Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ခြေတစ်လှမ်းအလို (OPINION)

ဟေ့ကောင် အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ..။ မင်းက သေသာသေ ဝမ်းလျှောကမရပ်ဘူးဗျ ဆိုတဲ့ ကောင်မျိုးပဲကွ။ နယ်စပ်မြို့တွေ၊ တပ်စခန်းတွေ သိမ်းပိုက်ခံရတာတောင်မှ ပြန်လည်ရရှိအောင် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ကြုံးဝါးနေဆဲ။ ခမရ ၁၂၉ က တပ်ရင်းတစ်ရင်းလုံး လက်နက်ချ အလင်းဝင်ရောက်သွားပြီ။ လက်နက်တွေ အင်နဲ့အားနဲ့ ဖြည့်တင်စပေးပို့ထားပေမဲ့ တော်လှန်ရေးအင်အားစုတွေအတွက် အလှူဒါနပြုလုပ်ပေးသလို ဖြစ်နေပါပေါ့လား။ ကိုင်း ဘာနဲ့ ပြန်လည်ရရှိအောင် တိုက်ခိုက်ချေမှုန်းသွားမလဲ။ ပြော။
                       


ချင်းပြည်နယ်က ရိဒ်မြို့၊ စစ်ကိုင်းတိုင်စက ကောလင်းမြို့၊ ကယားပြည်နယ်က မယ်စဲ့မြို့တို့ကို ထပ်မံပြီး လက်လွှတ်လိုက်ရပြန်ပြီ။ သပိတ်ကျင်းမြို့နဲ့ လွိုင်ကော်မြို့တို့ကိုလည်း လက်လွှတ်ရတော့မယ်။ မင်းတို့က သပိတ်ကျင်းမှာတော့ ဘုရားကုန်းတော်ပေါ် တပ်စွဲထားတယ်။ လွိုင်ကော်တက္ကသိုလ်ထဲ တပ်စွဲထားကြတယ်။ PDF တွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက တိုက်ခိုက်ချေမှုန်းကြတော့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ သာသနာ့နယ်မြေ၊ ပညာရေးနယ်မြေတွေကို ဖျက်ဆီးကြတဲ့ အဖျက်သမားတွေလို့ သတင်းလွှင့်။ မင်းတို့က မင်းတို့ရဲ့ဥာဏ်လေး တစ်ထွာတစ်မိုက်နဲ့ လိမ်ညာချင်ကြသကိုး။
          

             

အတုအဟောင်သမ္မတဆိုတဲ့ မြင့်ဆွေဆိုတဲ့အကောင်က ဒီပုံစံအတိုင်းဆို တိုင်းပြည် အစိပ်စိပ်အမြွှာမြွှာ ဖြစ်သွားလိမ့်မယ်တဲ့။ ဒါကြောင့် ပြည်သူတရပ်လုံးက တပ်မတော်ကို ထောက်ခံသင့်ကြသတဲ့လေ။


တော်လှန်ရေးအဖွဲ့အစည်းတွေက NON CDM ဝန်ထမ်းတွေ၊ ကျောင်းသူကျောင်းသားတွေကို ဦးစွာကယ်ထုတ်၊ ရှင်းလင်းပေးကြတဲ့ဟာတွေကို ဓာတ်ပုံအထောက်အထားတွေနဲ့ တင်ပြလာတော့ မင်းတို့ရဲ့ အလိမ်အညာတွေ၊ မုသားတွေ ဖုံးကွယ်မရတော့။ တကယ်ကွာ။ မင်းတို့ဟာ အကြမ်းဖက်အဖွဲ့အစည်းပီပီ တစ်စက်ကလေးမှ သိက္ခာမရှိကြဘူး။ သိက္ခာတရားမရှိတဲ့ အဖွဲ့အစည်းတစ်ခုဟာ ဘယ်သောကာလမှ ပြည်သူရဲ့ယုံကြည်မှုကို ရလိမ့်မယ်မဟုတ်ပေဘူး။ ပြည်သူတွေရဲ့ယုံကြည်မှုကို မရရှိတဲ့ အဖွဲ့အစည်းဟာ သက်ဆိုးရှည်ကြာလေ့ မရှိတတ်ကြဘူး။ ဒီမှာ အတုအဟောင်သမ္မတဆိုတဲ့ မြင့်ဆွေဆိုတဲ့အကောင်က ဒီပုံစံအတိုင်းဆို တိုင်းပြည် အစိပ်စိပ်အမြွှာမြွှာ ဖြစ်သွားလိမ့်မယ်တဲ့။ ဒါကြောင့် ပြည်သူတရပ်လုံးက တပ်မတော်ကို ထောက်ခံသင့်ကြသတဲ့လေ။ အခုလို လက်နက်ကိုင်တော်လှန်ရေးကြီးဖြစ်ပေါ်လာအောင် ဘယ်သူက ဖန်တီးလိုက်တာလဲ။ မင်းတို့ စစ်အာဏာရှင်တွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် အာဏာသိမ်းယူခဲ့တာကြောင့်မဟုတ်လား။ ပြီးတော့ မင်းတို့က ပြည်သူကို အကြောက်တရားနဲ့ အုပ်ချုပ်လို့ရအောင် ကြိုးစားအားထုတ်ခဲ့ကြတာလေ။ အခုမှ ပြည်သူရဲ့မေတ္တာ၊ ပြည်သူရဲ့ထောက်ခံမှုကို ရယူလိုချင်သတဲ့လား။ ဝေးပါသေးရဲ့။ လုံးဝ မျှော်လင့်မနေနဲ့တော့။
                

