Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ် (OPINION)

အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ...ရေ။ ငါ့အနေနဲ့တော့ မင်းကို ကျေးဇူးတင်ချင်သလိုလို ဖြစ်မိသားကွ။ တပြိုင်နက် မင်းကို အမှုန့်ကြိတ်ချင်လောက်အောင်လည်း ဖြစ်နေမိတယ်ကွာ။ ကျေးဇူးတင်ချင်သလိုလို ဖြစ်မိတာကတော့ မဆင်မခြင်နဲ့ မိုက်မိုက်ကန်းကန်း မင်းအာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာ ငါတို့ အနှစ်နှစ် အလလ မျှော်မှန်းခဲ့ကြတဲ့ စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေးကြီးဟာ ပြည်သူတရပ်လုံးရဲ့ ရင်ထဲမှာရော၊ PDFလူငယ်တွေရဲ့ မျှော်လင့်ချက်မှာရော၊ EAOတွေရဲ့ ရည်ရွယ်ချက်မှာရော ဘုံတူညီချက်ကြီးဖြစ်ပေါ်လာပြီး လက်တွေ့အကောင်အထည်ဖော် မဆုတ်မနစ် လျှောက်လှမ်းလာကြလို့ပါပဲ။ ကြမ်းတမ်းလှတဲ့ အောင်မြင်မှုလမ်းကြောင်းကလည်း ရောက်ရှိဖို့ နီးလာပြီလေ။

 

အမှုန့်ကြိတ်ချင်လောက်အောင် ဖြစ်နေမိတာကတော့ မင်းဟာ မင်စကိုယ်ကျိုးတစ်ခုတည်းအတွက် စစ်တပ်ကိုအသုံးချကာ အာဏာသိမ်းလိုက်ပြီး ပြည်သူပြည်သားတရပ်လုံးရဲ့ အနာဂတ်ကို ရိုက်ချိုးပြစ်လိုက်လို့ပါပဲ။ ဒါပေမဲ့ မင်းမျှော်မှန်းခဲ့သလို အာဏာသိမ်းမှုက မအောင်မြင်တော့ ကျေးလက်နေပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးတာမျိုးတွေ ပြုလုပ်ခဲ့တယ်။ အပြစ်မဲ့ပြည်သူတွေကို မဆင်မခြင် ပစ်သတ်ခဲ့ကြတယ်။ မင်းတို့စစ်အာဏာရှင်တွေ ကျင့်သုံးလေ့ရှိတဲ့ လမ်းကြောင်းအတိုင်း အကြောက်တရားတွေရိုက်သွင်းပြီး အုပ်ချုပ်မယ်ပေါ့လေ။

 

မင်းတို့ရဲ့ တရားမဝင် အာဏာသိမ်းမှုနောက်ပိုင်းမှာ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေအပြင် ဗမာတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဟာ အင်နဲ့အားနဲ့ အရှိန်ပြင်းပြင်း ပေါ်ပေါက်လာခဲ့ရတော့တယ်။

 

ဒါပေမဲ့ ဒီတစ်ခါတော့ဖြင့် တို့ပြည်သူတွေက မင်းတို့ရဲ့ ယုတ်မာလှတဲ့လုပ်ရပ်တွေကို လက်မခံကြတော့ဘူး။ ရရာလက်နက်တွေ စွဲကိုင်ပြီး တော်လှန်ခဲ့ကြတယ်။ EAO တွေဆီ သွားရောက်ပူးပေါင်းပြီး စစ်ပညာတွေ သင်ယူခဲ့ကြတယ်။ မင်းတို့ရဲ့ တရားမဝင် အာဏာသိမ်းမှုနောက်ပိုင်းမှာ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေအပြင် ဗမာတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဟာ အင်နဲ့အားနဲ့ အရှိန်ပြင်းပြင်း ပေါ်ပေါက်လာခဲ့ရတော့တယ်။

 

လက်ရှိအနေအထားမှာတော့ မင်းတို့ရဲ့ Standard Army ဆိုတာကြီးလည်း  ပျက်စီးသွားပြီ။ နိုင်ငံနဲ့ နိုင်ငံ့စီးပွားရေးလည်း ပျက်စီးသွားပြီ။ အဲဒါတွေဟာ မင်းရဲ့ ကိုယ်ကျိုးစီးပွားအတွက်သာ ကြည့်ရှုမှု၊ အမြော်အမြင်နည်းပါးမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေပဲကွ။ အဓိကတရားခံက မင်းပဲ။ ဒါ့ကြောင့် ငါ့အနေနဲ့ မင်းကို အမှုန့်ကြိတ်ချင်လောက်အောင် ဖြစ်နေမိတာပဲ။ ဟုတ်တယ်၊ ငါတို့ပြည်သူတရပ်လုံးက မင်းတို့စစ်အာဏာရှင်တွေကို အမှုန့်ဖြစ်သည်ထိ တော်လှန်သွားကြမယ်။

