ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျားချောင်းရွာအနီးရှိ ခမရ-၃၅၁ တပ်ရင်းအခြေစိုက်ရာစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သားအားလုံး ထွက်ပြေးသွားကြကြောင်း သိရပါတယ်။
ဒီနေ့ နိုဝင်ဘာ (၁၇)ရက်၊ မနက်ပိုင်းမှာ KNLA နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိနစ် (၂၀)ကြာ အပြန်အလှန်ပစ်ခတ်ပြီးနောက် စစ်သားအားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားကြကြောင်း BPLA က သတင်းထုတ်ပြန်ပါတယ်။
အဲဒီစခန်းကနေ ၆၀(မမ) ၁လက်၊ ၆၀(မမ) ဗုံးသီး (၅၂)လုံး၊ Jammer (၁)ခု၊ စကားပြောစက်အကြီး (၁)လုံး၊ အီနာဂါ (၁၃)လုံး၊ လက်ပစ်ဗုံးအလုံး (၂၀)၊ RPGအသီး (၂၂)လုံး၊ RPG ပို့ယမ်း (၁၆)ခု၊ တင့်ဖျက် (၃)ခု၊ ၄၀(မမ) (၁၂)လုံး၊ မြေမြှုပ်မိုင်း ၉လုံး ၅.၅၆ကျည် (၁၁၂၈)တောင့်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
အဲဒီတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားတို့ရဲ့ သေဆုံးထိခိုက်မှုကို အတိအကျမသိရသေးကြောင်း BPLA က ဆိုပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။