အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းကြီး၊ ငယ် (၁၅၀)ကျော်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဖြစ်ကြောင်း ကိုးကန့် MNDAA က ဒီနေ့မနက် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ (၁၆)ရက်နေ့ ၊ ၁၀၂၇ စစ်ဆင်ရေး (၂၁)ရက်မြောက်မှာ MNDAA ဟာ ကိုးကန့်၊ တုန်းရှမ်းဒေသ ခုတ်ထန်နေရာရှိ စစ်ကောင်စီတပ် စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ (၁၆)ရက်၊ မနက် (၅)နာရီခွဲမှာ ခုတ်ထန်နေရာရှိ စစ်တပ်စခန်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး (၆)နာရီကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် နေ့ခင်း (၁၁)နာရီခွဲမှာ အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
လက်ရှိမှာ မော်ထိုက်ဒေသရှိ တပ်စခန်းများအားလုံး အပြီးရှင်းလင်းနိုင်ခဲ့ပြီး ကိုးကန့်ခရိုင်ရဲ့ မြောက်ပိုင်းမြောက် နယ်မြေဧရိယာ ကိုဟုန်ရှင်းဒေသ မော်ထိုက်နဲ့ ချုံကန်အထိ ချဲ့ထွင်နိုင်ခဲ့ပြီဖြစ် ကြောင်း MNDAA က ဆိုပါတယ်။
~~~~~~~~~

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။