ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးက စစ်တပ်စခန်းတစ်ခုကနေ စစ်သားတွေ စွန့်ခွာသွားကြောင်း သိရပါတယ်။
နိုဝင်ဘာ (၁၅)ရက်၊ မွန်းလွဲ (၁)နာရီလောက်က ဖလမ်းမြို့နဲ့ (၅)မိုင်လောက်အကွာ၊ ဗါရ်းတံတားအနီးရှိ အကြမ်းဖက်စစ်တပ်စခန်းကနေ စစ်သားတွေ စွန့်ခွာသွားခြင်းဖြစ်ကြောင်း CNDF အာဘော် The Rihli Voice က ထုတ်ပြန်ထားတယ်လို့ ချင်းဂျာနယ်က ဖော်ပြပါတယ်။
အဲဒီစခန်းက စစ်သားတွေဟာ ဖလမ်းမြို့အခြေစိုက် ခလရ -၂၆၈ တပ်ရင်းဆီ ဆုတ်ခွာသွား ကြောင်း သိရပါတယ်။
နို၀င်ဘာ (၁၃)ရက်နဲ့ (၁၅)ရက်နေ့တို့က ဖလမ်းမြို့နယ်၊ ရိခေါဒါရ် စစ်တပ် စခန်း (၂)ခုနဲ့ သီဘွာလ်စစ်တပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ပြီးနောက် ဗါရ်းစခန်း ကနေ စစ်သားတွေ စွန့်ခွာသွားတာပါ။
စစ်တပ်စခန်းတွေကို ချင်းတော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်မှု ခပ်စိပ်စိပ်များလာ တာကြောင့် အခုလို စခန်းကနေ စစ်သားတွေ ပြန်ရုပ်သိမ်းခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။
ဗါရ်းစခန်းကို ဧပြီ (၁၀)ရက်မှာ CNDF က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်သားတွေ ပြန်လည် အခြေချခဲ့တာပါ။
~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။