      
ဇော်မဲလုံးဆိုတဲ့အကောင်ကလည်း ထောက်ပို့လမ်းကြောင်းတွေ ဖြတ်တောက်လိုက်တာကို စစ်ရေးပစ်မှတ်မဟုတ်ဘဲ ဖြတ်တောက်တာတွေဟာ ပြည်သူတွေကို ဒုက္ချရာက်ရှိအောင်လုပ်ဆောင်တာ ဖြစ်တယ်တဲ့လေ။ အခု ဒင်းတို့တတွေ ထောက်ပို့လမ်းကြောင်းတွေ ပြတ်တောက်ကုန်ုပြီမဟုတ်ပါလား။ စရိတ်ကြီးမြင့်တဲ့ လေကြောင်းပစ်ကူသာ တတ်နိုင်တော့တာလေ။ မင်းတို့က စစ်ရေးအမြင်ကျွမ်းကျင်ကြတဲ့သူတွေပဲ။ စစ်ပွဲရဲ့အဆုံးအဖြတ်က လေကြောင်းပစ်ကူမဟုတ်ဘူး။ ခြေလျင်ထိုးစစ်ဆင်နိုင်မှုကသာ အဆုံးအဖြတ်ဆိုတာလောက်တော့ မင်းတို့နားလည်ကြမှာပါ။
  

              
အခု မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ တော်လှန်ရေးက သူတို့နယ်မြေ ပြန်လည်ရရုံတင်မဟုတ်ပေဘူး။ မင်းတို့စစ်အာဏာရှင်တွေ အမြစ်ပြတ်ဖို့ ဗမာတိုင်းရင်းသားတွေနဲ့လည်း အတူယှဥ်တွဲတော်လှန်နေကြတယ်ဆိုတာ နားလည်ထားကြ။ ဒီတော့ မြင့်ဆွေပြောသလို အစိပ်စိပ်အမြွှာမြွှာဖြစ်စရာ အကြောင်းမရှိဘူး။ ပြည်သူတွေကတော့ ဒင်းတို့အာဏာသိမ်းခဲ့တဲ့ သုံးနှစ်အတွင်း အဆုံးစွန်ဒုက္ခတွေ ရင်ဆိုင်ကြုံတွေ့ ဖြတ်ကျော်ခဲ့ရတာမို့ ထောက်ပို့လမ်းကြောင်းတွေ ဖြတ်တောက်ရုံနဲ့တော့ ထူးပြီး ဒုက္ခမရောက်တော့ပါဘူး။
  

 

ခုခံမှာလား၊ လက်နက်ချမှာလားမေးလိုက်တာနဲ့ အပေါက်ဝရဲစခန်းတစ်ခုလုံးက လက်နက်ချ အလင်းဝင်လိုက်ကြတယ်လေ။ အဲဒါ နမူနာအစပေါ့။
  

               
ဒီမယ် ဇော်မဲလုံးရေ။ AA က သေနတ်တစ်ချက်ဖောက်လိုက်ရုံနဲ့ မင်းတို့က ရခိုင်ပြည်နယ်သွားတဲ့ လမ်းကြောင်းသုံးခုလုံးကို ပိတ်ပစ်လိုက်တယ်။ ဘာသဘောနဲ့ ပိတ်ရတာလဲ။ အဲဒီအချက်ကမှ စစ်ရေးနဲ့မဆိုင်ဘဲ လမ်းကြောင်းပိတ်ဆို့တာ၊ ရခိုင်ပြည်နယ်ကပြည်သူတွေ ပိုမိုဒုက္ခရောက်အောင် ရည်ရွယ်တာကွ။ တမင်သက်သက် ယုတ်မာတဲ့နည်းလမ်း ကျင့်သုံးလိုက်တာ။ ဒါပေမဲ့ မင်းတို့တတွေ ရခိုင်ပြည်နယ်ကို စိုးမိုးအုပ်ချုပ်နိုင်လိမ့်မယ် မဟုတ်ပေဘူး။ ခုခံမှာလား၊ လက်နက်ချမှာလားမေးလိုက်တာနဲ့ အပေါက်ဝရဲစခန်းတစ်ခုလုံးက လက်နက်ချ အလင်းဝင်လိုက်ကြတယ်လေ။ အဲဒါ နမူနာအစပေါ့။
  

