Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဩခက်စထရာ စစ်ဆင်ရေးနဲ့ မင်းအောင်လှိုင်ကို ခွေးဇာတ်ခင်းပေးကြ (OPINION)

ရှမ်းမြောက်တခွင် အရှိန်အဟုန်ပြင်းစွာနဲ့ တစ်ပြိုင်တည်း ထိုးစစ်ဆင်လိုက်တဲ့ မြားအစင်းစင်း ကို လျှော့တွက် လိုက်ခြင်းက နေပြည်တော် ကျည်ကာမှန်ခန်းထဲ ပြည်သူသတ် စစ်ဗိုလ်ချုပ်တို့ နောင်တကြီး စွာနဲ့ ခေါင်းမီးတောက်စေခဲ့တယ်။

ညီနောင် ၃ဖွဲ့ ၁၀၂၇စစ်ဆင်ရေးကို အောက်တိုဘာ၂၇ရက်၊ရောင်နီထွန်းစ မနက်၄နာရီမှာ အရှိန်အ ဟုန်ပြင်းစွာနဲ့ စတင်လိုက်တယ်။ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးနဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်း လုံ၊ ဟိုပန်၊ ချင်းရွှေဟော်နဲ့ လောက်ကိုင်မြို့တို့ရှိ စစ်ရေးအရ အဓိကကျတဲ့ တပ်စခန်းတွေဆီ ထိုးစစ် ဆင်လိုက်ခြင်းဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး ၂နှစ်ခွဲကျော်ကာလအတွင်း ပထမဆုံးနဲ့ အားအကောင်းဆုံးသော ထိုးစစ်ဆင် ခြင်း မို့ ပြည်သူတို့ရဲ့ စိတ်ဓာတ်ရေချိန် အမြင့်မားဆုံးသို့ခုန်တက်ကာ ကဲ၊မင်းဘယ်ပြေးမလဲ မင်းအောင်လှိုင်လို့ ရဲရဲ တင်းတင်း မေးခွန်းထုတ်လိုက်ကြတယ်။

ဖေ့စ်ဘွတ် ပေါ်တက် လိုက်ပြီဆိုတာနဲ့ Operation 1027-3BHA ၊ The Kokang နဲ့ TNLA ဖေ့စ်ဘွတ်စာမျက်နှာများ။ရန် ကုန်မြို့နေ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ မိခင်က မနက်ခင်း မျက်လုံးပွင့်တာနဲ့ Operation 1027 ကို လှန် ကြည့်ရတာ မောလို့တဲ့။

မြန်မာပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ၁၀၂၇စစ်ဆင် ရေး စတင်လိုက်ပြီလို့ ညီနောင်၃ဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့လေတော့ ပြည်သူတို့ ဘဝင်ခိုက်သွားကြတယ်။ အောက်တိုဘာ ၂၇ရက်ကစလို့ ပြည်သူချင်းကြား ပြောစကားတို့သည် ရှမ်းမြောက်တခွင်။ဖေ့စ်ဘွတ် ပေါ်တက် လိုက်ပြီဆိုတာနဲ့ Operation 1027-3BHA ၊ The Kokang နဲ့ TNLA ဖေ့စ်ဘွတ်စာမျက်နှာများ။ရန် ကုန်မြို့နေ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ မိခင်က မနက်ခင်း မျက်လုံးပွင့်တာနဲ့ Operation 1027 ကို လှန် ကြည့်ရတာ မောလို့တဲ့။

အခုပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ ၁၀၂၇စစ်ဆင်ရေး မစ တင်မီ ကိုး ကန့်MNDAA တပ်ဖွဲ့တွေရဲ့ လောက်ကိုင်မြို့နယ်အတွင်း တိုက်ပွဲဝင်တော့မယ့် အပြင်အဆင်တွေကို အကြမ်းဖက်စစ် အုပ်စု ကြိုတင်သိရှိခဲ့ တယ်။ဒါပေမဲ့၊စစ်တပ်က အရေးမစိုက်။MNDAA လောက်တော့ မဖြုံဘူးဆိုတာမျိုး ပေါ့ပေါ့လျော့ လျော့။ ကြိုကြိုတင်တင် ပြင်ပြင်ဆင်ဆင်လုပ်ရမှာကိုလည်း အလုပ်ရှုပ်တယ်လို့ အပွင့်ကြီး အခက်ကြီးတွေက ခံယူ ထားတဲ့ပုံ။ပြီးတော့ ရရှိထားတဲ့ သတင်း အချက်အလက်တွေအပေါ်အခြေခံကာ အတွင်းကျကျ သတင်း ထောက်လှမ်းနိုင်စွမ်းမရှိခြင်းနဲ့ အလုပ်မလုပ်လို ခြင်းကလည်း အရေးပါမယ်လို့ ထင်ရဲ့။

စစ်သားတွေ ကြိုက်သလောက်သေဆိုပြီးတော့များ လေထီးခုန် ခိုင်းလိုက်တာလား။စစ်ဗိုလ်ချုပ်တို့ရဲ့ အမြော်အမြင်နဲ့ စစ်သားတွေရဲ့ အသက် တန်ဖိုးမထားချက်က အဲဒီလို။ ထားတော့။

