Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

PDFတိုက်ခိုက်မှုကြောင့် ထွက်ပြေးသွားတဲ့ ပျူ ၂ ဦးကို သေနတ်တွေနဲ့ အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း PDF တိုက်ခိုက်မှုကြောင့် တောထဲ ဝင်ပြေးကာ ပုန်းနေတဲ့ ပျူစောထီး (၂)ဦးကို သေနတ်တွေနဲ့အတူ ဖမ်းဆီးမိခဲ့ကြောင်း သိရပါတယ်။


နိုဝင်ဘာ (၄)ရက်နေ့က ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်း‌ပေါ် ရှိ စစ်တပ်ဂိတ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်း မီးရှို့ခဲ့ရာ အဲဒီစခန်းကနေ ထွက်ပြေးသွားတဲ့ ပျူစောထီး (၂)ဦးကို သူတို့ကိုင်ဆောင်ထားတဲ့ ကာဘိုင်သေနတ် (၂)လက်နဲ့အတူ ဖမ်းဆီးမိခြင်းဖြစ်ကြောင်း Area 71 PDF Monywa က သတင်းထုတ်ပြန်ပါတယ်။


PDF ပူးပေါင်းတပ်က စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ ပျူစောထီးတချို့ နီးစပ်ရာတောထဲသို့ ထွက်ပြေးသွားတာ တွေ့ရတာကြောင့် လက်ရဖမ်းဆီးနိုင်ရေးအတွက် အစုအဖွဲ့ (၃)အုပ်စုခွဲကာ  တောနင်းရှာဖွေခဲ့ကြောင်း အခုဖမ်းမိခဲ့တဲ့ပျူစောထီး (၂)ဦးဟာ  စိုက်ခင်းတစ်ခုထဲ  ပုန်းခိုနေခြင်းဖြစ်ကြောင်း သိရပါတယ်။ 


အဲဒီပျူစောထီး (၂)ဦးကို NUG အစိုးရလက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လွှဲပြောင်း အပ်နှံလိုက် ကြောင်းလည်း Area71PDF Monywa က ဆိုပါတယ်။


စစ်တပ်ဂိတ်စခန်းတိုက်ခိုက်ရာမှာ စစ်သား (၁၄)ဦး သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရ မိခဲ့ပြီး PDF ရဲဘော် (၆)ဦးလည်း ကျဆုံးခဲ့ကြောင်း ချောင်းဦးပကဖ က ထုတ်ပြန်ထားပါတယ်။


~~~~~~~~~~

ကိုထက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။