Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

သေနတ်ပြောင်းဝရောက်သွားတဲ့ မြန်မာပြည်က တရားဥပဒေစိုးမိုးရေး (HUMAN RIGHTS)

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက အရပ်သားအစိုးရဆီက အာဏာသိမ်းပြီး နောက်ပိုင်း ၂ နှစ်တာကာလအတွင်းမှာ တရားဥပဒေစိုးမိုးရေးအခြေအနေက လုံးဝ ပျက်ပြားနေပြီ ဖြစ်ပါတယ်။

 

ဒီအခြေအနေကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ကိုယ်တိုင်က ဝန်ခံထားပါတယ်။

 

“မြို့ပေါင်း ၃၃၀ ရှိတဲ့အနက် ၁၃၂ မြို့ကို လုံခြုံရေးအရ အပြည့်အဝ ထိန်းချုပ် မထားနိုင်ဘူး”လို့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်က အာဏာသိမ်းနှစ်နှစ်ပြည့်ကာလမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။ 

 

၂၀၂၃ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာတော့ မြန်မာနိုင်ငံတွင်းက ပြည်နယ်တိုင်း ၈ ခုမှာရှိတဲ့ မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့တာ တွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ စစ်တိုင်းမှူးတွေက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ဒေသတွေမှာ အပြင်ထွက်ခွင့်၊ သွားလာခွင့်နဲ့ လူစုဝေးခွင့်တွေကို ကန့်သတ်မိန့်တွေ ထုတ်ပြန်ပြီး မလိုက်နာသူတွေကို အင်အားသုံးဖြေရှင်းပြီး စစ်ခုံရုံးကနေ တရားစီရင်မယ်လို့ ကြေညာခဲ့ပါတယ်။

 

ရပ်ဆိုင်းလုဖြစ်နေတဲ့ ရဲလုပ်ငန်း

 

ရဲလုပ်ငန်းဟာ တရားဥပဒေစိုးမိုးရေးအတွက် အဓိက အရေးပါတဲ့ လုပ်ငန်းဖြစ်ပေမယ့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ပြည်တွင်းက မြို့နယ်အများစုမှာ ရဲလုပ်ငန်းကို ပီပီပြင်ပြင် လုပ်ကိုင်နိုင်မှု မရှိတော့ပါဘူး။

 

“ကျမတို့ လမ်းထဲမှာ ညဘက် သူခိုးမိလို့ ရဲကို ဖုံးဆက်ခေါ်တယ်။ ရဲက မလာနိုင်ဘူး။ ကိုယ့်ဘာသာ လုပ်ချင်တာ လုပ်လိုက်လို့ ပြန်ပြောတယ်။ နောက်ဆုံး ဘာလုပ်ရမှန်းမသိတော့ ရပ်ကွက်ကလည်း ဖမ်းမိတဲ့ကောင်လေးကို ပြန်လွှတ်ပေးလိုက်ရတယ်။ ရန်ကုန်လို မြို့ကြီးမှာတောင် ရဲတွေက ရပ်ကွက်ထဲ ခေါ်တာ မလာရဲဘူး။”

 

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်အတွင်းက အမျိုးသမီးတစ်ဦးက ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး သူကြုံတွေခဲ့ရတဲ့ အခြေအနေတစ်ခုကို  ငွေမောင်းသံ မီဒီယာကို အခုလို ပြန်ပြောပြပါတယ်။

 

“ကျမတို့ လမ်းထဲမှာ ညဘက် သူခိုးမိလို့ ရဲကို ဖုံးဆက်ခေါ်တယ်။ ရဲက မလာနိုင်ဘူး။ ကိုယ့်ဘာသာ လုပ်ချင်တာ လုပ်လိုက်လို့ ပြန်ပြောတယ်။ နောက်ဆုံး ဘာလုပ်ရမှန်းမသိတော့ ရပ်ကွက်ကလည်း ဖမ်းမိတဲ့ကောင်လေးကို ပြန်လွှတ်ပေးလိုက်ရတယ်။ ရန်ကုန်လို မြို့ကြီးမှာတောင် ရဲတွေက ရပ်ကွက်ထဲ ခေါ်တာ မလာရဲဘူး။”

 

