Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရေစကြိုမြို့တွင်း ဝင်ရောက်စီးနင်းမှု စစ်သားနဲ့ပျူ ၁၀ ဦးလောက် သေဆုံးကြောင်း သတင်းထွက် ပေါ်

မကွေးတိုင်း၊ ရေစကြိုမြို့၊ ငြိမ်းဇာနည်တပ်စခန်း တိုက်ခိုက်ခံရမှုမှာ စစ်သားနဲ့ ပျူစောထီး (၁၀)ဦး ဝန်းကျင် သေဆုံးကြောင်း သတင်းထွက်ပေါ်နေတယ်လို့ သိရပါတယ်။


နိုဝင်ဘာ (၁၀)ရက်၊ မနက် (၉)နာရီလောက်က အကြမ်းဖက်စစ်တပ် အခြေစိုက်ရာ ငြိမ်းဇာနည် စစ်မှုထမ်းဟောင်းရုံးကို ဒေသတွင်းတော်လှန်ရေး မဟာမိတ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဟာ (၂)နာရီလောက် ကြာခဲ့ကာ စခန်းသိမ်းခါနီး အချိန်မှာ ရုံးပေါင်းစုံကနေ စစ်ကူလာတာကြောင့် ပြန်ဆုတ်လာရကြောင်း Myingyan Black Tiger (MBT) ကသတင်းထုတ်ပြန်ပါတယ်။


“ရေစကြိုဆေးရုံမှာ ဒဏ်ရာရတဲ့ကောင်တွေရော အလောင်းတွေရော တန်းစီနေတယ်။ စခနဲ့ပျူ (၁၀)ယောက်လောက် သေတယ်လို့ မြို့မှာ သတင်းထွက်တယ်။ သေစာရင်းကို အတည်မပြုနိုင်ပေမဲ့ မှန်တယ်လို့ ယုံပါတယ်” လို့ ရေစကြိုမြို့ခံတစ်ဦးက ပြောပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ပျူစောထီး (၅)ဦး ထွက်ပြေးခဲ့ရာ (၂)ဦးမှာ နေရာမှာပင် သေဆုံးခဲ့ကြောင်း MBT က ဆိုပါတယ်။


စခန်းတွင်း ကျန်ရှိနေတဲ့ စစ်သားတွေ ထိခိုက်သေဆုံး များပြားကြောင်း တပ်တွင်းသတင်းပေးချက်အရ သိရတယ်လို့ MBT က ဆိုပါတယ်။


ငြိမ်းဇာနည်စခန်း ဝင်ရောက်စီးနင်းမှုကို MBT၊ YSO TPG မြိုပြပြောက်ကျားတပ်ဖွဲ့၊ Popa Production & Guerilla Force (PPGF)၊ မြောင်တပ်ပေါင်းစုနဲ့Thway Thauk Revolution Force တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။


~~~~~~~~~ 

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။