Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

သေရဲတဲ့သူတွေ ထွက်ခဲ့ကြစမ်း (OPINION)

ဟေ့ကောင် အယုတ်တမာထိပ်ခေါင် အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ...ရေ။ မင်း ဘာလုပ်မလဲ။ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ " ရှေ့သို့လှမ်းချီ " ပဲလား။ မင်းစိတ်မကူးထားတာတွေဟာ လေနှင်တိမ်လို လွင့်မျောပျောက်ကွယ်သွားပါပြီကွာ။ မင်းအနေနဲ့ အသေခံမယ်လား၊ ထွက်ပြေးမယ်လားဆိုတဲ့ ရွေးချယ်စရာ လမ်းနှစ်သွယ်ပဲ ရှိပါတော့တယ်။

 

မင်းတို့က လက်အောက်ငယ်သားတွေကိုသာ ငါမသေ၊ ငါ့စခန်းမကျစေရဆိုပြီး တွန်းအားပေးနေပေမဲ့ မင်းတို့အလှည့်ကျ အသေမခံနိုင်ကြဘူးမဟုတ်လား။ ယုတ်မာရက်စက်တဲ့ အာဏာရှင်တွေဟာ သူတပါးအပေါ် သူမတူအောင် ရက်စက်တတ်ကြပေမဲ့ ကိုယ့်အလှည့်ကျ သွေးကြောင်၊ ကြောက်ဒူးတုန်နေတတ်ကြတယ်ကွ။ အဲဒါက အာဏာရှင်တွေရဲ့ စရိုက်လက္ခဏာပေပဲ။ ဒီတော့ ခုချိန်မှာ မင်းတို့အနေနဲ့ ထွက်ပြေးဖို့သာ စီမံစိတ်ကူးထားကြပေတော့။
                

 

အခု ညီနောင်သုံးဖော်လို့အမည်တွင်တဲ့ MNDAA, TNLA နဲ့ AA တို့က ရှမ်းပြည်မြောက်ပိုင်းကို ၁၀၂၇ စစ်ဆင်ရေးကြီး ဖော်ဆောင်လိုက်တာ လေးငါးဆယ်ရက်အတွင်း မင်းတို့အကြမ်းဖက်အဖွဲ့အစည်းရဲ့ စခန်း ၅၇ ခုကို သိမ်းပိုက်နိုင်လိုက်တယ်ဆိုပဲ။


ဟုတ်တယ်လေကွာ။ အခု ညီနောင်သုံးဖော်လို့အမည်တွင်တဲ့ MNDAA, TNLA နဲ့ AA တို့က ရှမ်းပြည်မြောက်ပိုင်းကို ၁၀၂၇ စစ်ဆင်ရေးကြီး ဖော်ဆောင်လိုက်တာ လေးငါးဆယ်ရက်အတွင်း မင်းတို့အကြမ်းဖက်အဖွဲ့အစည်းရဲ့ စခန်း ၅၇ ခုကို သိမ်းပိုက်နိုင်လိုက်တယ်ဆိုပဲ။ အဲဒီဖြစ်ရပ်ကြီးက မြန်မာ့ရာဇဝင်မှာ မော်ကွန်းတင် ကမ္ဗည်းထိုးရမယ့်ဖြစ်ရပ်ကြီး ဖြစ်သွားတာပေါ့။ မင်းတို့ရဲ့ အနှစ်နှစ်အလလက ကြွေးကြော်ထားတဲ့ Standard ARMY ကြီးဆိုတာလည်း မစင်တွင်းထဲကရေတံခွန်ပမာ ထိုးဆင်းကျသွားပေါ့။
  

