Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

၁၀၂၇စစ်ဆင်ရေးနဲ့ အထာမကျသေးတဲ့ တရုတ်အတွေး (OPINION)

NLD အစိုးရနဲ့ အလုပ်ဖြစ်သော ဆက်ဆံရေးသစ် တည်ထောင်ပြီးချိန်မှာ အကြမ်းဖက်စစ်အုပ်စုက မအောင်မြင်သော အာဏာသိမ်းပွဲ စတင်လိုက်တာကြောင့် တရုတ်အတွက်လည်း အခက်တွေ့ကာ တစ်ကပြန် စရပြန်တယ်။

 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သံခင်းတမန်ခင်းဆက်ဆံရေးထက် အများကြီး ပိုမ သိ။အရင် စစ်အစိုးရလက်ထက် မြန်မာပြည်သူတွေရဲ့ကြား တရုတ်အစိုးရအပေါ် အမုန်းတရားကြီးခဲ့ကြတဲ့ သင်ခန်းစာကလည်း ရှိနေပြန်တာကြောင့် အကြမ်းဖက်စစ်အုပ်စုဘက်က မရပ်မိအောင် သတိကြီးကြီးထားခဲ့။

 

မျက်နှာပျက်လို့မဖြစ်တဲ့ တရုတ် မိတ်ဖက် အာဆီယံက မြန်မာ့အရေး ဘုံသဘောတူညီချက်၅ရပ် ထွက်ပေါ်လာပြီး အဲဒီမူ ၅ရပ်ကို မင်းအောင်လှိုင်ကိုယ်တိုင်ကလည်း အတည်ပြုလက်မှတ်ထိုးခဲ့တာကြောင့် တရုတ်ကလည်း ချက်ချင်းဆိုသလို ထောက်ခံခဲ့တယ်။

 

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်၊သက်ဆိုင်သူတွေ တွေ့ဆုံဆွေး နွေးအဖြေရှာ၊၂၀၂၀ရွေးကောက်ပွဲရလဒ်နဲ့ ၂၀၀၈ အခြေခံဥပဒေအောက်ကို ပြန်သွားခိုင်းတဲ့သဘော။

 

မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက် ၅ရပ်ဆိုတာ စစ်တပ်ရဲ့အာဏာသိမ်းမှုကို လက်မခံဘူးဆို တဲ့ အထိုင်ကနေ ထွက်ပေါ်လာခြင်းဖြစ်တယ်။အကြမ်းဖက်မှုတွေ ချက်ချင်းရပ်၊သက်ဆိုင်သူတွေ တွေ့ဆုံဆွေး နွေးအဖြေရှာ၊၂၀၂၀ရွေးကောက်ပွဲရလဒ်နဲ့ ၂၀၀၈ အခြေခံဥပဒေအောက်ကို ပြန်သွားခိုင်းတဲ့သဘော။

 

၂၀၂၁ခုနှစ်၊ဧပြီ၂၄ရက် အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာက အာဆီယံခေါင်းဆောင်တွေရှေ့မှောက်မှာ မူ၅ ရပ်ကို လက်မှတ်ထိုး အတည်ပြုခဲ့တဲ့ မင်းအောင်လှိုင်ဟာ နောက်တစ်ရက်မှာပဲ ကိုယ့်မျက်နှာကိုယ် တံတွေးနဲ့ ပြန်ထွေးကာ မူ၅ရပ်ကို စတင်ဆုတ်ဖြဲခဲ့တယ်။အဲဒါမှာ တရုတ်၊အာဆီယံနဲ့နိုင်ငံတကာအသိုင်းအဝိုင်းက မင်း အောင်လှိုင်ဆိုတာ နိုင်ငံရေးဂုဏ်သိက္ခာ တစ်ပြားတစ်ချပ်တောင် မရှိတဲ့ကောင်စားလို့ သိမှတ်ခဲ့ကြတယ်။

 

ဒါပေမဲ့၊တရုတ်က သူ့အိမ်နောက်ဖေးမှာ ဝရုန်းသုန်းကားဖြစ်နေတဲ့အခြေအနေကို ဘယ်လိုမှ လက်မခံ နိုင်၊မြန်မြန်ကိစ္စပြတ်ချင်နေလေတော့ အလုပ်ဖြစ်နိုင်မယ်ထင်တဲ့အရာတွေကို လျှောက်စမ်းကြည့်တယ်။မင်း အောင်လှိုင်က အာဆီယံမူ၅ရပ်ကို လုံးဝလက်မခံဘူးဆိုတာကိုလည်း တရုတ်ကောင်းကောင်းသိလိုက်တယ်။