အောက်တိုဘာ၂၇ရက် ရောက်တော့ ထောင့်စုံကနေ ပြေးဝင်လာတဲ့ ကျည်ဆန်တွေကို ဟန့်တားနိုင် စွမ်း မရှိ၊အသက်ပေးရတဲ့ စစ်သားတွေ၊စခန်းစွန့် ထွက်ပြေးရတဲ့စစ်သားတွေနဲ့ အလှူကြီးပေးနေသလို သံချပ် ကာကားကအစ လက်နက်ခဲယမ်းများစွာ။

ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်က ချင်းရွှေဟော်ဒေသမှာ လေယာဉ်ပေါ်ကနေ လေထီးနဲ့ ခုန်ချလာတဲ့ စစ်သား၈၀ကျော်ကို အသင့်စောင့်နေတဲ့ MNDAA တပ်ဖွဲ့ဝင်တွေက ကျည်ဆန်စာကျွေးခဲ့တာ အယောက်၇၀ ကျော်သေ၊၃ဦး အရှင်ဖမ်းမိနဲ့ စစ်ပစ္စည်းတွေလည်း သိမ်းဆည်းရရှိခဲ့သတဲ့။မြေပြင်မှာ ကျည်ဆန်တွေ အသင့် စောင့်နေသလား စုံစမ်းထောက်လှမ်းခြင်းမရှိ။စစ်သားတွေ ကြိုက်သလောက်သေဆိုပြီးတော့များ လေထီးခုန် ခိုင်းလိုက်တာလား။စစ်ဗိုလ်ချုပ်တို့ရဲ့ အမြော်အမြင်နဲ့ စစ်သားတွေရဲ့ အသက် တန်ဖိုးမထားချက်က အဲဒီလို။ ထားတော့။

ညီနောင်၃ဖွဲ့ရဲ့ ၁၀၂၇စစ်ဆင်ရေး မျှော်လင့်ချက် ဘယ်လောက်အတိုင်းအတာအထိ ရှိသလဲ။ အခုလို မြန်မြန်ဆန်ဆန် စခန်းသိမ်းပွဲတွေ ဆင်နွှဲနိုင်လိမ့်မယ်လို့ တွက်ဆထားလေသလား မသိပေမဲ့ MNDAA ထုတ် ပြန်တဲ့ အောက်တိုဘာ ၃၀ရက်နေ့အထိစာရင်းမှာ တပ်စခန်းကြီး၊ငယ်နဲ့ယာယီတပ်စခန်း ၈၀ကျော်ကို သိမ်း ပိုက် နိုင်ခဲ့ပြီလို့ သိရပါတယ်။ဒါ့အပြင် ချင်းရွှေဟော်၊ဖောင်းဆိုင်နဲ့ သိန္နိမြို့တို့ကိုပါ သိမ်းယူထားနိုင်ပြီဖြစ် တာ ကြောင့် စခန်းသိမ်းပွဲကနေ မြို့သိမ်းပွဲအထိ အချိန်တိုအတွင်း လှမ်းလိုက်နိုင်ပြီဖြစ်ပါတယ်။ဆက်လက်ပြီး စ ခန်းသိမ်းပွဲတွေဟာ ရှမ်းမြောက်မှာတင် ရပ်မနေဘဲ ကချင်ပြည်နယ်အတွင်းသို့ အောင်ပွဲဆင့် လိုက်နိုင်တာ ကလည်း နေပြည်တော်အတွက် အရူးမီးဝိုင်းဇာတ်ပါပဲ။

တော်လှန်တိုက်စစ် ၅ရက်တာအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အားသာချက်ဖြစ်တဲ့ လေကြောင်းတိုက် ခိုက်မှုနဲ့ လက်နက်ကြီးအမြောက် ဝုန်းဒိုင်းကြဲပစ်ခတ်နိုင်မှုတို့က ထိထိရောက်ရောက် မဟန့်တားနိုင်တာ မျက် မြင်ပါပဲ။

အရှိန်နဲ့ပြေးဝင်လာတဲ့ အစင်းစင်းသော မြားတွေကို အရှိန်တစ်ခု မရသေးခင် အမာထည်တစ်ခုခုနဲ့ ခုခံ ချေဖျက်လိုက်နိုင်ခဲ့ရင် စစ်ဦးကျိုးကာ ရှေ့တစ်လှမ်းတိုးဖို့တောင် ခက်သွားလေ့ရှိပါတယ်။လက်ရှိမှာ စစ်ဦးကို အမာထည်တစ်ခုခုနဲ့ ရပ်တန့်ဖို့မပြောနဲ့။

အောက်တိုဘာ၃၁ရက်နေ့အထိ ၅ရက်လုံး စစ်တပ်ကသာ စခန်း တစ်ခု ပြီးတစ်ခု ဦးကျိုးကျရုံတင်မက တိုက်စစ်ဖွင့်မှုက ရှမ်းမြောက်တင်မက ကချင်ဒေသ KIA တို့ကပါ စတင်နိုင်ပြီ ဖြစ်ပါတယ်။