              
အဲဒီစစ်ဆင်ရေးကြီး ဖော်ဆောင်မယ်ဆိုတာ တစ်ပတ်ကျော်ကျော်လောက်ကတည်းက သတင်းပေါက်ကြားခဲ့တယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ မင်းတို့က ဖိန့်လုံးလို့ သတ်မှတ်သဘောထားကြလေရော့သလား။ ဒါမှမဟုတ် စီမံခန့်ခွဲမှု အင်မတန် ညံ့ဖျင်းကြလို့လား။ ဘာပဲဖြစ်ဖြစ် ချင်းရွှေဟော်ကို နာရီပိုင်းအတွင်း MNDAAအလံ လွှင့်တင်ခြင်းခံလိုက်ရတယ်။ အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ ရေ။ မင်းမျက်နှာကို ဓားနဲ့သာ လှီးပြစ်လိုက်ပေတော့။ ရှက်တတ်မယ်ဆိုရင်ပေါ့။
  

 

ရှမ်းမြောက်မှာ သေလိုက်ကြတာ မစင်တွင်းထဲကလောက်တွေကို အက်စစ်နဲ့လောင်းလိုက်သလို အတုံးအရုံး။ 

          
ဒါပေမဲ့ မင်းက အေးအေးဆေးဆေးပါဆိုတဲ့အနေနဲ့ ဆိုကရေးတီးပွဲကို တက်ရောက်ပြလိုက်သေးတယ်။ စခတွေ ဘာမှပူပင်မနေကြနဲ့ စိုးရိမ်စရာမလိုဘူးလို့ သတင်းပေးခြင်း ဖြစ်ဟန်တူပါရဲ့။ ဒါပေမဲ့ မင်းရဲ့ဘောမတွေကတော့ ပေါက်ကွဲကုန်ကြတော့တယ်။ ရှမ်းမြောက်မှာ သေလိုက်ကြတာ မစင်တွင်းထဲကလောက်တွေကို အက်စစ်နဲ့လောင်းလိုက်သလို အတုံးအရုံး။ ဒီမှာ ဒင်းကတော့ အေးအေးဆေးဆေး ပွဲရှုမပျက် နေနိုင်ရက်တယ်ဆိုပြီးတော့ပေါ့။ ခုတော့ မင်းရဲ့ ပက်စက်တဲ့လုပ်ရပ်တွေကို ဘောမတွေကလည်း လက်မခံကြတော့ဘူး။
        

      
တချို့က မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ အရှိန်ပြင်းပြင်းနဲ့လုပ်ဆောင်နေတဲ့ ထိုးစစ်ကို တရုတ်က မီးစိမ်းပြလိုက်ဟန်တူရဲ့လို့ သုံးသပ်ကြတယ်ကွ။ ငါ့အနေနဲ့တော့ အဲဒီလိုမထင်မိပေါင်ကွာ။ ဒင်းရဲ့ တိုင်းရင်းသားတွေအပေါ် ရက်စက်ယုတ်မာမှုတွေက တန်ပြန်ဂယက်ထလာတယ်လို့ပဲ ယူဆသကွ။ PDFတွေပူးပေါင်းလာတော့ အင်အားပိုကြီးထွားလာတယ်လေ။ ထိုးစစ်ဆင်နိုင်တဲ့အနေအထားတစ်ခုရောက်တာနဲ့ အသေအချာစီစဥ်ရေးဆွဲပြီး ထိုးနှပ်လိုက်တာပဲ။ စခတွေရဲ့ ထောက်လှမ်းရေးတွေကလည်း လက်နက်မဲ့တဲ့ပြည်သူတွေကိုသာ ဒုက္ခပေးဖို့ စိုင်းပြင်းနေကြတော့ ကြိုတင်မသိရှိဘဲ ရက်ပိုင်းလောက်မှသတင်းရတော့ မှူနနုင်မကယ်နိုင် ဖြစ်ကုန်ကြတာပေါ့။


           

စခအင်အား ၇၀ ကို လေကြောင်းကနေ ပို့လွှတ်လိုက်တယ်။ မြေပြင်တောင်မရောက်သေးဘူး၊ အားလုံး မသာပေါ်ကုန်ရော။ ပို့လွှတ်လိုက်တဲ့ပုဂ္ဂိုလ်ရဲ့ဦးနှောက်ကို ရွှေချထားသင့်တယ်။   

