၁၀၂၇ စစ်ဆင်ရေး ၁၀ရက်မြောက်နေ့မှာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်း (၁၂၀)ကျော်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
စစ်ဆင်ရေး (၁၀)ရက်မြောက်ဖြစ်တဲ့ နိုဝင်ဘာ (၅)ရက်မှာ ညီနောင် (၃)ဖွဲ့ဟာ အကြမ်းဖက် စစ်တပ်ရဲ့ စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းကြီး၊ ငယ်၊ ရဲဘက်၊ အုပ်ချုပ်ရေးဆိုင်ရာစခန်းနဲ့ ပြည်သူ့စစ်စခန်းတွေကို သိမ်းပိုက်ခဲ့ပြီး တင့်ကားကြီး၊ ဟောင်ဝစ်ဇာလက်နက်ကြီး၊ လေယာဥ်ပစ်လက်နက်ကြီးတွေနဲ့ စစ်လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း Operation 1027-3BHA က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ (၅)ရက်နေ့မှာ ကိုးကန့်တပ်မတော် MNDAA က မုံးကိုးခရိုင်၊ ရှောက်ချင်းရှုဒေသရှိ တပ်စခန်းကို (၁၀)မိနစ်နဲ့ အပြီး ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ (၅)ရက်နေ့မှာပဲ တအောင်းတပ်မတော် TNLA က နမ့်ခမ်း၊ နမ္မတူနဲ့မန်တုံမြို့နယ် ထဲက တပ်စခန်းနဲ့ ရဲစခန်းစုစုပေါင်း (၅)ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကူလာတဲ့ စစ်ကား (၄)စီးကို လားရှို့းနဲ့ သိန္နီကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သေနတ် (၂)လက်၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ စစ်ကား (၄)စီး သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။