Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကြိုက်တဲ့သေလမ်း ရွေးချယ် (OPINION)

ဟေ့ကောင် အကြမ်းဖက်ခေါင်းဆောင် မ.အ.လ။

 

မင်း အာဏာသိမ်းပြီး ၂နှစ်ကျော်ကာလအတွင်းမှာ နိုင်ငံလည်းပျက်၊ စီးပွားရေးလည်းပျက်၊ တပ်လည်း ပျက်သွားပါရောလားဟ။ အဲဒါ မင်းရဲ့အရည်အချင်း အစစ်အမှန်ပေါ့ကွာ။ တော်တန်ရုံ နိုင်ငံချစ်စိတ်၊ ပြည်သူကို ငဲ့ညှာတဲ့စိတ် ရှိသူဆိုရင်တော့ အခုလိုအခြေအနေမျိုးမှာ အဖြေရှာကြည့်တဲ့နည်းလမ်းတစ်ခုခုကို ဆောင်ရွက်သင့်ပြီပေါ့။ ဒါပေမဲ့ မင်းကတော့ မင်းကိုယ်ကျိုးတစ်ခုအတွက် အဆင်အခြင်မဲ့ ရှေ့ဆက်တိုး မိုက်လုံးကြီးထွားနေဆဲ။ မင်းက လူသားစိတ်ရှိလို့ သစ်ပင်စိုက်တာပေါ့လို့ ပြောပေမဲ့ မင်းမှာ အာဏာသိမ်းလိုက်ကတည်းက လူသားစိတ်ဆိုတာ မရှိတော့တာ အမှန်ပဲကွ။

 

အခုဆို မင်းရဲ့ဒေါက်တိုင် စခတွေဟာ သေတဲ့သူက သေ၊ အလင်းဝင်တဲ့သူက ဝင်၊ အမိန့်မနာခံဘဲ ပြစ်ဒဏ်ခံယူကြသူတွက ပြစ်ဒဏ်ခံယူနဲ့ တကယ့်ကို ဝရုန်းသုန်းကား။ ဝါးအစည်းပြေသလို ဖြစ်နေပါပေါ့လား။ အဲဒီမှာ ကျန်ရှိတဲ့စခတွေကလည်း အခွင့်အရေးရတုန်း ကြိတ်လိုက်မဟ၊ မြိုလိုက်မဟန့ မရှူနိုင်မကယ်နိုင် စားပိုးနင့်နေကြတော့ ဖုံးမရ၊ ဖိမရ။ ပြည်သူနဲ့ထိတွေ့တဲ့စခတွေကလည်း လက်နက်အားကိုးနဲ့ ပြည်သူကို ရန်သူလိုသဘောထား၊ ပစ္စည်းဥစ္စာတွေကို ခိုးဝှက်ယူဆောင်၊ မီးရှို့ဖျက်ဆီး။

 

ဟ ဟ မဟုတ်ဘူး၊ လ လ ပါပဲ။ တကယ်တော့ နိုင်ငံကိုချစ်တဲ့ တို့ပြည်သူတရပ်လုံးက နိုင်ငံကိုဖျက်ဆီးနေကြတဲ့ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းကို ဘဝတွေပေး၊ အသက်တွေပေးပြီး တော်လှန်နေကြတာ။ သိရဲ့လား။ 

 

ဒီမှာ အကြမ်းဖက် ဒုခေါင်းဆောင်က စာမတတ်ကြလို့ သူတို့ကို တော်လှန်နေကြတာလို့ ပြောလိုက်သေး။ ဟ ဟ မဟုတ်ဘူး၊ လ လ ပါပဲ။ တကယ်တော့ နိုင်ငံကိုချစ်တဲ့ တို့ပြည်သူတရပ်လုံးက နိုင်ငံကိုဖျက်ဆီးနေကြတဲ့ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းကို ဘဝတွေပေး၊ အသက်တွေပေးပြီး တော်လှန်နေကြတာ။ သိရဲ့လား။ 