 
ခုဆို ထိုးစစ်က နောင်ချိုထိရောက်နေပြီ။ အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ လေကြောင်းကသာ စစ်ကူ၊ ထောက်ပို့ ပြုလုပ်နိုင်တဲ့အနေအထားပါ။ စခအင်အား ၇၀ ကို လေကြောင်းကနေ ပို့လွှတ်လိုက်တယ်။ မြေပြင်တောင်မရောက်သေးဘူး၊ အားလုံး မသာပေါ်ကုန်ရော။ ပို့လွှတ်လိုက်တဲ့ပုဂ္ဂိုလ်ရဲ့ဦးနှောက်ကို ရွှေချထားသင့်တယ်။ ဘယ်ဗျာ၊ ကိုယ်စိုးမိုးထားတဲ့နယ်မြေထဲမဟုတ်ဘဲ ရန်သူ့နယ်မြေထဲ အဆင်းခိုင်းရတယ်လို့ စစ်မြေပြင်လွှတ်တာမဟုတ်ဘူး။ သေတွင်းပို့လိုက်တာနဲ့ အတူတူပဲ။ အသက်မနှမြောတဲ့စခတွေ အမိန့်ကို တသွေမတိမ်းနာခံကြပေါ့ကွာ။


                 
ကြည့်ရတာက အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ တန်ပြန်ထိုးစစ်ဆင်နွှဲဖို့ ကြိုးစားတော့ဟန်မတူဘူး။ အဲဒါ တန်ပြန်ထိုးစစ်ဆင်နိုင်လောက်အောင်ထိ အင်အားမရှိတော့တဲ့သဘောပဲ။ ခုဆို မေမြို့ကိုခုခံကာကွယ်ဖို့ပဲ ဝက်ဝံတောင်တန်းတွေဘက်ကနေ အင်အားခပ်စိပ်စိပ်ချထားတယ်လို့ဆိုတယ်။ အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ ရေ။ မင်းပြောသလို ညီနောင်သုံးဖွဲ့ကို လက်နက်ထောက်ပံ့နေတာ တရုတ်မဟုတ်ဘူးဗျ။ မင်းကိုယ်တိုင် ထောက်ပံ့ပေးနေတာခင်ဗျာ။
    

           

ရှေ့တန်းရောက်နေတဲ့ စခတွေခမျာ အနားယူခွင့်မရ၊ ကောင်းကောင်းမွန်မွန်မစားသောက်ရနဲ့ စိတ်ဓာတ်ကျဆင်းနေကြတယ်။ ဒီတော့ ယုံကြည်ချက်အပြည့်၊ စိတ်ဓာတ်ခွန်အားအပြည့်နဲ့တက်ရောက်လာတဲ့ တော်လှန်ရေးသမားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ထွက်ပြေးကုန်ကြရော။ 


မင်းတို့က လက်နက်သာရှိရင် ဘာမဆိုဆောင်ရွက်လို့ဖြစ်တယ်ထင်ပြီး လက်နက်တွေ အလုံးအရင်းပို့ထားလိုက်တယ်။ ဒါပေမဲ့ ရှေ့တန်းရောက်နေတဲ့ စခတွေခမျာ အနားယူခွင့်မရ၊ ကောင်းကောင်းမွန်မွန်မစားသောက်ရနဲ့ စိတ်ဓာတ်ကျဆင်းနေကြတယ်။ ဒီတော့ ယုံကြည်ချက်အပြည့်၊ စိတ်ဓာတ်ခွန်အားအပြည့်နဲ့တက်ရောက်လာတဲ့ တော်လှန်ရေးသမားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ထွက်ပြေးကုန်ကြရော။ အဲဒီမှာ မင်းတို့ပို့ထားတဲ့ လက်နက်ခဲယမ်းတွေက ညီနောင်သုံးဖွဲ့အတွက် ဖြစ်ကုန်တော့တာပေါ့။ ကားစင်းရေ ၁၀ စီးနဲ့ တိုက်ယူရတာတောင် မကုန်နိုင်သေးဘူးဆိုပဲ။
      