 

အာဆီယံက ဟွန်ဆန်သယ် လာ တဲ့ အဲဒီလိုင်းကို ခြွင်းချက်မရှိ ချက်ချက်ဆိုသလို ပယ်ချလိုက်တဲ့အခါ ဟွန်ဆန်ရော တရုတ်ပါ အရူးကွက် နင်းကာ ပြန်လျှောချလိုက်ရတယ်။

 

ဒါနဲ့ ၂၀၂၂ခုနှစ်၊ဇန်နဝါရီ ၇ရက်၊ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် နေပြည်တော်မှာ မင်းအောင်လှိုင် နဲ့တွေ့ပြီးအပြန် အာဆီယံမူ၅ရပ်နဲ့ စစ်ကောင်စီရဲ့ရှေ့လုပ်ငန်းစဉ် ၅ရပ် ဆက်စပ်ဖော်ဆောင်ရေးဆိုတဲ့ လိုင်းကို ဆွဲတင်လိုက်ချိန်မှာ တရုတ်ကလည်း ဟိုလိုလိုဒီလိုလိုနဲ့ ထောက်ခံလိုက်ပြန်တယ်။အာဆီယံက ဟွန်ဆန်သယ် လာ တဲ့ အဲဒီလိုင်းကို ခြွင်းချက်မရှိ ချက်ချက်ဆိုသလို ပယ်ချလိုက်တဲ့အခါ ဟွန်ဆန်ရော တရုတ်ပါ အရူးကွက် နင်းကာ ပြန်လျှောချလိုက်ရတယ်။

 

ပြီးတော့ စစ်အုပ်စုနဲ့ NLD နှစ်ဖက်အတူလျှောက်နိုင်မယ့် ပလက်ဖောင်းတစ်ခုကို တရုတ်က ထပ်စိတ် ကူးယဉ်ကြည့်ပြန်တယ်။အဲဒါကတော့ စစ်အုပ်စုလည်း ရွေးကောက်ပွဲလုပ်၊NLDပါတီကိုလည်း ရွေးကောက်ပွဲ ပေးဝင်ဆိုတဲ့လိုင်း။အဲဒါဆို နှစ်ဖက် win-win ဖြစ်နိုင်မလားပေါ့။ဒေါ်အောင်ဆန်းစုကြည်ကသာ အဲဒီလိုင်းပေါ် တက်လာရင် နွေဦးတော်လှန်ရေးရဲ့ တပ်ဦးပါတီ NUGအစိုးရကိုလည်းခေါက်ပစ်၊တော်လှန်သောတိုင်းရင်းသား လက်နက်ကိုင်တွေလည်း နားထား၊PDF တွေလည်း ချန်ထားလို့ရတယ်ဆိုတာအထိ တရုတ်က မင်းအောင်လှိုင် ကို အိပ်မက်တွေဘာတွေ ပေးခဲ့လေသလား မပြောတတ်။

 

မင်းအောင်လှိုင်ရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုဟာ သူနဲ့ စစ်အုပ်စု အာဏာရာသက်ပန်တည်မြဲရေး ရည်မှန်းချက်ဖြစ်ပြီး အဲဒီရည်မှန်းချက် ပေါက်မြောက်ဖို့ရာ နိုင်ငံရေးအရ မင်းအောင်လှိုင်ရော စစ်အုပ်စုကပါ အ ကြောက်ကြီးကြောက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို အပြီးအပြတ်ချေမှုန်းရမယ်ဆိုတဲ့ ပိုင်းဖြတ် မှုကြီးက အခိုင်အမာမို့ တရုတ်ဆေးမြီးတိုအပေါ် မင်းအောင်လှိုင် ငြင်းခဲ့ပုံပါပဲ။

 