 

အခုတော့ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ။ မင်းကိုယ်တိုင် လားရှိုးမြို့ တပ်နယ်မြေကိုသွားရောက်ပြီး ပြည်သူ့စစ်တွေကို အောက်ကျို့ ခယနေရပြီမဟုတ်လား။ ပြည်၊ တောင်ငူနဲ့ ပုသိမ်နယ်ဘက်တွေမှာလည်း ပြည်သူ့စစ်တွေကို နေ့တွက်ခပေးပြီး ခေါ်ယူနေရပြီမဟုတ်လား။ အဲဒီမှာ အင်အားစုဆောင်းရေးက ညွှန်ချုပ်၊ ဗိုလ်ချုပ်တစ်ကောင်ကတော့ ချည့်နဲ့သွားတဲ့အနေအထားမှာ အင်အားမဖြည့်ဆည်းနိုင်လို့ဆိုပြီး ဓားစာခံသွားလေရဲ့။ ဘာပဲဖြစ်ဖြစ် မင်းတို့စခတွေ အင်အားချည့်နဲ့နေပြီဆိုတာ ထင်ရှားနေပြီမဟုတ်လား။ မကြာခင် ပြိုလဲပျက်စီးသွားတော့မှာကို မြင်ယောင်မိပါသေးရဲ့။

 

ဒါ့အပြင် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်းတို့ဘက်က အခြေချတပ်စခန်းတွေလည်း တစ်ခုပြီးတစ်ခု တဖြုတ်ဖြုတ်ပြုတ်နေပါလားဟ။ တိုက်တိုင်းရှုံးလို့တောင် ပြောရတော့မယ့်ကိန်း။ ရှုံးဆို မင်းတို့ထိပ်ပိုင်း စခတွေကသာ တစ်ပုလင်း ဒေါ်လာ ၄၀၀၀တန်အရက်သောက်ပြီး စည်းစိမ်ယစ်နေကြတာ၊ အောက်ပိုင်း စခတွေကတော့ ခေါက်ဆွဲခြောက်စား၊ ပဲဟင်းအသိုး သောက်နေကြရတာပဲဆိုကိုး။ ပြီးတော့ အသက်ကလည်း ၄၀ကျော်အရွယ်တွေ။ အနားမယူကြရတာလည်း နှစ်ချီကြာပေါ့။ ဒီော့ ဘယ်မှာ တက်ကြွပါတော့မလဲ။ တိုက်လို၊ ခိုက်လို မရှိကြတော့တဲ့အပြင် စိတ်ဓာတ်ရေးရာတွေလည်း ပျက်စီးကျဆင်းနေကြတော့တာတဲ့ ေလ။

 

အဓိကအချက်ကတော့ စခတွေက အမိန့်ကို မလွန်ဆန်နိုင်ကြလို့သာ လှုပ်ရှားနေကြရတာ။ EAO, PDFတွေက ယုံကြည်မျှော်လင့်ချက်အတွက် တိုက်ပွဲဝင်နေကြတာလေ။ အဲဒီအချက်က တိုက်ပွဲရဲ့ရလဒ်ကို အဖြေထွက်စေတာပါပဲ။

 

EAO, PDFတွေကတော့ အောင်မြင်မှုပန်းတိုင်နဲ့ နီးကပ်လာတာနဲ့အမျှ ကြက်ဖတွေက တက်ကြွလို့တဲ့။ အသက်တွေကလည်း ၂၀ကျော် ၃၀ တွင်းတွေ။ သန်မာဖျက်လက်လို့။ စားရတာကလည်း ကြက်သားတစ်လှည့်၊ ဝက်ားတစ်လှည့်။ ငြုတ်သီးအစိမ်းထောင်း၊ ငပိအတို့အမြုပ်တွေကိုတောင် လွမ်းကြရဆိုပဲ။ အဓိကအချက်ကတော့ စခတွေက အမိန့်ကို မလွန်ဆန်နိုင်ကြလို့သာ လှုပ်ရှားနေကြရတာ။ EAO, PDFတွေက ယုံကြည်မျှော်လင့်ချက်အတွက် တိုက်ပွဲဝင်နေကြတာလေ။ အဲဒီအချက်က တိုက်ပွဲရဲ့ရလဒ်ကို အဖြေထွက်စေတာပါပဲ။ 

