Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရခိုင်မှာ စစ်ဆင်ရေးစတင်၊ ရသေ့တောင်နယ် ခြားစောင့်စခန်းတွေကို AA စတိုက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ထဲက နယ်ခြားစောင့်စခန်းတွေကို ရက္ခိုင့်တပ်တော် AA က ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရပါတယ်။


ဒီနေ့မနက် (၅)နာရီလောက်ကစပြီး ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း၊ မေယုကမ်း ဒုံးပိုက်နဲ့ ချိန်ခါလီ နယ်ခြားစောင့်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာ Western News က ဖော်ပြပါတယ်။


လက်နက်ကြီးပစ်သံတွေလည်း တောက်လျှောက် ကြားနေရပြီး ဒေသခံတွေ ထွက်ပြေးနေကြရကြောင်း ကိုးတန်ကောက်ရွာသားတစ်ဦးက ပြောတယ်လို့  Western News က ဆိုပါတယ်။


ဒုံးပိုက်နယ်ခြားစောင့်စခန်းကို AA က သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေက ပြောကြပေမဲ့ သီးခြားအတည် ပြုလို့မရသေးဘူးလို့  Western News က ဖော်ပြပါတယ်။


~~~~~~~~~~ 

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။