၂၀၂၃ ခုနှစ်၊မတ်လကုန်ပိုင်းမှာ NLDပါတီအပါအဝင် ပါတီပေါင်း ၄၀ကို စစ်အုပ်စုက ပယ်ဖျက်လိုက်တာဟာ မြန်မာ့ အရေး တရုတ်ဆေးမြီးတိုကို မင်းအောင်လှိုင်ကိုယ်တိုင် လက်မခံကြောင်း အတိအလင်းဖော်ပြချက်ဖြစ်ပါတယ်။

 

အဲဒါကြောင့်လည်း ၂၀၂၂ခုနှစ်၊ဇွန်လအတွင်း လန်ချား-မဲခေါင် အစည်းအဝေးတက်ဖို့ တရုတ်နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယိ ပုဂံသို့ ရောက်ရှိစဉ် မင်းအောင်လှိုင်ကို အဖက်လုပ် မတွေ့ဆုံခြင်းလို့ ထင်ရပါတယ်။၂၀၂၃ ခုနှစ်၊မတ်လကုန်ပိုင်းမှာ NLDပါတီအပါအဝင် ပါတီပေါင်း ၄၀ကို စစ်အုပ်စုက ပယ်ဖျက်လိုက်တာဟာ မြန်မာ့ အရေး တရုတ်ဆေးမြီးတိုကို မင်းအောင်လှိုင်ကိုယ်တိုင် လက်မခံကြောင်း အတိအလင်းဖော်ပြချက်ဖြစ်ပါတယ်။

 

တရုတ် က မင်းအောင်လှိုင်ဆိုတာ ညှိဖို့နှိုင်းဖို့ကိစ္စကို စိတ်မဝင်စားဘဲ သူလုပ်ချင်တာလုပ်မှာကို တ ရုတ်ရော နိုင်ငံတကာအသိုင်းအဝိုင်းကပါ ဝိုင်းဝန်ထောက်ခံပေးဖို့သာ ဆန္ဒရှိတဲ့ နိုင်ငံရေးကျပ်မပြည့်သူအဖြစ် ကောင်းကောင်းသိမြင်သွားမယ်လို့ထင်ပါ တယ်။

 

မင်းအောင်လှိုင်အပေါ် မယုံကြည်မှုနဲ့ နိုင်ငံရေးအရာ မသွင်းမှုကို တရုတ်ဘက်က ထင်ထင်ရှားရှားပြ လိုက်တာကတော့ ပိုးလမ်းမဖိုရမ်ပဲဖြစ်ပါတယ်။အောက်တိုဘာ၁၇ရက်နဲ့ ၁၈ရက်နေ့၊ဘေဂျင်းမှာ ကျင်းပတဲ့ တတိယအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ဖို့  နိုင်ငံ့ ခေါင်းဆောင်များစွာကို ဖိတ်ကြားခဲ့ပေမဲ့ မင်းအောင်လှိုင်ကတော့ နေပြည်တော်မှာသာ အံတင်းတင်းကြိတ်ရုံ  တတ်နိုင်ပါတယ်။မင်းအောင်လှိုင်အတွက် ပိုရင်နာရတာက အဲဒီဖိုရမ်တက်ရောက်ဖို့ အာဖဂန် တာလီ ဘန် တွေကိုတောင် ဘေဂျင်းက ဖိတ်ကြားခဲ့ခြင်းပါပဲ။

 

အဲဒီဖိုရမ်တက်ရောက်ဖို့ မင်းအောင်လှိုင်ခန့် ပို့ဆက်ဝန်ကြီး မြထွန်းဦးကို ဘေဂျင်းက ဖိတ်ကြားခဲ့ပါ တယ်။ဘေဂျင်းက မင်းအောင်လှိုင်ကိုလည်း အသိအမှတ်မပြုချင် ပေမဲ့တရုတ်ရပ်ဝန်းနဲ့ပိုးလမ်းမမှာ မြန်မာ နိုင်ငံက အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်တာကြောင့် တစ်ဆင့်နိမ့်ဝန်ကြီးတစ်ဦးကို မကောင်း တတ်လို့ ဖိတ်ကြားခြင်းလို့ တွက်ဆနိုင်သလို တရုတ်ဟာ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တဲ့ မြထွန်းဦးကို ပွဲထုတ်တာလားလို့လည်း မေးခွန်းထုတ်ရပါမယ်။

 