 

ဒီမှာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ။ မင်းအတွက် အဆင်းကို ဘီးတပ်ပေးလိုက်သလို ဖြစ်စေတာကတော့ စစ်ရေးရှုံးနိမ့်မှုသာမက၊ စီးပွားရေးကလည်း နာလံမထူအောင်ကို ပျက်စီးကျဆင်းသွားခြင်းပဲကွ။ ပျက်စီးကျဆင်းသွားဆို စစ်ရေးစရိတ်တွေ၊ အဆင်အခြင်မဲ့ အတိုင်းအစမဲ့ သုံးစွဲဖြုန်းတီးခဲ့ကြလို့ပါပဲ။ မင်းက တို့ပြည်သူတွေကို ထောင်ဂဏန်းလောက် အဖမ်းပြ၊ ရာဂဏန်းလောက် သတ်ပြလိုက်ရင် ငြိမ်ဝပ်ပိပြားသွားလိမ့်မယ်လို ထင်မြင်တွက်ချက်ခဲ့တာကိုး။ အခု သောင်းဂဏန်းထိ ဖမ်းဆီး၊ ထောင်ဂဏနးထိ သတ်ဖြတ်၊ ကျေးရွာသောင်းချီပြီး မီးရှို့ပြလည်း ပြည်သူ့တော်လှန်ရေးအရှိန်အဟုန်က မရပ်တန့်သွားတဲ့အပြင် ပို၍ပို၍ အားကောင်းမောင်းသန်ဖြစ်ခဲ့တယ်မဟုတ်လား။ အဲဒီမှာ မင်းအနေနဲ့ လိပ်ပက်လက်လှန်သလို ဖြစ်တော့တာပါပဲ။

 

စစ်လက်နက်တင်သွင်းမှုနဲ လေယာဉ်ဆီတင်သွင်းမှုက လွဲပြီး စက်သုံးဆီ၊ စားဆီတင်သွင်းမှုကို ကန့်သတ်။ အဲဒီမှာ အခြေခံစားသောက်ကုန်တွေမိုးပျံတက်သွားတာပ ပြည်သူတွေခမျာ ဆီ ၅၀ သားရဖို့အရေး အချိန်တွေလေလွင့်ခံပြီး တန်းစီရတောတယ်။

 

အဲဒီမှာ ဗဟိုဘဏ်က အရန်ငွေတွေထုတ်သုံး၊ သဘာဝဘေးအန္တရာယ်အတွက် ထားရှိတဲ့ငွေတွေ ထုတ်သုံး၊ ဝင်ငွေက တစ်ပြားတစ်ချပ်မှမရှိလေတော့ ၂နှစ်တာကာလမှာ ခရုအဆံချွတ်၊ ဖွတ်ကျားပြာစုသလို ဖြစ်ပါလေရော။ ဒါ့အပြင် နိုင်ငံတကာကပါ ငွေကြေးစီးကြောင်းကို ဖြတ်တောက်လိုက်တော့ မျောက်မီးခဲကိုင်မိသလို ဖြစ်တော့တာပါပဲ။ စစ်လက်နက်တင်သွင်းမှုနဲ လေယာဉ်ဆီတင်သွင်းမှုက လွဲပြီး စက်သုံးဆီ၊ စားဆီတင်သွင်းမှုကို ကန့်သတ်။ အဲဒီမှာ အခြေခံစားသောက်ကုန်တွေမိုးပျံတက်သွားတာပ ပြည်သူတွေခမျာ ဆီ ၅၀ သားရဖို့အရေး အချိန်တွေလေလွင့်ခံပြီး တန်းစီရတောတယ်။