 

အဲဒီမှာ သန့်ရှင်းဖဆပလ အစိုးရကို လက်မခံကြတဲ့ အင်အားစုတွေလည်း ရှိနေလေတော့ တော်လှန်ရေးအစိုးရလို့ အမည်ခံထားတဲ့ စစ်အစိုးရကို ထောက်ခံသင့်၊ မထောက်ခံသင့်ဆိုတာနဲ့ နိုင်ငံရေးလောကမှာ ဆွေးနွေးငြင်းခုံနေကြတယ်။

 

ဒီမှာ။ သမိုင်းလမ်းကြောင်းလေးကို အနည်းငယ် လှန်ကြည့်လိုက်ရအောင်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေဝင်းက သန့်ရှင်းဖဆပလအစိုးရဆီကနေ အာဏာသိမ်းခဲ့တယ်။ အဲဒီမှာ သန့်ရှင်းဖဆပလ အစိုးရကို လက်မခံကြတဲ့ အင်အားစုတွေလည်း ရှိနေလေတော့ တော်လှန်ရေးအစိုးရလို့ အမည်ခံထားတဲ့ စစ်အစိုးရကို ထောက်ခံသင့်၊ မထောက်ခံသင့်ဆိုတာနဲ့ နိုင်ငံရေးလောကမှာ ဆွေးနွေးငြင်းခုံနေကြတယ်။ ကျောင်းသားထုကတော့ စစ်အာဏာရှင်ကို လက်မခံနိုင်ကြဘူး။ ကြည်သူအများစုကလည်း နိုင်ငံရေးစိတ်ပါဝင်စားမှု နည်းပါးနေကြတယ်။

 

အဲဒီမှာ ဗိုလ်နေဝင်းက ကျောင်းသားတွေကို ပစ်သတ်နှိမ်နင်းလိုက်တယ်။ မဆီမဆိုင် ကျောင်းသားသမဂ္ဂအဆောက်အဦကိုတောင် မိုင်းခွဲဖျက်ဆီးခဲ့တယ်မဟုတ်လား။ သခင်ကိုယ်တော်မှိုင်းပြောကြားခဲ့တဲ့ အဆောကျအဦကိုသာ ဖွိုဖကြျလို့ ရခငြျရမယျ။ မောငျရငျတို့ရဲ့ သမဂ်ဂဝိတျဓာတျကိုတော့ ဖွိုဖကြျလို့ မရနိုငျဘူးဆိုတဲ့စကားကတော့ ခုခြိနျထိ ရှငျသနျနဆေဲ။ ဖှတျထှကျလာမှ တောငျပို့မှနျးသိကွတဲ့အခြိနျမှာတော့ ဗိုလ်နေဝင်းဟာ သူ့ရဲ့အာဏာစက်ကို အခိုင်အမာ တည်ဆောက်ပြီးသွားခဲ့ပြီ။

 

အရည်အချင်းအဖြစ် မပြောင်းလဲနိုင်ခဲ့၊ သိကြတဲ့အတိုင်း စစ်အာဏာရှင်တွေဟာ သူတို့ကိုယ်ကျိုးလောက်သာ ခိုးဝှက်တတ်ကြတာလေ။ ဦးဆောင်စွမ်းရည်က နိမ့်ပါးကြတယ်။ ဒါကြောင့် ဗိုလ်နေဝင်းသာ သန်းကြံယ်သူဌေးကြီးဖြစ်ပြီး နိုင်ငံက ဒေဝါလီခံလိုက်ရတယ်။

 

ဒါပေမဲ့ အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်းတွေကတော့ စစ်အာဏာရှင်စနစ်ကို အကျေနပ်ကြောင်း ထုတ်ဖော်နိုင်ခဲ့ကြတယ်။ အရေအတွက်အဖြစ်သာဟသမိုင်းတွင် ကျန်ရစ်ခဲ့တယ်။ အရည်အချင်းအဖြစ် မပြောင်းလဲနိုင်ခဲ့၊ သိကြတဲ့အတိုင်း စစ်အာဏာရှင်တွေဟာ သူတို့ကိုယ်ကျိုးလောက်သာ ခိုးဝှက်တတ်ကြတာလေ။ ဦးဆောင်စွမ်းရည်က နိမ့်ပါးကြတယ်။ ဒါကြောင့် ဗိုလ်နေဝင်းသာ သန်းကြံယ်သူဌေးကြီးဖြစ်ပြီး နိုင်ငံက ဒေဝါလီခံလိုက်ရတယ်။

