Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

“၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်မှု စစ်အာဏာရှင် မင်းအောင်လှိုင် စစ်စခန်း ၅၇ ခုကို သိမ်းပိုက်ထားပြီးဟုဆို၊ မြေပြင်သတင်းများအရ မင်းအောင်လှိုင်ရဲ့ စစ်သားအလောင်း ရာချီ တွေ့ရှိရပြီး စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိကာ လက်နက်ခဲယမ်း များစွာ သိမ်းဆည်းရမိ

ညီနောင် မဟာမိတ် သုံးဖွဲ့ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များရဲ့ “၁၀၂၇ စစ်ဆင်ရေး”မှာ ဒီကနေ့ အောက်တိုဘာ ၂၉ ရက်နေ့အထိ ၃ ရက်တာအတွင်း အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်စခန်း ၅၇ ခုကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။

အကြမ်းဖက် စစ်​ကောင်စီ စစ်စခန်းများမှ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ၊ စစ်သုံးပစ္စည်းများနဲ့  စစ်သုံ့ပန်းများ(The Kokang)

MNDAA တပ်ဖွဲ့ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ကိုးကန့် ၊ မုံးကိုး၊ လားရှိုး၊ သိန္နီ၊ နမ့်စလပ် ဒေသများမှာ စစ်ဆင်ရေး ဆက်လက်ဆင်နွှဲနေပြီး ဒီကနေ့ အောက်တိုဘာ ၂၉ ရက်နေ့အတွင်း မနက် ၁၁ နာရီအထိ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ စခန်း ၁၁ ခုကို သိမ်းပိုက်ထားနိုင်ပြီလို့ ဆိုပါတယ်။

အကြမ်းဖက် စစ်​ကောင်စီ စစ်စခန်းများမှ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ၊ စစ်သုံးပစ္စည်းများနဲ့  စစ်သုံ့ပန်းများ(The Kokang)

“၁၀၂၇ စစ်ဆင်ရေး”ရဲ့ တတိယနေ့မှာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်တွေထဲက မင်းအောင်လှိုင်ရဲ့ စစ်စခန်းတွေကို စခန်းသိမ်း တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနေတယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက် စစ်​ကောင်စီ စစ်စခန်းများမှ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ၊ စစ်သုံးပစ္စည်းများနဲ့  စစ်သုံ့ပန်းများ(The Kokang)

ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေဟာ ၃ ရက်တာ စစ်ဆင်ရေးအတွင်း အကြမ်းဖက် မင်းအောင်လှိုင် စစ်သားတွေကို စစ်သုံ့ပန်းများအဖြစ် အများအပြား ဖမ်းဆီးထားနိုင်ခဲ့ပြီး ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို “စစ်သုံ့ပန်း မူဝါဒ”နဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားကာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကိုလည်း လုပ်ဆောင်ပေးထာတယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်​ကောင်စီ စစ်စခန်းများမှ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ၊ စစ်သုံးပစ္စည်းများနဲ့  စစ်သုံ့ပန်းများ(The Kokang)

“မြေပြင်မှာ ရတဲ့ စစ်ခွေးအလောင်းက ရာချီနေပြီ။ ဒီလောက် တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေ၊ တာဝေးပစ် လက်နက်ကြီးတွေနဲ့ တဂျိမ်းဂျိမ်းချနေတာလည်း အောက်ခြေမှာ မနိုင်ဘူး ဖြစ်နေတယ်။ မြေပြင်မှာက ပြေးဖို့ပဲ ကြံနေကြတာ၊ မင်းအောင်လှိုင်အတွက် သူတို့ အသက်မပေးချင်ကြတော့ဘူး။ လက်နက်ချ အဖမ်းခံတဲ့သူတွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ်။ ခေါင်းမာတဲ့ကောင်တွေကတော့ သေပစေပေါ့”လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးမှာ ပူးပေါင်း တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တစ်ဦးက ပြောပါတယ်။ 

အကြမ်းဖက် စစ်​ကောင်စီ စစ်စခန်းများမှ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ၊ စစ်သုံးပစ္စည်းများနဲ့  စစ်သုံ့ပန်းများ(The Kokang)

TNLA တပ်မဟာ (၂) စစ်ဒေသအတွင်း နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်စခန်းကို အပြီးသတ် တိုက်ခိုက် ချေမှုန်းခဲ့ပြီး မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းကျေးရွာမှာလည်း တအာင်းတပ်မတော် (TNLA)နဲ့ မိုးကုတ်ဗျူဟာ (PDF) ပူးပေါင်းအဖွဲ့တွေနဲ့ မင်းအောင်လှိုင် စစ်သားတွေ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်​ကောင်စီ စစ်စခန်းများမှ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ၊ စစ်သုံးပစ္စည်းများနဲ့  စစ်သုံ့ပန်းများ(The Kokang)

သိန္နီမြို့မရဲစခန်းကိုလည်း ဒီကနေ့ မနက်ပိုင်းမှာ  အပြီးသတ် တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပြီး သိန္နီမြို့နယ် အတွင်းရှိ “နမ့်စလပ်” ရဲစခန်းကို မနေ့က အောက်တိုဘာလ ၂၈ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက် စစ်​ကောင်စီ စစ်စခန်းများမှ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ၊ စစ်သုံးပစ္စည်းများနဲ့  စစ်သုံ့ပန်းများ(The Kokang)

အလားတူ လားရှိုးမြို့နယ်၊ အရှေ့ဘက်ခြမ်း၊ ကီလိုမီတာ ၄၀၀ ကျော်ရှိ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ စစ်စခန်း ၂ ခုကို တပြိုက်တည်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကာ သိန္နီမြို့နယ်ရှိ  "မာချီနော့" စစ်စခန်း၊ ချင်းရွှေဟော်ဒေသရှိ "ယာခုတ်ကိုက်" စစ်တပ်စခန်းနဲ့ မုံးကိုးခရိုင်အတွင်းရှိ "နမ်ယမ်" စစ်စခန်းတို့ကိုလည်း ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက် စစ်​ကောင်စီ စစ်စခန်းများမှ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ၊ စစ်သုံးပစ္စည်းများနဲ့  စစ်သုံ့ပန်းများ(The Kokang)

အထိနာနေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်တွေဟာ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာ အပါအဝင် ရှမ်းမြောက်ပိုင်းရှိ နေရာ အများအပြားကို ဂျက်တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေ၊ တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် တုန့်ပြန်တိုက်ခိုက်နေပေမယ့် အောင်ပွဲ မရဘဲ အရှုံးကြီးရှုံးနိမ့်နေတာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်​ကောင်စီ စစ်စခန်းများမှ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ၊ စစ်သုံးပစ္စည်းများနဲ့  စစ်သုံ့ပန်းများ(The Kokang)

ညီနောင် မဟာမိတ် ၃ ဖွဲ့ ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်စခန်းတွေကို စစ်ဆင်ရေး ဆက်လက် ဆင်နွှဲကာ ဆက်လက်တိုက်ခိုက် သိမ်းပိုက်သွားမယ်လို့ သိရပါတယ်။

 

˜˜˜˜

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။