထဲထည့်ထားသူတွေမှာ တော်လှန်ရေးအမြင်ရှင်းကြဖို့ပါပဲ။ ထားရှိသင့်တဲ့ သဘောထားကို ပြောချင်ပါတယ်။ လက်ရှိရင်ဆိုင်ဖြတ်သန်းနေတဲ့ တော်လှန်ရေးအခင်းအကျင်းက ၁၉၉၀ ပြည့်လွန်ကာလတွေတုန်းကလို ရွေးကောက်ပွဲအနိုင်ရပါတီ အာဏာရရေးကို ကိုင်ဆွဲထားတဲ့ အခြေအနေနဲ့ မဟုတ်တော့ပါဘူး။ ၁၉၉၀ ပြည့်အလွန်က စစ်တပ်ကပေးမယ့် ဒီမိုကရေစီကို မျှော်လင့်ခဲ့ကြတာပါ။ နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်က “စစ်တပ်ကို နိုင်ငံပရဝုဏ်က အမြစ်နှုတ်ပယ်သတ်ရေး” ဖြစ်ပါတယ်။
ဖက်ဆစ်စစ်တပ်အမြစ်ပြတ်အောင်တိုက်ပြီး တိုင်းပြည်သစ်ပြန်လည်ထူထောင်မယ်ဆိုတဲ့ စိတ်တွေနဲ့ နွေဦးတော်လှန်ရေးကို ဆင်နွှဲနေတာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးအစပိုင်းမှာ အာဏာသိမ်းဖက်ဆစ်အုပ်စုက အနီနဲ့အစိမ်းပြဿနာပါလို့ စွပ်စွဲပုံဖော်ခဲ့တယ်။ NLD နိုင်လို့ စစ်တပ်က နှိပ်ကွပ်တယ်ဆိုတဲ့အမြင်ထက် မတရားမှုကို တောက်လျှောက်ကျူးလွန်ခဲ့တဲ့ အာဏာသိမ်းဖက်ဆစ်အုပ်စုရဲ့ အပြုအမူကို သည်းမခံနိုင်တော့လို့ အဆုံးစွန်လက်နက်ကိုင်တော်လှန်မှ ဖြစ်တော့မယ်ဆိုတဲ့ ပြည်သူလူထုရဲ့ ယတိပြတ်မှုကြောင့်သာ တော်လှန်ရေးရေချိန်မြင့်ခဲ့တာ ဖြစ်ပါတယ်။ အခုရှေ့တန်းမှာ လက်နက်ကိုင်ပြီး သက်စွန့်ကြိုးပမ်းတိုက်ပွဲဝင်နေတဲ့ လူငယ်အများစုဟာ နိုးဗုတ်အများစုတောင် ဖြစ်နေနိုင်ပါတယ်။ ဆိုလိုတာက ပါတီတစ်ရပ်အတွက် နွေဦးတော်လှန်ရေးကို ဆင်နွှဲနေတာမဟုတ်ဘူးဆိုတာ အတိအလင်းပြောထားချင်တာပါ။ ဖက်ဆစ်စစ်တပ်အမြစ်ပြတ်အောင်တိုက်ပြီး တိုင်းပြည်သစ်ပြန်လည်ထူထောင်မယ်ဆိုတဲ့ စိတ်တွေနဲ့ နွေဦးတော်လှန်ရေးကို ဆင်နွှဲနေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ငါတို့က ရွေးကောက်ခံကိုယ်စားလှယ်တွေဆိုတဲ့ အတွေးလောက်နဲ့ နွေဦးကို ဆက်စခန်းသွားနေရင်တော့ အမတ်မင်းများဟာ ဖက်ဆစ်အုပ်စုပုံဖော်ဖို့ကြိုးစားခဲ့တဲ့ အနီနဲ့အစိမ်းပြဿနာကို အလိုတူစွာ ၀င်ပြီး ပုံဖော်သူတွေ ဖြစ်သွားပါလိမ့်မယ်။
နွေဦးတော်လှန်ရေးဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေကလို NLD ရှင်သန်ရေးအတွေးအခေါ်လောက် မဟုတ်တော့ဘူးဆိုတာ သတိချပ်သင့်ပါတယ်။ နွေဦးအလွန်ကျရင် ၂၀၀၈ ခြေ/ဥချက်ကြိုးမပြတ်တဲ့ အယူအဆဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်အမတ်မင်းများက အသင့် ကုလားထိုင်ကိုယ်စီ ၀င်ထိုင်ပြီး အစိုးမင်း လုပ်ရမယ်လို့ချည့် ထင်မထားအပ်ပါဘူး။ တော်လှန်ရေးက မွေးဖွားပေးလိုက်တဲ့ ဒေသအသီသီးက တော်လှန်ရေးဘက်တော်သားတွေကို အပြန်အလှန် အလေးထား အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ၂၀၂၀ ရလဒ်ကို အသိအမှတ်မပြုလို့ဘဲ စစ်တပ်က အာဏာသိမ်းလိုက်ပြီ မဟုတ်ပါလား။
တော်လှန်ရေးအပြီးမှာ ယာယီအစိုးရအဖြစ် ရပ်တည်ပေးပြီး ဖွဲ့စည်းပုံအသစ်နဲ့ ရွေးကောက်ပွဲအသစ် ဖန်တီးပေးပြီး တိုင်းသစ်ပြည်သစ်တည်ထောင်ရမှာ ဖြစ်ပါတယ်။
၂၀၀၈ ခြေ/ဥနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ နိဂုံးကမ္ပတ် အဆုံးသတ်သွားတာကြောင့်ပဲ နွေဦးတော်လှန်ရေးသန္ဓေတည်ကာ ပေါက်ဖွားရှင်သန်ပြီး သုံးနှစ်သားတောင် ဖြစ်ခဲ့ပြီ မဟုတ်ပါလား။ နိုင်ငံခြားဆက်ဆံရေးသဘောအရသာ Legitimacy ရှိကြောင်း အသုံးပြုရုံမျှပဲ ဖြစ်ပါတယ်။ နောက်ဆုံး ရှိသင့်လှရင် တော်လှန်ရေးအပြီးမှာ ယာယီအစိုးရအဖြစ် ရပ်တည်ပေးပြီး ဖွဲ့စည်းပုံအသစ်နဲ့ ရွေးကောက်ပွဲအသစ် ဖန်တီးပေးပြီး တိုင်းသစ်ပြည်သစ်တည်ထောင်ရမှာ ဖြစ်ပါတယ်။ သည်အခါ NLD ပါတီကလည်း ဖက်ဒရယ်ပြည်ထောင်စုရွေးကောက်ပွဲကြီးမှာ စွမ်းဆောင်စည်းရုံးနိုင်မှုအလျောက် ပြည်သူ့နှလုံးကို သိမ်းကျုံးနိုင်ခွင့်ရှိနေမှာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအလွန်ကာလကို ၂၀၀၈ ခြေ/ဥအောက်က ချက်ကြိုးမပြတ်တဲ့ ဖောမက် (Format)ကြီးနဲ့ အော်တိုရွှေ့လာဖို့ မဟုတ်ကြောင်း ဝေဖန်စောကြောလိုက်ရပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။