 

ဒီတော့ ဒေါ်လာထိန်းချုပ်ရေး၊ ကုန်စျေးနုန်းကျဆင်းရေးတို့အတွက် ယုံကြည်စိတ်ချ အားကိုးလောက်တဲ့သူကို တာဝန်ပေးလိုက်တယ်။ တကယ့်သူခိုးအကြီးစားကို ဘဏ္ဌာစိုးခန့်အပ်မိသလိုဖြစ်ေရာ။ အဲဒီမှာ မင်းကအစ မင်းတို့စစ်အာဏာရှင်တွေအားလုံးဟာ အလီဘာဘာတွေချည်းပါပဲကွာ။ သက်သေပြစရာလိုသေးလိုလား။ မင်းတို့ရရှိတဲ့လစာနဲ့ မင်းတို့ပိုင်ဆိုင်ထားတဲ့စည်းစိမ်တွေ ချိန်ထိုးကြည့်လိုက်ရင် လယ်ပြင်ဆင်သွားတာကမှ မှုန်ဝါးနေပေလိမ့်ဦးမယ်။ အမှန်တကယ်လည်း တို့နိုင်ငံမွဲတေနေတာဟာ မင်းတို့စစ်အာဏာရှင်တွေ လွှမ်းမိုးနေခဲ့လို့ပါပဲ။

 

အဲဒီမှာ သူခိုးကြီးတွေရဲ့အိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးလိုက်တော့ ထိုင်း၊ စင်္ကာပူတို့မှာ ကွန်ဒိုတိုက်ခန်းဝယ်ယူထားကြတဲ့ အထောက်အထားတွေ၊ ရုရှားမှာ တိုက်တာဆောက်လုပ်ထားတဲ့ အထောက်အထားတွေ၊ တွေ့ရှိရတာကတော့ စိတ်ဝင်စားစရာကောင်းလှသကွ။ အခြေအနေမဟန်ရင် ထွက်ပြေးကြဖို့ ပြင်ဆင်ထားကြတဲ့သဘော ထင်ပါရဲ့ကွာ။ အဲဒီလိုကောင်တွေတောင်မှ ပြင်ဆင်ထားရင် မင်းလည်း သူတို့ထက် ညံ့တဲ့သူမှ မဟုတ်တာပဲ။ ပြင်ဆင်ထားပြီးလောက်ရောေပါ့နော်။

 

ဒီမှာ မင်းက ထိုင်းဘတ်၊ အိန္ဒိယရူပီး၊ ရုရှားရူဘယ်တွေနဲ့ လဲလှယ်အသုံးပြုနိုင်အောင် ကြိုးစားသွားမယ်တဲ့။ မင်းတို့ကျပ်ငွေက ဘယ်လောက်ခိုင်မာလို့လဲ။ ပို့ကုန် ဘယ်လောက်တင်ပို့နိုင်လို့လဲ။ မင်းပထွေးရုရှားတောင် ဒေါ်လာငွေအံတုဖို့ ယွမ်ငေ၊ ရူပီးငွေတွေနဲ့ ဖလှယ်ဖို့ ကြိုးစားခဲ့သေးတာပဲ။ ဒါပေမဲ့ အိန္ဒိယဘဏ်က ရူပီးငွေနဲ့ တလုံးတခဲတည်းပေးချေဖို့ခွင့်မပြုတော့ မင်းပထွေးမှာ နားကားသွားရှာပြီမဟုတ်လား။

 

ဒါပေမဲ့ စီးပွားရေးယိုင်လဲမသွားဘူး။ တိုးတက်မြဲ တိုးတက်နေတယ်။ သူတို့က အုပ်ချုပ်ရေးသာ ရယူလိုက်တာလေ။ မင်းတို့လို စီးပွားရေး၊ တရားရေးတွေမှာ နားမလည်ဘဲ ဝင်ရောက်စွက်ဖက်ကြတာမှ မဟုတ်တာ။ 

