Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

စစ်ကိုင်းတိုင်းထဲက Non-CDM ဝန်ထမ်းတွေ အလင်းဝင်ကြဖို့ NUG အသိပေး

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်အုပ်စုလက်အောက်ခံ ဝန်ထမ်းတွေ အလင်းဝင်ကြဖို့ NUG အစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


စစ်ရေးလှုပ်ရှားမှုတွေအတွင်း သိမ်းယူစိုးမိုးရရှိထားတဲ့ စစ်ကိုင်းတိုင်း အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့က Non-CDM ဝန်ထမ်းတွေအနေနဲ့ ဌာနဆိုင်ရာ စာရွက်စာတမ်းတွေကို သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံသို့ စနစ်တကျ အပ်နှံပြီး အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်သို့ အလင်းဝင်ရောက်ကြဖို့ ဆိုပါတယ်။


“Non-CDM ဝန်ထမ်းတွေထဲမှာ စစ်တပ်ကို လုံးဝလက်မခံပေမဲ့ အကြောင်းကြောင်းကြောင့် CDM မလုပ်နိုင်တဲ့ဝန်ထမ်းတွေ အများကြီးရှိတယ်။ သိမ်းလိုက်တဲ့မြို့က ဝန်ထမ်းတွေက PDF အကာအကွယ်ရှိနေတာကြောင့် အလင်းဝင်ရတာလွယ်တယ်။ PDF မသိမ်းထားတဲ့မြို့တွေက Non-CDM တွေကျတော့ စစ်တပ်လက်အောက်မှာနေပြီး CDM လုပ်ဖို့ အခက်အခဲ အများကြီးရှိတယ်။ မိသားစုလိုက် တခြားမြို့ပြောင်း ပြေးဖို့ဆိုတာ လူတိုင်းတတ်နိုင်တာ မဟုတ်ဘူး။ အဲဒီအပေါ်  NUG က သိဖို့လိုပါတယ်” လို့ မုံရွာမြို့ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။


Non-CDM ဝန်ထမ်းတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ပေးအပ်တဲ့ နောက်ဆုံး အခွင့်အရေးအနေနဲ့  ပြည်သူလူထုဘက်က ရပ်တည်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေတွေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်းကို မလွဲမသွေ ခံယူရမယ်လို့လည်း ဆိုပါတယ်။


~~~~~~~~~ 

ကိုထက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။