Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကန့်ဘလူအနောက်ခြမ်း မူးမြစ်ဘေးနေ ပြည်သူတွေ ဗုံးခိုကျင်းတူးကြဖို့ သတိပေး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ အနောက်ခြမ်း မူးမြစ်ဘေးမှာ နေထိုင်တဲ့ ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ Infinity Group က သတိပေးလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ သူတို့ခြေကုပ်ယူထားတဲ့ ပျူစောထီးရွာတချို့မှာ ခံစစ်အခိုင်အမာပြင်ဆင်နေပြီး လက်နက်ကြီးတွေလည်း တပ်ဆင်ထားတာကြောင့် ကန့်ဘလူအနောက်ခြမ်း မူးမြစ်ဘေးနဲ့ ကန့်ဘလူ–တန့်ဆည်အစပ်မှာ နေထိုင်တဲ့ပြည်သူတွေပါ စစ်ရေးသတိရှိကြဖို့ Infinity Group က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တပ်ဆင်ထားတဲ့ လက်နက်ကြီးတွေနဲ့ စမ်းသပ်ပစ်ခတ်ခြင်းနဲ့ တမင်ရည်ရွယ်ကာ ပစ်ခတ်ခြင်းတို့ ပြုလုပ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

“အခု စခတွေရောပျူစောထီးတွေရောက ကြောက်နေကြပြီ။ ကြောက်လည်းကြောက် ကျည်ဆန်လည်း ပေါတော့ ညဘက်တွေဆို ကြောက်ပစ်ပစ်တာမျိုးတွေ လုပ်နိုင်တယ်” လို့ ကန့်ဘလူစစ်ရှောင်ကူညီနေသူ တစ်ဦးက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲတဲ့ နေရာအနီးသို့  ကိုယ့်သဘောနဲ့ကိုယ် သွားရောက်ကြည့်ရှုခြင်း မလုပ်ဖို့လည်း Infinity Group က သတိပေးပါတယ်။

~~~~~~~~~~~ 

ကိုထက်

Comment List

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။