 

မင်းတို့ကသာ ဘဏ်တွေကို မင်းတို့ကိုယ်ကျိုးအတွက် အသုံးချနေကြလို့ ဘဏ်တွေကလည်း မင်းတို့အလိုကျသာ ဖြစ်စေတာမို့ စီးပွားရေးတွေ ကမောက်ကမ ဖြစ်နေကြတော့တာပေါ့ကွာ။ ထိုင်းမှာ စစ်တပ်အာဏာသိမ်းမှုက တို့နိုင်ငံထက် ၅ဆလောက် အကြိမ်ရေပိုများတယ်။ ဒါပေမဲ့ စီးပွားရေးယိုင်လဲမသွားဘူး။ တိုးတက်မြဲ တိုးတက်နေတယ်။ သူတို့က အုပ်ချုပ်ရေးသာ ရယူလိုက်တာလေ။ မင်းတို့လို စီးပွားရေး၊ တရားရေးတွေမှာ နားမလည်ဘဲ ဝင်ရောက်စွက်ဖက်ကြတာမှ မဟုတ်တာ။ 

 


ဒီမှာ။ စီးပွားရေးချွတ်ခြုံကျသွားလို့၊ ငွေကြေးဖောင်းပွလို့၊ ကုန်စျေးနှုန်းကြီးမားလို့ ဆိုတာတွေကတော့ သေနတ်နဲ့ဖြေရှင်းလို့ မရဘူးကွ။ အဲဒီလောက်တော့ နားလည်ကြလိမ့်မယ်ထင်ပါရဲ့။

 

မင်းကတော့ ၂၀၂၄ခုနှစ်မှာ သန်းခေါင်စာရင်းကောက်မယ်။ ၂၀၂၅ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်။ အဲဒီကနေ မင်းအကျပ်အတည်းကို ရုန်းထွက်သွားမယ်ပေါ့။ သန်းခေါင်စာရင်းကောက်တာ ရွေးကောက်ပွဲလုပ်တာတွေကလည်း ငွေကြေးအကုန်အကျ များလှပါဘိသနဲ့။ ဘယ်ကငွေနဲ့လုပ်မှာလဲ။ ဘယ်သူက ကူညီမှာလဲ။ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ။ မင်းရဲ့အကျပ်အတည်းကို ရုန်းထွက်မယ့်စိတ်ကူးဟာ အင်မတန် အိပ်မက်ဆန်လွန်းပါတယ်ကွာ။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက အင်္ဂလိပ်ပရီးမီးယားက အာဆင်နယ်ဘောလုံးအသင်းကို ၅ဂိုးပြတ်နဲ့နိုင်လိုက်တယ်ဆိုတာလို ဖြစ်နေယမ်ထင်ပါရဲ့။

 

မင်းအနေနဲ့ ထွက်ပြေးဖို့ဆိုတာလည်း ဖြစ်နိုင်စရာအကြောင်း ရှိလိမ့်မယ်မထင်ဘူး။ ဘာလို့လဲဆိုတော့ ICJမှာတင်သွင်းထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာကြီးက ပြေးစရာမြေမရှိအောင် ကန့်သတ်ထားလိုက်လို့ပါပဲ။ ဒီတော့ မင်းအနေနဲ့ လစ်ဗျားနိုင်ငံက ကဒါဖီလိုသေချင်သလား။ အီရတ်က ဟူစိန်လို သေချင်သလား။ ဘယ်လိုနည်းနဲ့သေချင်သလဲတိုတဲ့ သေနည်းကိုသာ ရွေးချယ်ပေရော့။

 

နွေဦးတော်လှန်ရေး မုချ အောင်တော့မယ်။ 

 


~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။