“အရပ်သားလုံခြုံမှုကတော့ အများကြီး ဆိုးသွားပါတယ်။ တိုင်းပြည်မှာ စီးပွားရေး အခြေအနေ ဆိုးရွားလာတယ်၊ လုံခြုံရေးအခြေအနေ ဆိုးရွားလာတဲ့အတွက်ကြောင့် ရာဇဝတ်မှုတွေ ထူပြောလာလို့ ပြည်သူလူထုတွေ ပိုပြီးဒုက္ခရောက်ရတယ်။

 

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ရဲ့executive director ဒေါက်တာမင်းဇော်ဦးကလည်း စစ်အာဏာသိမ်းစစ်ကောင်စီလက်ထက် အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးအခြေအနေကို RFA သတင်းဌာနကို အခုလို ပြောကြားခဲ့ပါတယ်။

 

“အရပ်သားလုံခြုံမှုကတော့ အများကြီး ဆိုးသွားပါတယ်။ တိုင်းပြည်မှာ စီးပွားရေး အခြေအနေ ဆိုးရွားလာတယ်၊ လုံခြုံရေးအခြေအနေ ဆိုးရွားလာတဲ့အတွက်ကြောင့် ရာဇဝတ်မှုတွေ ထူပြောလာလို့ ပြည်သူလူထုတွေ ပိုပြီးဒုက္ခရောက်ရတယ်။ ဥပမာ ဘဏ်ဓားပြတိုက်တဲ့ကိစ္စတွေ နောက်ပြီးတော့ လူသတ်ပြီး လုယက်တဲ့ကိစ္စတွေက အများကြီး ပိုများလာတယ်။ ပြည်သူလူထု လုံခြုံရေးနဲ့ပတ်သက်ရင်တော့ အများကြီး အခြေအနေဆိုးသွားတယ်လို့ ပြောလို့ရပါတယ်” 

 

နှစ်နှစ်တာကာလအတွင်း စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့ ရဲအရာရှိတွေနဲ့ ရဲတပ်ဖွဲ့ဝင်ပေါင်း တစ်သောင်းနီးပါး အကြမ်းမဖက် အာဏာဖိဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့ကို စွန့်ခွါလာခဲ့ကြပါတယ်။ 

 

ဒါ့အပြင် စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့ ပြည်သူတွေအနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေကို စက်ဆုတ်ရွံရှာလာတာကြောင့် ရဲတပ်သားသစ် စုဆောင်းရရှိမှု ခက်ခဲလာခဲ့ပါတယ်။ အခုလို ရဲဝန်ထမ်းအင်အား မလုံလောက်မှုနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ရဲလုပ်ငန်းကို ပီပီပြင်ပြင် လုပ်ဆောင်နိုင်စွမ်း မရှိတော့ဘူးလို့ သိရပါတယ်။ 

 

“ရဲတပ်ဖွဲ့က ရဲလုပ်ငန်းတွေ အားလုံးနီးနီးလောက်က ရပ်ဆိုင်းသွားသလို ဖြစ်တယ်။ မှုခင်းကြိုတင် ကာကွယ်ရေး လုပ်ငန်းတွေ နောက်တစ်ခါ မှုခင်းဖော်ထုတ် ဖမ်းဆီးရေးလုပ်ငန်းတွေ အရေးယူတဲ့ လုပ်ငန်းတွေ ဒါတွေ မဆောင်ရွက်နိုင်ဘူး။ အမှုအခင်းတွေ ဖြစ်လာလို့ သွားတိုင်ရင်လည်း အင်မတန်ကြီးတဲ့ အမှုကြီးတွေပဲ လက်ခံပေးပြီး အဲဒါတွေကလည်း ဖော်ထုတ်ဖို့ တော်တော် ခက်ခက်ခဲခဲ လုပ်နေရတဲ့ အနေထား ဖြစ်တယ်။ 

 

တစ်ဖက်မှာလည်း အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လက်ရှိ ကျန်ရှိနေတဲ့ ရဲအင်အားကို တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေအတွက် အသုံးချနေတာ မဟုတ်ဘဲ၊ ၎င်းတို့ အာဏာတည်မြဲရေးအတွက်ကိုသာ အသုံးချနေတာလို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက RFA သတင်းဌာနကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ပြောဆိုခဲ့ပါတယ်။

 

