စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ အကြမ်းဖက်စစ်တပ်အခြေစိုက် တိုင်းရင်းဆေးရုံနဲ့ ဂါဝီပန်းခြံဂိတ်ကို ဒရုန်း ၆ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက်ကြီး ၁ လက် ပျက်စီးခဲ့ကြောင်းရွှေဘိုခရိုင် တပ်ရင်း -၁၄ က သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်သား ၅ ဦး ဒဏ်ရာရကာ သံပြာကာကားတစ်စီးလည်း ခေါင်းပျက်စီးသွားကြောင်း ဆိုပါတယ်။
ရေဦးမြို့ တိုင်းရင်းဆေးရုံမှာ စစ်တပ် အခြေစိုက်ထားသလို အဲဒီနေရာမှာ သိုလှောင်ထားတဲ့ လက် နက်ကြီး၊ ခဲယမ်းတွေနဲ့ သံချပ်ကာကားတို့ကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်ကြောင်း Federal Wings ကလည်း ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၆ ရက်၊ မွန်းလွဲ ၁၂ နာရီ ၄၄ မိနစ်လောက်ကစပြီး ဒရုန်းအကြီး (၄) စင်း၊ Fixed Wing ဒရုန်း(၂)စီးနဲ့ ဗုံးသီး(၁၂)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို စစ်ဒေသ(၁)ရဲ့ ကွပ်ကဲမှုနဲ့ Sagaing Federal Wings ၊ စစ်ကိုင်းခရိုင်အမှတ်(၅)တပ်ရင်း (MRA)၊ GTR(MMU)နဲ့ ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်းအသုံးပြုတဲ့ ဒရုန်းဗုံးသီးတွေကို ထုတ်လုပ်ရေးစခန်း SDP2 က ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
စစ်ကိုင်း Federal Wings နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ရေဦးနဲ့ ကန့်ဘလူနယ်တွေမှာ တိုက်ပွဲတွေ စတင်ဖော်ဆောင်နေပြီလို့လည်း Federal Wings က ထုတ်ပြန်ထားပါတယ်။
~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။