 

နောက်ဆုံး ပြည်သူတရပ်လုံး အထွေထွေအကြပ်အတည်း ဖြစ်ပေါ်လာရတယ်။ ပြည်သူတရပ်လုံးပါဝင်လာတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပွားတော့ ဗိုလ်နေဝင်း ပြုတ်ကျသွားတယ်။ ဒါပေမဲ့ ဦးဆောင်အဖွဲ့အစည်းကင်းမဲ့နေတော့ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေတို့က အာဏာလွှဲယူလိုက်ကြပြန်တယ်။ ရွေးကောက်ပွဲကျင်းပပေးခဲ့ပေမဲ့ အနိုင်ရပါတီကို အာဏာလွှဲပြောင်းမပေးပြန်တော့ စစ်အာဏာရှင်တွေကို ပြည်သူတွေက အယုံအကြည် ကင်းမဲ့သွားကြတော့တယ်။ ဒီနောက် စစ်အာဏာရှင်တွေဟာ သူတို့အခွင့်အရေး စိတ်ကြိုက်ယူထားတဲ့ ၂၀၀၈ခု ခြေဥပြဌာန်းပြီး သူတို့စိတ်ကြိုက်ပါတီကို အာဏာလွှဲပြောင်းလိုက်တော့တယ်။ ၁၉၆၂ခုနှစ်ကနေ ၂၀၁၀ အထိ နှစ်ပေါင်း ၅၀နီးပါး ငါတို့ပြည်သူတွေဟာ စစ်အာဏာရှင်အောက် ကျောကော့အောင် ခံစားနေထိုင်ခဲ့ရတယ်။

 

မင်းက တို့ပြည်သူတရပ်လုံးရဲ့မျှော်လင့်ချက်တွေကို ရိုက်ချိုးပြစ်လိုက်တယ်ကွာ။ ပြည်သူတရပ်လုံးက မကျေနပ်ဘူးကွ။ ဒီမှာ။ တို့ပြည်သူတရပ်လုံးမှာ ရှစ်လေးလုံးအရေးတော်ပုံကြီးကပေးလိုက်တဲ့ သင်ခန်းစာကရှိနေပြီလေ။

 

၂၀၁၀ ကနေ ၂၀၂၀ အထိ ပြည်သူတွေ စုန်းပြူးဒီမိုကရေစီအရသာကို ခံစားခဲ့ရတယ်။ စုန်းပြူးဒီမိုကရေစီတောင် ချိုမြိန်တဲ့အရသာရှိနေရင် ပြည့်ဝဒီမိုကရေစီဆိုရင် ဘယ်လောက်များ လွတ်လပ်ပျော်ရွှင်ရလိမ့်မလဲလို့ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ ရေ။ မင်းက တို့ပြည်သူတရပ်လုံးရဲ့မျှော်လင့်ချက်တွေကို ရိုက်ချိုးပြစ်လိုက်တယ်ကွာ။ ပြည်သူတရပ်လုံးက မကျေနပ်ဘူးကွ။ ဒီမှာ။ တို့ပြည်သူတရပ်လုံးမှာ ရှစ်လေးလုံးအရေးတော်ပုံကြီးကပေးလိုက်တဲ့ သင်ခန်းစာကရှိနေပြီလေ။

 

ဆန္ဒထုတ်ဖော်နေရုံနဲ့ မင်းတို့စစ်အာဏာရှင်လက်အောက်က ရုန်းထွက်နိုင်ကြမယ် မဟုတ်ပေဘူး။ လက်နက်ကိုင်တော်လှန်မှ မင်းတို့စစ်အာဏာရှင်တွေ အမြစ်ပြတ်ကြမှာ။ ဒါကြောင့် ပြည်သူတွေက ဘဝတွေအသက်တွေပေးပြီး လက်နက်ကိုင်တော်လှန်ရေးကြီးရဲ့လမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ကြတာပဲ။ မင်းတို့ကို အမြစ်ပြတ်ချေမှုန်းနိုင်သည်ထိ ဆက်လက်လျှောက်လှမ်းသွားကြမယ်။ အဲဒီအချက်ဟာ တို့ပြည်သူတွေရဲ့ အန္တိမရည်မှန်းချက်ပဲ။

 