“ရဲတပ်ဖွဲ့က ရဲလုပ်ငန်းတွေ အားလုံးနီးနီးလောက်က ရပ်ဆိုင်းသွားသလို ဖြစ်တယ်။ မှုခင်းကြိုတင် ကာကွယ်ရေး လုပ်ငန်းတွေ နောက်တစ်ခါ မှုခင်းဖော်ထုတ် ဖမ်းဆီးရေးလုပ်ငန်းတွေ အရေးယူတဲ့ လုပ်ငန်းတွေ ဒါတွေ မဆောင်ရွက်နိုင်ဘူး။ အမှုအခင်းတွေ ဖြစ်လာလို့ သွားတိုင်ရင်လည်း အင်မတန်ကြီးတဲ့ အမှုကြီးတွေပဲ လက်ခံပေးပြီး အဲဒါတွေကလည်း ဖော်ထုတ်ဖို့ တော်တော် ခက်ခက်ခဲခဲ လုပ်နေရတဲ့ အနေထား ဖြစ်တယ်။ ရဲတပ်ဖွဲ့က သူ့ရဲ့ ပင်မ လုပ်ငန်းတာဝန်တွေ မလုပ်နိုင်ဘူး ပြောရမယ်ဆိုရင် သူကလည်းပဲ တစ်ဘက်မှာ လုံခြုံရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ PDF နဲ့ NUG နှိမ်နှင်းရေးကိုပဲ ဇောက်ချ လုပ်နေရတော့ ဒီဘက်ကို အားနည်းသွားတယ်။ အခြေနေက ပေါင်းစုံသွားတဲ့အခါမှာ ဒီလိုမျိုး မလုံမခြုံ မတည်မငြိမ်တွေ ဥပဒေမဲ့ ကိစ္စတွေ ပေါ်လာတယ်လို့ပဲ ပြောရမှာပေါ့” 

 

 

လုံးဝ အုပ်ချုပ်ခွင့်မရစေရ 

 

လက်ရှိအချိန်မှာတော့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေ အပါအဝင် တစ်နိုင်ငံလုံးမှာ လုယက်မှု၊ လူသတ်မှု၊ မုဒိမ်းမှုနဲ့ ဓားပြမှုလို ဒုစရိုက်မှုတွေ ပုံစံမျိုးစုံနဲ့ ပေါများလာနေပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ နှစ်နှစ်ကျော်ကြာလာတဲ့အထိ အုပ်ချုပ်ရေးယန္တရားကို မတည်ဆောက်နိုင်သလို နောက်ဘယ်နှစ်နှစ်ကြာမှ စစ်ကောင်စီက အုပ်ချုပ်ရေး ယန္တရားကို တည်ဆောက်နိုင်မယ် ဆိုတာကလည်း မသေချာပါဘူး။ တစ်နိုင်ငံလုံးအနှံ ပြည်သူတွေက အာဏာသိမ်း စစ်ကောင်စီကို “လုံးဝ အုပ်ချုပ်ခွင့် မရစေရ”ဆိုတဲ့ ကြွေးကြော်သံနဲ့ ဆန့်ကျင်တော်လှန်နေကြတာ ဖြစ်ပါတယ်။ 

 

“အခုအချိန်မှာ တရားဥပဒေစိုးမိုးမှု ဘာမှ မရှိတော့ဘူး။ စစ်ကောင်စီကိုယ်တိုင်က လူတွေကို ဖမ်းချင်သလို ဖမ်းတယ်။ သတ်ချင်သလို သတ်တယ်။

 

တစ်ဖက်မှာလည်း အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေတွေရဲ့ ထင်ရာစိုင်း ဖိနှိပ်အုပ်ချုပ်မှုနဲ့ ပွဲ့လန့်တုန်း ဖျာခင်းနေကြတဲ့ ဒုစရိုက်သမားတွေရဲ့ အန္တရာယ်တွေကြားမှာ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ လုံခြုံရေးအတွက် ဘယ်သူ့ကို အားကိုးရမှန်း မသိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အမည်မဖော်လိုတဲ့ ပြည်သူတစ်ဦးက အခုလို သုံးသပ်ပါတယ်။

 