ဒါ့ကြောင့် တရုတ်ဟာ သူနဲ့ ဆက်ဆံရေးကောင်းရှိပြီး ညှိနှိုင်းလို့ရနိုင်တဲ့ မြထွန်းဦးကို မင်းအောင်လှိုင်နေရာမှာ ထားကြည့်၊စိတ်ကူးယဉ်ကြည့်နေတာလားလို့လည်း မေးခွန်းထုတ်ရပါ မယ်။

 

မြထွန်းဦးဆိုတာ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ကတည်းက မင်းအောင်လှိုင်ချောင်ထိုးထားတဲ့ သူတစ်ဦးဖြစ်တာကြောင့် မင်းအောင်လှိုင် စိတ်ချရတဲ့ လူရင်းတစ်ယောက်မဟုတ်ရုံတင်မက အတွင်းကြိတ် အားပြိုင်မှုတွေတောင် ရှိနိုင်ပါတယ်။ဒါ့ကြောင့် တရုတ်ဟာ သူနဲ့ ဆက်ဆံရေးကောင်းရှိပြီး ညှိနှိုင်းလို့ရနိုင်တဲ့ မြထွန်းဦးကို မင်းအောင်လှိုင်နေရာမှာ ထားကြည့်၊စိတ်ကူးယဉ်ကြည့်နေတာလားလို့လည်း မေးခွန်းထုတ်ရပါ မယ်။

 

အခု ညီနောင်၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကိုရော တရုတ်က ဘယ်လိုသဘောထားပါသလဲ။အကဲခတ်တ ချို့က တရုတ် သဘောမတူဘဲ ၁၀၂၇စစ်ဆင်ရေး စတင်စရာ အကြောင်းမရှိဘူးလို့ ရဲရဲတင်းတင်းမှတ်ချက် ပေးခဲ့ပါတယ်။အဲဒီမှတ်ချက်ဟာ ဘယ်လောက်ထိ မှန်၊မမှန် မသိသေးပေမဲ့ တရုတ်ထောက်လှမ်းရေးနဲ့ တရုတ် သတင်းပေးတွေ အပြည့်ရှိတဲ့ တရုတ်-မြန်မာနယ်စပ်မှာ TNLA နဲ့ MNDAA တို့ရဲ့ စစ်ရေးပြင်ဆင်မှုတွေကို ယူ နန်အာဏာပိုင်တွေက မသိစရာအကြောင်းမရှိပါဘူး။ဒါ့ကြောင့် ၁၀၂၇စစ်ဆင်ရေးကို တရုတ်က မသိချင် ယောင်ဆောင်နေလိုက်တာတော့ အသေအချာပါပဲ။

 

နောက်တစ်ချက်မဖြစ်မနေ ထည့်စဉ်းစားရမှာက တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ဇွန်၁ရက်ကနေ ၃ ရက်နေ့အထိ မိုင်းလားမြို့မှာ ပြုလုပ်တဲ့ ညီနောင်၃ဖွဲ့နဲ့ စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပဲဖြစ်ပါတယ်။ အဲ ဒီဆွေးနွေးပွဲကို ၃ရက်လုပ်ဖို့ စီစဉ်ထားပေမဲ့ ဒုတိယနေ့မှာပဲ ဘာရလဒ်မှ မထွက်ဘဲ ပွဲပြီးသွားပါတယ်။အဲဒါကို ကြည့်လိုက်ရင် ညီနောင်၃ဖွဲ့အပေါ် တရုတ်ရဲ့ ဩဇာ အကန့်အသတ်နဲ့ပဲရှိတယ်ဆိုတာပါပဲ။

 

၁၀၂၇စစ်ဆင်ရေး စတင်လိုက်ပြီးနောက် မကြာခင် အောက်တိုဘာ၃၀ ရက်မှာ တရုတ်နိုင်ငံတော် ကောင်စီဝင်၊ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီး မစ္စတာဝမ်ရှောက်ဟုန် နေပြည်တော်သို့ ရောက်ရှိလာတာ ကြောင့် ရှမ်းမြောက်တခွင် တိုက်ပွဲတွေနဲ့ နယ်စပ်လုံခြုံရေးကိစ္စ လာဆွေးနွေးတာလို့ အားလုံးက ယူဆခဲ့ကြပါ တယ်။

 