အခု မင်းအာဏာသိမ်းခဲ့တာ သုံးနှစ်နီးပါးရှိခဲ့ပြီ။ အဲဒီမှာ မင်း မတန်မရာမျှော်လင့်ထားတဲ့ သမ္မတရာထူးမပြောပါနဲ့၊ နှစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့မျှော်မှန်းချက်တောင် ပျက်စီးသွားပြီမဟုတ်ပါလား။ ပြီးတော့ တူမီးနဲ့တော်လှန်ရေးတောင် မထိန်းချုပ်နိုင်ခဲ့တဲ့မင်းတို့ဟာ မောင်းပြန်တွေကိုင်ဆောင်ထားပြီး ဒုတ်ဒုတ်ချင်း၊ ဓားဓားချင်းယှဥ်ပြိုင်လာတဲ့ တော်လှန်ရေးဒီလှိုင်းကြီးကို ဘယ်လိုယှဥ်ပြိုင်နိုင်ပါ့မလဲ။ မိုးကြိုးပစ်တာ ထန်းလက်နဲ့ကာသလို ဆည်ကျိုးတာ လက်ဝါးနဲ့ကာသလို ဖြစ်နေမှာပေါ့။

 

ဟော ခုဆို KIA, ညီနောင်သုံးဖွဲ့နဲ့ PDF တွေက ရှမ်းမြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကြီးကို ဖော်ဆောင်လိုက်ကြပြီ။ အဲဒီမှာ မင်းရဲ့ စတန်းဒက်အာမီကြီးကလည်း စတန်းဒက်အာမီအဆင့်အတန်းပီသစွာ ပြသလိုက်တာ တစ်ပတ်အတွင်း စစ်အခြေစိုက်စခန်း ၁၀၀ ဝန်းကျင် ဆုံးရှုံးလိုက်ရပြီဆိုပဲ။ နယ်စပ်မြို့တွေလည်း တစ်မြို့ပြီးတစ်မြို့။ စစ်ကိုင်းတိုင်းထဲက ကောလင်း ပင်လယ်ဘူး၊ ခမ်းပတ်မြို့တွေကိုလည်း လက်လွှတ်လိုက်ရပြီ။ လာလိမ့်ဦးမယ် တစ်လှိုင်းပြီး တစ်လှိုင်း။

 

ဒီမှာ အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ ရေ။ မင်းအနေနဲ့ လက်နက်အင်အား ဘယ်လောက်တောင့်တင်းတောင့်တင်း ပြည်သူ့အင်အားကို မကျော်လွန်နိုင်ပါဘူးကွာ။ တာပေါ်ရေကျော်ရင် ရာဇဝင်ရိုင်းသွားမှာပေါ့။

 

ကရင်နီကလည်း ၁၁၀၇ စစ်ဆင်ရေးကြီး စတင်လိုက်ပြန်ပြီ။ မင်းပြောတော့ တော်လှန်ရေးအဖွဲ့တွေကို လက်နက်ထောက်ပံ့နေတာ တရုတ်နိုင်ငံဆို။ ဟုတ်နိုင်ရိုးလားကွာ။ မယ့်စဲမှာရော၊ ရှမ်းမြောက်မှာရော၊ ကချင်မှာရော မင်းအလှူပေးလိုက်တဲ့လက်နက်တွေဟာ ထမရေ ချောင်းစီးပါလားဟ။ ဒီမှာ အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ ရေ။ မင်းအနေနဲ့ လက်နက်အင်အား ဘယ်လောက်တောင့်တင်းတောင့်တင်း ပြည်သူ့အင်အားကို မကျော်လွန်နိုင်ပါဘူးကွာ။ တာပေါ်ရေကျော်ရင် ရာဇဝင်ရိုင်းသွားမှာပေါ့။

 

ကိုင်း၊ ခုတော့ဖြင့် တို့ပြည်သူတွေမျှော်မှန်းထားတဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးဆိုတဲ့ခရီးဟာ ရောက်လုနီးပေါ့။ ဒါပေမဲ့ တို့ပြည်သူတွေရေ၊ အောင်ပန်းကို မဆွတ်လှမ်းနိုင်သေးဘူး။ လက်တစ်ကမ်းအကွာသာ ရောက်ရှိနေကြသေးတာ။ ဆင်ပြောင်ကြီး အမြီးကျမှ မတစ်ကြစေနဲ့။ မြို့သိမ်းတိုက်ပွဲတွေဖြစ်လာပြီဆိုတော့ တို့ပြည်သူတွေအနေနဲ့ ကိုယ့်မြို့၊ ကိုယ့်ရွာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးတွေမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ပူးပေါင်းကြဖို့ လိုအပ်တယ်။ ပါဝင်ကြ၊ ဆောင်ရွက်ကြ၊ ပူးပေါင်းကြ။

 

ဒင်းတို့စစ်အာဏာရှင်တွေ အမြစ်ပြတ်စေရမယ်။ အကြားအလပ်မရှိ ချေမှုန်းကြလော့။

 

နွေဦးတော်လှန်ရေး မုချ အောင်ရမယ်။

 

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။