“အခုအချိန်မှာ တရားဥပဒေစိုးမိုးမှု ဘာမှ မရှိတော့ဘူး။ စစ်ကောင်စီကိုယ်တိုင်က လူတွေကို ဖမ်းချင်သလို ဖမ်းတယ်။ သတ်ချင်သလို သတ်တယ်။ မတရား အာဏာရယူထားတဲ့ အဖွဲ့အစည်းဆိုတော့ တရားဥပဒေဆိုတာကို သူ လက်မခံဘူး။ သူတို့ကိုယ်တိုင်က ပါးစပ်က ဥပဒေနဲ့ အညီလို့ ပြောပြီး လုပ်ချင်သလို လုပ်နေတာပါပဲ။ ဒီအနေအထားက ဒုစရိုက်မှု ကျူးလွန်သူတွေအတွက် အကွက်ဖြစ်လာနေတော့ သာမန်ပြည်သူတွေကတော့ လောလောဆယ် လှိမ့်ခံနေရတာပါပဲ။” 

 

 

ဘာတွေ ဘယ်လို ကြုံနေရပါစေ၊ ဒီပြဿနာတွေရဲ့ အရင်းခံက အာဏာသိမ်းစစ်တပ်ဆိုတာ သဘောပေါက်နေတဲ့ ပြည်သူတွေကတော့ စစ်ကောင်စီနဲ့ မပူးပေါင်းဘဲ တောင့်ခံနေကြဆဲပါပဲ။ တရားဥပဒေစိုးမိုးရေး ပုံမှန် ဖြစ်ထွန်းလာဖို့ဆိုတာ နိုင်ငံရေးနယ်ပယ်မှာ စစ်တပ်ရဲ့ လွှမ်းမိုးကြီးစိုးမှုကို အဆုံးသတ်နိုင်မှ ဖြစ်မယ်ဆိုတာ ကောင်းကောင်း သဘောပေါက်နေကြပြီ ဖြစ်ပါတယ်။

 

အပြစ်သားတွေကို စစ်တပ်ထဲ ထည့်၊ စစ်တပ်ကို ဆန့်ကျင်သူတွေကို ထောင်ထဲထည့်

 

တော်လှန်ရေး အင်အားစုတွေထံ ပူးပေါင်း ခိုလှုံလာတဲ့ CDM စစ်သားနဲ့ ရဲသားတွေနဲ့ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်းတွေရဲ့ ပြောပြချက်တွေအရ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင် အင်အားက တဖြည်းဖြည်း ယုတ်လျော့လာနေတာ ဖြစ်ပါတယ်။ ဒီလို ယုတ်လျော့လာနေတဲ့ အင်အားကို ပြန်လည် ဖြည့်တင်းဖို့အတွက် ခက်ခဲလာနေတဲ့ စစ်ကောင်စီဟာ ရာဇဝတ်သားတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ထဲကို အတင်းအကျပ် ထိုးထည့်နေပါတယ်။ 

 

“ကျွန်တော်တို့ အပတ်စဉ်မှာကတော့ သင်တန်းသား ၁၂၄ ယောက် ရှိတယ်။ ဒီ ၁၂၄ ယောက်လုံးဟာ စစ်တပ်ကြီးကို ချစ်ပါတယ်၊ စစ်တပ်ကြီးကို ထောက်ခံပါတဲ့ဆိုတဲ့သူ နည်းတယ်။

 

KNU ဖမ်းဆီးခံ စစ်သုံ့ပန်းတစ်ဦးက စစ်တပ်ထဲကို ဘယ်လိုလူမျိုးတွေ ရောက်လာတယ်ဆိုတာ သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး အခုလို ပြောပြပါတယ်။

 

“ကျွန်တော်တို့ အပတ်စဉ်မှာကတော့ သင်တန်းသား ၁၂၄ ယောက် ရှိတယ်။ ဒီ ၁၂၄ ယောက်လုံးဟာ စစ်တပ်ကြီးကို ချစ်ပါတယ်၊ စစ်တပ်ကြီးကို ထောက်ခံပါတဲ့ဆိုတဲ့သူ နည်းတယ်။ သေချာပြောရမယ်ဆိုရင်တော့ ၇ ယောက်လောက်ပဲ ရှိမှာပေါ့။ ၁၂၄ ယောက်စလုံးထဲမှာ။ ကျန်တဲ့သူတွေက ဘယ်လိုပြောမလဲဆိုတော့ အမှုကိုယ်စီပေါ့။ ကိုယ့်အမှုတွေ ကိုယ်စီကိုယ်စီနဲ့ ရောက်လာခဲ့တဲ့သူတွေချည်းပဲ။ ဆေး၊ မူးယစ် ၊ လောင်းကစား၊ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် တပ်ထဲကို ရောက်လာကြတာများတယ်။ ကိုယ်စီအကြောင်းအရာ ပြဿနာတွေကို ဖြေရှင်းလို့မရတော့လို့ တပ်ထဲရောက်လာ ကြသူတွေများတယ်။”  