           

မင်းတို့လက်နက်နဲ့မင်းတို့ အသတ်ခံရသလို ဖြစ်နေတာပေါ့ကွာ။ စစ်ရေးအမြင်ရှိကြသူတွေရဲ့ စီမံခန့်ခွဲမှု တော်ချက်။ ခုဆို မင်းတို့အနေနဲ့ လေကြောင်းပစ်ကူကလွဲလို့ တခြားတုန့်ပြန်မှု မစွမ်းသာတော့။


အဲဒီဖြစ်ရပ်မျိုးတွေက ကရင်နီ၊ ကရင်၊ ကချင်ဘက်တွေမှာလည်း တွေ့မြင်နေကြရတယ်။ ဒီတော့ မင်းတို့လက်နက်နဲ့မင်းတို့ အသတ်ခံရသလို ဖြစ်နေတာပေါ့ကွာ။ စစ်ရေးအမြင်ရှိကြသူတွေရဲ့ စီမံခန့်ခွဲမှု တော်ချက်။ ခုဆို မင်းတို့အနေနဲ့ လေကြောင်းပစ်ကူကလွဲလို့ တခြားတုန့်ပြန်မှု မစွမ်းသာတော့။ လေကြောင်းပစ်ကူကလည်း အကုန်အကျများသလောက် ထိရောက်မှုမရှိ။ ပြီးတော့ လေကြောင်းပစ်ကူကို ဘယ်လောက်ထိ အသုံးပြုနိုင်မှာလဲ။
  

               
ဒီမှာ။ ဆူနာမီလှိုင်းလုံးကြီးတွေက ခုမှစတင်လိုက်တာ။ တစ်လှိုင်းပြီးတစ်လှိုင်း လာလိမ့်ဦးမယ်။ ကရင်လှိုင်းလုံးကြီး၊ ကချင်၊ စစ်ကိုင်း လှိုင်းလုံးကြီး၊ ရခိုင်လှိုင်းလုံးကြီး၊ ကရင်နီလှိုင်းလုံးကြီး။ အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ ရေ။ မင်းအနေနဲ့ ငါမသေဘူး၊ ရေကူးတတ်တယ်ဆိုပေမဲ့ လှိုင်းမူးဒဏ်၊ လှိုင်းလုံးပုတ်ခတ်ဒဏ်ကိုတော့ ခံနိုင်ရည်ရှိတော့မယ်မထင်။
  

                 
တရုတ်ကြီးကတော့ မင်းတို့ဆီလည်းလာ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကိုလည်း တိုက်ခိုက်မှုတွေရပ်စဲကြဖို့ ပြောသပေါ့ကွာ။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကတော့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးဆိုတဲ့ အဆုံးစွန်လမ်းထိသွားမယ်လို့ တုံ့ပြန်ပြောဆိုလိုက်ကြပြီ။ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းကရောအကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပပြီး ၂၀၀၈ ခြေဥနဲ့အညီ အာဏာလွှဲပြောင်းရေးပဲလား။ ဒီမှာ မင်းတို့ရဲ့ စိတ်ကူးယဥ်မျှော်လင့်ချက်ကိုတော့ တို့ပြည်တရပ်လုံးကရော၊ နိုင်ငံတကာကပါ လက်မခံကြဘူးကွ။ ဒါပေမဲ့ မင်းက ဆင်ခြင်တုံမဲ့ ခေါင်းမာလွန်းခဲ့တယ်။
  

 

ဗမာတိုင်းရင်းသားအပါအဝင် တိုင်းရင်းသားအားလုံးက မင်းတို့စစ်အာဏာရှင်တွေကို အသည်းပေါက်အောင် နာကျည်းကုန်ကြပြီ။ မင်းတို့အနေနဲ့လည်း ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ခဲ့ကြပြီးပြီမဟုတ်လား။