ဒါပေမဲ့၊တရုတ်အစိုးရအာဘော် Globle Times က ဝန်ကြီး မစ္စတာဝမ်ရှောက်ဟုန်ရဲ့ နေပြည်တော်ခ ရီးစဉ်ဟာ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ တိုက်ဖျက်ရေးကိစ္စသာ ဆွေးနွေးခဲ့တာလို့ ဖော်ပြချက်က မင်းအောင် လှိုင်စစ်သားတွေ အသေဆိုးနေတဲ့ကိစ္စ တရုတ်ဝင်မပါဘူးလို့ ပြောကြားလိုက်သလိုပါပဲ။

 

ပြောရမယ်ဆိုရင် ကိုယ့်ကိစ္စကိုယ် မြန်မြန်ရှင်းပါ။အပစ်ရပ်ပါ။ဆွေးနွေးအဖြေရှာပါလို့ ဒုဝန်ကြီးလောက် လွှတ်လိုက်ပြီး လာ ငေါက်ငမ်းပြန်တာပါ။

 

ပြီးတော့ တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong ကို နေပြည်တော်ထပ်စေလွှတ် ကာ နယ်စပ်ဒေသ တည်ငြိမ်ရေးကို အမြန်ဆုံးဆောင်ရွက်ဖို့နဲ့ တရုတ်-မြန်မာ နယ်စပ် တရုတ်ဘက်ခြမ်းရှိ တ ရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ပြောရမယ်ဆိုရင် ကိုယ့်ကိစ္စကိုယ် မြန်မြန်ရှင်းပါ။အပစ်ရပ်ပါ။ဆွေးနွေးအဖြေရှာပါလို့ ဒုဝန်ကြီးလောက် လွှတ်လိုက်ပြီး လာ ငေါက်ငမ်းပြန်တာပါ။

 

မင်းအောင်လှိုင်မှာက ရှင်းစရာနည်းလမ်းမရှိပါဘူး။ မင်းအောင်လှိုင်ရဲ့ အဘိဓာန်မှာ မှန်ကန်ဖြောင့် မတ်တဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတာမရှိသလို မတတ်သာလို့ ဆွေးနွေးမယ်ဆိုရင်တောင် တော်လှန် ရေးအင်အားစုက ဒီလူသတ်ကောင်ရဲ့စကားကို အဖက်လုပ်တုံ့ပြန်မှာမဟုတ်ပါဘူး။ဆိုတော့ အပစ်ရပ်ပါ၊ဆွေး နွေးပါဆိုတာ နှစ်ဖက်စလုံးအတွက် မဖြစ်နိုင်ဘူးဆိုတာ တရုတ်ကလည်း ကောင်းကောင်းသိမယ်ထင်ပါတယ်။

 

တရုတ်က မင်းအောင်လှိုင် အထိနာမယ့်အချိန်ကို စောင့်နေပုံလည်းရပါတယ်။ဆိုလိုတာက တရုတ် ဟာ တော်လှန်ရေးအင်အားစုတွေ လုံးဝ အနိုင်ရသွားတာမျိုးမဟုတ်ဘဲ စစ်တပ်က ကောင်းကောင်းအထိနာတဲ့ အချိန် အနာဂတ်မရှိတော့တဲ့ မင်းအောင်လှိုင်ကို ဖယ်ရှား၊မြထွန်းဦးကို စစ်အုပ်စုခေါင်းဆောင်အဖြစ်နဲ့ စားပွဲ ဝိုင်း ပေါ် ဆွေးနွေးအဖြေ ရှာ စေတာမျိုး စိတ်ကူးယဉ်ချက်လည်း ရှိနိုင်ပါတယ်။

 

မြန်မာ့အရေး တရုတ်ဆေးမြီးတိုတွေက ဒီနေ့အထိ အလုပ်မဖြစ်တာချည်းပါပဲ။တော်လှန်ရေးအင်အား စုတွေက စစ်တပ်ဟာ နိုင်ငံရေးကနေ လုံးဝထွက်ပါမယ်ဆိုတဲ့ ကတိပြုချက်ရမှသာ စကားဝိုင်းပေါ်မှာ အခေါ် အပြောလုပ်မယ်လို့ ပိုင်းဖြတ်ပြီးဖြစ်ပါတယ်။

 

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။