စစ်ကိုင်တိုင်း၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့ကို PDF ပူးပေါင်းတပ်က ဒီနေ့မနက်ပိုင်းမှာ အပြီးအပြတ် သိမ်း ပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
ခမ်းပါတ်မြို့အတွင်းရှိ စစ်အုပ်စုအခြေစိုက်ရာနေရာကို နိုဝင်ဘာ (၆)ရက် ညကတည်းက PDF ပူးပေါင်းတပ်က ဖိဖိစီးစီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒီနေ့မနက်မှာ စစ်သားရော ရဲတွေပါ စခန်းလုံးကျွတ် ထွက်ပြေးသွားကြကြောင်း တိုက်ပွဲဝင် တမူး PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
“စခရော ရဲတွေရော ဒီနေ့မနက် သန်းခေါင်ယံအချိန်လောက်မှာ ထွက်ပြေးသွားကြတယ်။ ကျနော်တို့အရပ်ခေါ် စစ်တပ်ကုန်းပေါ့။ ဘေးမှာက ရဲစခန်း။ အဲဒီ (၂)နေရာကနေ စခတွေခံတိုက်တာ” လို့ သူက ပြောပါတယ်။
ခမ်းပါတ်မြို့ဟာ စစ်ကိုင်းတိုင်းအတွင်း PDF တို့ရဲ့ ဒုတိယမြောက် မြို့သိမ်းအောင်ပွဲ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
Tamu District Battalion-1 ကလည်း “ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ယနေ့ နိုဝင်ဘာလ (၇)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပါပြီ” လို့ ဒီနေ့၊ နေ့ခင်းပိုင်းက ထုတ်ပြန်ထားပါတယ်။
ခမ်းပါတ်မြို့ကို နိုဝင်ဘာ (၃)ရက်မနက်ပိုင်းကစလို့ ဒေသတွင် PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တွေ ပူးပေါင်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို နိုဝင်ဘာ (၆)ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ NUG အစိုးရ က ထိန်းချုပ်ထားပါတယ်။
~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။