                   
ခုတော့ဖြင့် အချိန်တွေက အင်မတန်ကို နှောင်းသွားခဲ့ပါပြီကွာ။ ဗမာတိုင်းရင်းသားအပါအဝင် တိုင်းရင်းသားအားလုံးက မင်းတို့စစ်အာဏာရှင်တွေကို အသည်းပေါက်အောင် နာကျည်းကုန်ကြပြီ။ မင်းတို့အနေနဲ့လည်း ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ခဲ့ကြပြီးပြီမဟုတ်လား။ ဒီတော့ ကိုယ်ရွေးချယ်ထားကြတဲ့လမ်းအတိုင်း လျှောက်လှမ်းကြရုံသာ ရှိတော့တာပ။ တရုတ်မပြောနဲ့ သိကြားမင်း နားကင်းနဲ့ဆင်းတာတောင် ရတော့ဟန်မထင်။
  

                
ကိုင်း၊ မင်းတို့အနေနဲ့ အသေခံကြမလား၊ ထွက်ပြေးထားကြမလားဆိုတာကိုသာ စဥ်းစားထားကြပေတော့။ အသေခံရမှာလည်း ကြောက်၊ ထွက်ပြေးစရာလည်း မြေမရှိ ဖြစ်နေကြပြီလား။ ဒါတော့မတတ်နိုင်ပေဘူး အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ ရေ။ ဒီလမ်းဒီခရီးကို မင်းကိုယ်တိုင် ရူးမိုက်စွာ ရွေးချယ်ခဲ့တာမဟုတ်ပါလား။ ကိုယ်စိုက်ပျိုးထားတဲ့သီးနှံကိုတော့ ကိုယ်တိုင် ရိတ်သိမ်းရပေမယ်ပေါ့ကွာ။ တူဖြစ်တော့နှံ၊ ပေဖြစ်တော့ ခံ ဆိုတဲ့စကားကိုသာ နှလုံးသွင်းထားပေရော့။
  

       

မင်းတို့အာဏာသိမ်းကာစက လက်နက်ကြီးတွေတကားကားနဲ့ လက်နက်မဲ့ပြည်သူတွေအကြား လမ်းလျှောက်ပြီး အော်ဟစ်ခဲ့ကြတာလေ။ သေရဲ့တဲ့သူ ထွက်ခဲ့တဲ့လား။ အခု အဲဒီအသံတွေက မင်းတို့ဆီ ပဲ့တင်ပြန်လာနေပြီ။ 

          
စဥ်းစားကြည့်။ မင်းအာဏာသိမ်းမှုကြောင့် တိုင်းပြည်လည်း ပျက်စီးခဲ့ရပြီ။ ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေလည်း ပျက်စီးခဲ့ရပြီးပြီမဟုတ်လား။ အဲဒီအတွက် မင်းတို့စစ်အာဏာရှင်တွေရဲ့ အသက်နဲ့ စည်းစိမ်တွေ ပြန်လည်ပေးဆပ်ကြရလိမ့်မယ်။ အားတင်းထားကြပေရော့။
      

            
မှတ်မိကြဦးမှာပါ။ မင်းတို့အာဏာသိမ်းကာစက လက်နက်ကြီးတွေတကားကားနဲ့ လက်နက်မဲ့ပြည်သူတွေအကြား လမ်းလျှောက်ပြီး အော်ဟစ်ခဲ့ကြတာလေ။ သေရဲ့တဲ့သူ ထွက်ခဲ့တဲ့လား။ အခု အဲဒီအသံတွေက မင်းတို့ဆီ ပဲ့တင်ပြန်လာနေပြီ။ သေရဲတဲ့သူ ထွက်ခဲ့ကြစမ်း၊ သေရဲတဲ့သူတွေ ထွက်ခဲ့ကြစမ်း။
  

           
နွေဦးတော်လှန်ရေး မုချ အောင်ရမယ်။
~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။