တော်လှန်တိုက်စစ် ၅ရက်တာအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အားသာချက်ဖြစ်တဲ့ လေကြောင်းတိုက် ခိုက်မှုနဲ့ လက်နက်ကြီးအမြောက် ဝုန်းဒိုင်းကြဲပစ်ခတ်နိုင်မှုတို့က ထိထိရောက်ရောက် မဟန့်တားနိုင်တာ မျက် မြင်ပါပဲ။အဲဒီလို မဟန့်တားနိုင်ခြင်းနဲ့ စခန်းတစ်ခုပြီးတစ်ခု ကျနေခြင်းတို့က နွေဦးတော်လှန်ရေးကို စိတ်ဓာတ် ခွန်အား မြင့်တက်စေသလို စစ်သားတွေအတွက်ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေ လာတိုက်ပြီဆိုတာနဲ့ သုတ် သုတ်ပြေးဖို့ရာ အဆင်သင့်ပြင်ထားသူ များသထက်များလာမှာ အသေအချာပါပဲ။

ပြီးတော့ ရက္ခိုင့်တပ်တော် AA အခြေစိုက် ရာ ရခိုင်ပြည်နယ်အတွင်း ကျည်တစ်ချက် ပေါက်တာနဲ့ တိုက်ပွဲကြီး၊ငယ်တွေ ဆက်တိုက် ဝုန်းဒိုင်းကြဲနိုင်ပါ တယ်။

အောက်တိုဘာ၂၇ရက်၊ရှမ်းမြောက်မှာ ၁၀၂၇စစ်ဆင်ရေးစတင်လိုက်ပြီး ၁နာရီလောက်အကြာ ကရင် ပြည်နယ်၊ကော့ကရိတ်မြို့ကို KNLAပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်းက ကြိုတင်ကြံစည်အ ချိတ်အဆက်ရှိတဲ့ စစ်ဆင်ရေးတွေဖြစ်ကြောင်း ဖော်ပြနေပါတယ်။

ဆိုတော့ အောက်တိုဘာ၃၀နဲ့၃၁ရက် ကော့ကရိတ်မြို့တွင်း၊မြို့ပြင် တိုက်ပွဲတွေပြန်ငြိမ်သွားပေမဲ့ သိပ် မကြာခင် အားကောင်းတဲ့တိုက်ပွဲခေါ်သံတွေ ကြားလာနိုင်ပါတယ်။ပြီးတော့ ရက္ခိုင့်တပ်တော် AA အခြေစိုက် ရာ ရခိုင်ပြည်နယ်အတွင်း ကျည်တစ်ချက် ပေါက်တာနဲ့ တိုက်ပွဲကြီး၊ငယ်တွေ ဆက်တိုက် ဝုန်းဒိုင်းကြဲနိုင်ပါ တယ်။

အတွေ့အကြုံငယ်ပေမဲ့ အဆိပ်ပြင်းလွန်းလှတဲ့ ကရင်နီတော်လှန်ရေးအင်အားစုကရော ဘယ်သို့ချီ မှာလဲ။ဒီအတိုင်းငုတ်တုပ်ထိုင်ကြည့်နေမှာမဟုတ်ပါဘူး။ခုခံစစ်ကနေ ထိုးစစ်အဖြစ်နဲ့ မြို့သိမ်းတိုက်ပွဲတွေကို ကရင်နီဒေသမှာ မျှော်လင့်လို့ရနိုင်ပါတယ်။

အဲဒီလို စတင်နိုင်ဖို့ NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ခေါင်းချင်းဆိုင် နေကြပြီလို့လည်း ယူဆပါတယ်။

တော်လှန်ရေးအင်အားစုတွေအားကောင်းတဲ့ ချင်း၊စစ်ကိုင်း၊မကွေး၊မွန်နဲ့တနင်္သာရီ။စသည်၊ စသည် မြန်မာပြည်တစ်ဝန်း ဩခက်စထရာ စစ် ဆင်ရေးကြီးတစ်ရပ် ဟောဒီပွင့်လင်းရာသီမှာ မြိုင်မြိုင်ဆိုင်ဆိုင်စ တင်နိုင်ဖို့လိုပါတယ်။အဲဒီလို စတင်နိုင်ဖို့ NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ခေါင်းချင်းဆိုင် နေကြပြီလို့လည်း ယူဆပါတယ်။

၁၀၂၇စစ်ဆင်ရေးရဲ့ မဟာဗျူဟာမြောက်တိုက်စစ်နဲ့ အောင်မြင်မှုတွေကို ဩခက်စထရာစစ်ဆင်ရေး ကြီးအဖြစ်သို့ ဆက်လက်ချဲ့ထွင်နိုင်ခဲ့ရင် မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေ ခွေးဇာတ်ခင်းဖို့ကလွဲ တခြားလမ်း မရှိတော့မှာ အသေအချာပဲလို့ ဆိုလိုက်ချင်ပါရဲ့။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social

Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။