 

စည်သူထက် ကိုယ်တိုင်က ခိုက်ရန်ဖြစ်ပွါးမှုကြောင့် ထောင်ကျမှာကို တိမ်းရှောင်ရင်း စစ်တပ်ထဲကို စည်းရုံးသိမ်းသွင်းခံခဲ့ရသူ ဖြစ်ပါတယ်။ အလားတူ သူနဲ့အတူ စစ်သင်တန်းတက်ခဲ့ရသူတွေထဲမှာ မူးယစ်းဆေးဝါးမှုကနေ လူသတ်မှုအထိ ကျူးလွန်ခဲ့သူတွေ ပါဝင်တယ်လို့ သိရပါတယ်။ 

 

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေဟာ မျှတတဲ့ တရားစီရင်ရေးစနစ်ကို မဖြတ်သန်းရဘဲ၊ စစ်အုပ်စုရဲ့ ဖမ်းဆီး အနိုင်ကျင့် နှိပ်စက်မှုကို ခံနေကြရတာ ဖြစ်ပါတယ်။ တချို့ဆိုရင် စစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းတွေမှာတင် အသက်သေဆုံးတဲ့အထိ နှိပ်စက်ခံခဲ့ရပါတယ်။

 

တစ်ဖက်မှ ရာဇဝတ်မှုကျူးလွန်ထားသူတွေကို ဥပဒေနဲ့အညီ တရားစီရင်တာတွေ မလုပ်ဘဲ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေအတွင်း အတင်းအဓမ္မ သွပ်သွင်းနေပေမယ့် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ သာမန်ပြည်သူတွေကိုတော့ ဥပဒေမဲ့ ထင်သလို ဖမ်းဆီးထောင်ချနေတာ တွေ့ရပါတယ်။ 

 

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေဟာ မျှတတဲ့ တရားစီရင်ရေးစနစ်ကို မဖြတ်သန်းရဘဲ၊ စစ်အုပ်စုရဲ့ ဖမ်းဆီး အနိုင်ကျင့် နှိပ်စက်မှုကို ခံနေကြရတာ ဖြစ်ပါတယ်။ တချို့ဆိုရင် စစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းတွေမှာတင် အသက်သေဆုံးတဲ့အထိ နှိပ်စက်ခံခဲ့ရပါတယ်။

 

အလားတူပဲ ဥပဒေနဲ့အညီ ခုခံချေပခွင့် မရဘဲ သေဒဏ်ချခံနေရတဲ့ စစ်အာဏာရှင် ဆန့်ကျင်သူတွေရှိသလို နှစ်ပေါင်းများစွာ ရပ်ဆိုင်းထားခဲ့တဲ့ သေဒဏ်ကျသူတွေကို လက်တွေ့ကွပ်မျက်စီရင်မှုကိုလည်း အကြမ်းဖက် စစ်ကောင်စီက ပြန်လည် အသက်သွင်းလာခဲ့ပါတယ်။ 

 

စစ်အာဏာရှင်တွေနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကန့်ကွက်သူတွေကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၃ ထောင်ကျော် သေဆုံးပြီး သောင်းနဲ့ချီတဲ့ပြည်သူတွေ မတရား ဖမ်းဆီးထားခဲ့ပါတယ်။ 

 

မြန်မာပြည်သူတွေရော ကမ္ဘာ့နိုင်ငံအသီးသီးကပါ ကန့်ကွက်နေတဲ့ကြားက ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ အကြမ်းဖက် စစ်ကောင်စီက လက်တွေ့ကွပ်မျက်စီရင်ခဲ့ပါတယ်။ 

 