              
ဒါထက် အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ ရေ။ မင်းရဲ့လူမှုကွန်ရက်ကနေ အာချောင်ပေးနေတဲ့ ဘောမတစ်ယောက်ကတော့ အခုလိုအရေးကြီးနေချိန်မှာ မင်းက လူလုံးမပြဘဲ ထမီအောက်ဝင်ပုန်းနေလို့တဲ့မောင်။ ဒေါသဖြစ်နေလေရဲ့။ မင်းအနေနဲ့ အခုအချိန်မှာ နိုင်ငံကို အခြေအနေအရပ်ရပ်အကြောင်း ထွက်မပြောဘူးဆိုရင်တော့ သူ့ရဲ့လူမှုကွန်ရက်ကို တစ်လတိတိအသုံးမပြုဘဲ ပိတ်ထားမယ်ဆိုပဲ။ မင်းကလည်း ကချင်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို ချေမှုန်းမယ်ကြုံးဝါးပြီး ထမီအောက်ဝင်ပြီး ပုန်းနေတာတော့ လွန်တာပေါ့။ ယတြာချေတာတော့ မဟုတ်လောက်ပါဘူးနော်။
                 

 

 မင်းတို့က စစ်ရေးကျွမ်းကျင်ကြတဲ့သူတွေလေ။ စစ်ရေးအရ ရှုံးနိမ့်သွားပြီဆိုတာနဲ့ နိုင်ငံရေး၊ စီးပွားရေးတို့လည်း ရှုံးနိမ့်သွားပြီဆိုတဲ့သဘောပေါ့ကွာ။


ကိုင်း ဒီတော့ မင်းအနေနဲ့ တိုတိုတုတ်တုတ်ပေါ့ကွာ။ ကျွန်တော်တို့အနေနဲ့ စစ်ရေးအရ ရှုံးနိမ့်သွားပါပြီလို့သာ ဝန်ခံစကား ထွက်ပြောလိုက်ပေတော့။ မင်းတို့က စစ်ရေးကျွမ်းကျင်ကြတဲ့သူတွေလေ။ စစ်ရေးအရ ရှုံးနိမ့်သွားပြီဆိုတာနဲ့ နိုင်ငံရေး၊ စီးပွားရေးတို့လည်း ရှုံးနိမ့်သွားပြီဆိုတဲ့သဘောပေါ့ကွာ။ မင်းတို့က နိုင်ငံရေး၊ စီးပွားရေးတို့ကျ မကျွမ်းကျင်ရုံမက နားလည်ကြတဲ့သူတွေမှ မဟုတ်ပဲ။ ဒါကြောင့်လည်း အာဏာသိမ်းခဲ့တာ ၃ နှစ်နီးပါးရှိသည့်တိုင် ဘယ်နိုင်ငံကမှ အသိအမှတ်ပြုတာ ရှိခဲ့လို့လဲ။ ရုရှား၊ ဘီလာရုဒ်တို့ အသိအမှတ်ပြုကြတယ်ဆိုတာက သူခိုးသေဖော်ညှိတာပါကွာ။
      

 

 

စီးပွားရေးကျတော့လည်း အရင်အစိုးရထားခဲ့တာလေး သုံးစွဲနေရတာလေ။ မင်း အာဏာသိမ်းခဲ့တဲ့အချိန်အတွင်း ငါးပြားစေ့ အချော်တပေါက်တောင် ဝင်ငွေရှိခဲ့လို့လား။ စစ်သုံးစရိတ်တွေသာ အဆမတန် ကုန်ကျသုံးစွဲခဲ့တာလေ။ ခုတော့ ခရုအဆံကျွတ် ဗြွတ်သာကျန်တော့တဲ့ အခြေအနေ။ ကိုင်း ဒီတော့ မင်းအနေနဲ့ ထွက်ပြေးမယ်လား၊ ကြိုးစင်တက်မလားဆိုတဲ့ လမ်းနှစ်သွယ် ကြိုက်တဲ့လမ်း ရွေးဖို့ ရှိတော့တာပ။ ဒီနွေဦးတော်လှန်ရေးမှာတော့ မင်းတို့စစ်အာဏာရှင်တွေ အမြစ်ပြတ်ဖို့ဆိုတာ ရာနှုန်းပြည့်လောက် ကျိန်းသေနေပါပြီကွာ။
  

   