စစ်အာဏာရှင်တွေနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကန့်ကွက်သူတွေကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၃ ထောင်ကျော် သေဆုံးပြီး သောင်းနဲ့ချီတဲ့ပြည်သူတွေ မတရား ဖမ်းဆီးထားခဲ့ပါတယ်။ 

 

စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်သူတိုင်းကို အကြမ်းဖက် စစ်ကောင်စီက ဥပဒေမဲ့ ထင်သလို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေ လုပ်နေပေမယ့် ရာဇဝတ်မှု ကျူးလွန်သူတွေကိုတော့ ဥပဒေနဲ့အညီ ဖမ်းဆီးဖို့၊ တရားစီရင်ဖို့တော့ ပျက်ကွက်နေတာ ဖြစ်ပါတယ်။

 

မီးရှို့၊ လုယက်၊ အကြမ်းဖက်မှုမှသည် လက်နက်ကိုင် ရမ်းကားခွင့်အထိ

 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရသူ ၁ ဒဿမ ၅ သန်း ဝန်းကျင်ရှိပြီး လာမယ့် ၂၀၂၃ ခုနှစ်အတွင်းမှာ မြန်မာပြည်သူ ၄ သန်းခွဲဝန်းကျင်အတွက် အရေးပေါ် ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

 

ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်တွေက ပြည်သူ့နေအိမ်ပေါင်း ၅၅၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။  

 

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရသူပေါင်း  နဲ့ အနည်းဆုံး အိုးအိမ်ပေါင်း ၃ သောင်း ၈ ကျော်လောက် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ လူပေါင်း ၁၇ သန်းကျော်လောက်ဟာ လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်မယ်လို့ ပြောဆိုထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ တကယ့်လက်တွေ့မှာ ဒီထက် ပိုများနိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။

 

တရားဥပဒေစိုးမိုးရေး ဖရိုဖရဲ ဖြစ်နေတဲ့ တိုင်းပြည်မှာ ဒီ”လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ”ကြောင့် မြင်းကို ဂျိုတပ်ပေးသလို ပရမ်းပတာ အခြေအနေတွေ ဘယ်လောက်အထိ ဖြစ်လာဦးမယ်ဆိုတာ ရင်လေးစရာ ဖြစ်ပါတယ်။ 

 

ဒီအချိန်မှာပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက “လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူ” ကို ထုတ်ပြန်ဖို့ ပြင်ဆင်လာပါတယ်။ အခုလို တရားဥပဒေစိုးမိုးရေး ဖရိုဖရဲ ဖြစ်နေတဲ့ တိုင်းပြည်မှာ ဒီ”လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ”ကြောင့် မြင်းကို ဂျိုတပ်ပေးသလို ပရမ်းပတာ အခြေအနေတွေ ဘယ်လောက်အထိ ဖြစ်လာဦးမယ်ဆိုတာ ရင်လေးစရာ ဖြစ်ပါတယ်။ 

 

“အာဏာသိမ်း စစ်ကောင်စီက တိုင်းပြည်ကို သူတို့တည်ဆောက်လို့ မရတော့ဘူး၊ အုပ်ချုပ်လို့ မရတော့ဘူးဆိုတာ သိသွားပြီ။ 

 

ဒီအခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အခုလို ပြောပြပါတယ်။

 

“အာဏာသိမ်း စစ်ကောင်စီက တိုင်းပြည်ကို သူတို့တည်ဆောက်လို့ မရတော့ဘူး၊ အုပ်ချုပ်လို့ မရတော့ဘူးဆိုတာ သိသွားပြီ။ တစ်နှစ်နဲ့ မရ နောက် ၆ လ၊ ပြီးတော့ နောက် ၆ လ။ ခုတစ်ခါ နောက် ၆ လ။ သက်တမ်းသာတိုးနေတာ ဘာမှ ထူးမလာဘူး။ သူတို့ အခြေအနေက ကြာလေဆိုးလေပဲ။ ဒါကို သူတို့ ကောင်းကောင်းသိသွားပြီ။ အဲ့တော့ မစားရတဲ့ အမဲ သဲနဲ့ပက်မယ်။ တစ်နိုင်ငံလုံး လက်နက်အားကိုးနဲ့ ဥပဒေမဲ့ သူတလူ ငါတမင်း ဖြစ်အောင်လုပ်လိုက်တာပဲ။” 

~~~~

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။