 ငြိမ်းတော့မယ့်မီးတောက်ဟာ နောက်ဆုံးအနေနဲ့ ဝုန်းခနဲ တစ်ချက်ထတောက်လေ့ရှိတယ်မဟုတ်လား။ ကျွန်တော်တို့အနေနဲ့ လုံးဝ အောင်ပန်းမဆွတ်နိုင်သေးဘူးဆိုတာ သတိချပ်ထားကြပါ။
      

         
ဒီမှာ၊ တော်လှန်နေကြတဲ့ ပြည်သူ့ဘက်တော်သား တော်လှန်ရေးသမားတွေအနေနဲ့လည်း အောင်မြင်ဖို့သေချာပေမဲ့ အောင်ပန်းကို ပိုင်ပိုင်နိုင်နိုင်မဆွတ်နိုင်ကြသေးဘူးဆိုတာ အထူးသတိချပ်ကြဖို့ လိုအပ်ပါတယ်။ ငြိမ်းတော့မယ့်မီးတောက်ဟာ နောက်ဆုံးအနေနဲ့ ဝုန်းခနဲ တစ်ချက်ထတောက်လေ့ရှိတယ်မဟုတ်လား။ ကျွန်တော်တို့အနေနဲ့ လုံးဝ အောင်ပန်းမဆွတ်နိုင်သေးဘူးဆိုတာ သတိချပ်ထားကြပါ။


                   
ကျွန်တော်တို့ဟာ စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးဆိုတဲ့ လုံသဘောထားအပေါ်မှာ အတူတကွ လျှောက်လှမ်းလာခဲ့ကြတဲ့သူတွေမဟုတ်လား။ အဲဒီလို ဘုံသဘောထားတူညီမှုလမ်းကြောင်းပေါ် အတူတကွ လျှောက်လှမ်းခဲ့ကြလို့လည်း ဒီနေ့၊ ဒီအခြေအနေကို ရောက်ရှိလာခဲ့ကြတာပါ။ အဲဒါ ညီညွတ်မှုရဲ့ အင်အားပေါ့။ ညီညွတ်မှုအင်အားကို အောင်ပန်းဆွတ်ခူးတဲ့အချိန်ထိ တစ်ပြားသားမှ လျှော့မပြစ်လိုက်ကြပါနဲ့။ လက်တွဲခိုင်ခိုင် ထားရှိကြပါ။ ဆင်ပြောင်ကြီး အမြီးကျမှတစ်ဆိုတဲ့ စကားရပ် ရှိတယ် မဟုတ်ပါလား။


 

ကျွန်တော်တို့ပြည်သူအားလုံး ဘဝတွေ၊ အသက်တွေပေးဆပ်ပြီး လျှောက်လှမ်းလာခဲ့ကြရတဲ့ ကြမ်းတမ်းတဲ့ ခရီးလမ်းကြီးပါ။ ကိုယ်ကျိုးတွေ စွန့်လွှတ်ပြီး စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးကိုသာ မျှော်မှန်းခဲ့ကြတဲ့သူတွေပါ။

                     
ထုံးစံအတိုင်း တော်လှန်ရေးတစ်ရပ်မှာ အဖုအထစ်ဆိုတာတွေက ရှိနေမှာပါပဲ။ ဒါပေမဲ့ ဘုံမျှော်မှန်းချက်၊ ဘုံပန်းတိုင်၊ ဘုံသဘောထားတူညီမှုအပေါ်ကနေ အဖုအထစ်တွေကို ချောမောပြေပြစ်အောင် ကျော်ဖြတ်သွားကြဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ပြည်သူအားလုံး ဘဝတွေ၊ အသက်တွေပေးဆပ်ပြီး လျှောက်လှမ်းလာခဲ့ကြရတဲ့ ကြမ်းတမ်းတဲ့ ခရီးလမ်းကြီးပါ။ ကိုယ်ကျိုးတွေစွန့်လွှတ်ပြီး စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးကိုသာ မျှော်မှန်းခဲ့ကြတဲ့သူတွေပါ။ ရဲဘော်ရဲဖက်၊ သေဖော်သေဖက်တွေပါ။
                   


ဒီနွေဦးတော်လှန်ရေးကြီးဟာ စစ်အာဏာရှင်အမြစ်ပြတ်ရေးကို အရေအတွက်မှသည် အရည်အချင်းသို့ ပြောင်းလဲနိုင်ခဲ့တဲ့ တော်လှန်ရေးကြီးဖြစ်ပါတယ်။ အနာဂတ်မှာတော့ တရားမျှတတဲ့၊ လွတ်လပ်တဲ့၊ အခွင့်တူတဲ့၊ ညီမျှတဲ့ နိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာတော့မှာပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ညီညီညွတ်ညွတ်နဲ့ ခြေတစ်လှမ်းသာလိုတော့တဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေးပန်းတိုင်ကို အားသွန်ခွန်စိုက်နဲ့ လျှောက်လှမ်းကြဖို့ လိုအပ်ပါကြောင်း....

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။