ဟေ့ကောင် အယုတ်တမာထိပ်ခေါင် အကြမ်းဖက်ခေါင်ဆောင် မ.အ.လ...
မင်းက ဝ မရှိဘဲ ဝိ လုပ်ချင်တဲ့ကောင်ဆိုတော့ မင်းဥာဏ်လေးတစ်ထွာတစ်မိုက်နဲ့ ထဆင်ထူးကို ထောင်ပြလိုက်ပြီး ဝိ လုပ်လိုက်တယ်ပေါ့လေ။ အဲဒီမှာ မင်းရဲ့စစ်ခွေးတစ်သိုက်ကသာ ဝ မရှိဘဲ ဝိ လုပ်ပြနိုင်တဲ့သူကြီးဆိုပြီး မြှောက်ပင့်ပြောဆိုကြမှာပေါ့။ ဒါပေမဲ့ တို့ပြည်သူတရပ်လုံးကတော့ ထဆင်ထူးကို ထောင်ပြလိုက်တယ်ဆိုတာ သိနေကြသပေါ့ကွာ။ ဒါကြောင့်လည်း ရူးရူးမိုက်မိုက်နဲ့ အာဏာသိမ်းခဲ့တဲ့ မင်းလုပ်ရပ်ဟာ ၃နှစ်နီးပါးကြာသည့်တိုင် မအောင်မမြင်ဖြစ်နေတာပေါ့။ ရှေ့တိုးထမ်းပိုး ဆိုတာလို မင်းအနေနဲ့ ရှေ့ဆက်တိုးလည်း ထမ်းပိုးသာ တွေ့ပေလိမ့်မယ်။ ဘာမှဖြစ်လာစရာ အကြောင်းမရှိတော့ဘူး။
ဟုတ်တယ်လေကွာ။ မင်းတို့က မင်းတို့ရယူထားတဲ့ လူသတ်လက်နက်တွေနဲ့ ၁နှစ်အတွင်း နိုင်ငံကိုတည်ငြိမ်အောင် ထိန်းသိမ်းလိုက်မယ်။ ပြီးရင် ၆လလောက် ရွေးကောက်ပွဲအတွက်ပြင်ဆင်ပြီး မင်းတို့အလိုကျရွေးကောက်ပွဲကြီးကို ၂နှစ်အတွင်း ကျင်းပပြုလုပ်ပေးကာ မင်းက သမ္မတအဆောင်အယောင် ရွှေစလွယ်ကြီး လွယ်လိုက်မယ်ပေါ့။ ဒါပေမဲ့ ထင်သာထင် မဝင်ဘူးကျောင်းအစ်မရေ ဆိုတာလို မင်းရဲ့ စိတ်ကူးယဥ်အိပ်မက်တွေဟာ ရေပေါ်အရုပ်ရေးသလို ဖြစ်သွားပြီမဟုတ်လား။ အဲဒါ မင်းရဲ့အရည်အချင်း၊ ရလဒ်တွေပေါ့ကွာ။
အခု ၃နှစ်နီးပါးကြာလာတဲ့အချိန်မှာတော့ စစ်ရေးမှာ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းကြီးက ပြိုကွဲပျက်စီးလာတာကို တွေ့ရတယ်။ ကရင်၊ ကရင်နီ၊ ချင်းကချင်စတဲ့ တိုင်းရင်းသားဒေသတွေမှာ အခြေချတပ်စွဲထားတဲ့ တပ်စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးတာ တွေ့ကြရတယ်။
ဒီမှာ။ ဒေါ်မီမီဝင်းဘတ်ပြောသလိုပဲ နိုင်ငံတစ်နိုင်ငံကို ထိန်းချုပ်တော့မယ်ဆိုရင် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူပါဝင်လာရေးတို့ကို ၂၅ရာခိုင်နှုန်းစီ အကြမ်းဖျင်းခွဲထားပြီး ကြည့်ရှုသုံးသပ်ဖို့ လိုအပ်သတဲ့ကွ။
မင်းတို့စစ်တပ်က အကြမ်းဖက်ပြီးအာဏာသိမ်းလိုက်တော့ စစ်ရေးမှာ ၂၅ရာခိုင်နှုန်း အပြည့်အဝ ထိန်းချုပ်ထားနိုင်ရမှာပေါ့ကွာ။ ဒါပေမဲ့ မင်းတို့အနေနဲ့ စစ်ရေးမှာ လပိုင်းလောက်သာ ထိန်းချုပ်ထားနိုင်ခဲ့တယ်မဟုတ်ပါလား။ အခု ၃နှစ်နီးပါးကြာလာတဲ့အချိန်မှာတော့ စစ်ရေးမှာ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းကြီးက ပြိုကွဲပျက်စီးလာတာကို တွေ့ရတယ်။ ကရင်၊ ကရင်နီ၊ ချင်းကချင်စတဲ့ တိုင်းရင်းသားဒေသတွေမှာ အခြေချတပ်စွဲထားတဲ့ တပ်စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးတာ တွေ့ကြရတယ်။ ခုဆို ကချင်ဘက်ကတပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးလိုက်ရတယ်ဆိုတာ သတင်းစာမှာထည့်သွင်းပြီး ဝန်ခံလိုက်ရပြီမဟုတ်လား။
ဒါ့ပြင် ဗမာတိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့မှာလည်း မင်းတို့ရဲ့ စစ်ရေးအရ ထိန်းချုပ်နိုင်မှုတွေဟာ တစ်စတစ်စ ကျဥ်းမြောင်းလာပြီမဟုတ်ပါလား။ ပြီးတော့ တိုက်ခိုက်ရေးတပ် သိန်းချီရှိပါတယ်ဆိုတဲ့ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းကြီးက လက်ရုံးတပ်တွေကိုတောင် စစ်မြေပြင်မှာ အသုံးပြုနေရပြီနော်။ မီးသတ်တပ်ဖွဲ့တွေ သင်တန်းတက်ရမယ်။ လူငယ်တွေကို ဂျပန်နိုင်ငံကို ပို့လွှတ်ပေးမယ်ဆိုပြီး စစ်သင်တန်းတက်၊ စစ်သားစုဆောင်းနေရပြီနော်။ ဒါက မင်းတို့အကြမ်းဖက်အဖွဲ့အစည်းကြီး အင်အားလျော့နည်းလာပြီဆိုတာ အတိအလင်း ဖော်ပြနေတာပဲကွ။
လောလောဆယ်ပြုလုပ်သွားတဲ့ တရုတ်နိုင်ငံရဲ့ BRIဆယ်နှစ်ပြည့်အခမ်းအနားကို ဖိတ်ကြားခြင်းမခံရဘဲ ချန်လှပ်ခြင်းခံရတော့ အယုတ်တမာထိပ်ခေါင် အကြမ်းဖက်ခေါင်ဆောင် မ.အ.လ...ရေ။
ဘာပဲဖြစ်ဖြစ် မင်းတို့ပြောပြောနေတဲ့ Standard Armyကြီးဟာ စစ်ရေးမှာ ၂၅ရာခိုင်နှုန်းထိန်းချုပ်နိုင်ဖို့ မပြောနဲ့။ ပြိုလဲမသွားဖို့တောင် အားထုတ်နေရပြီမဟုတ်လား။
ကိုင်း နိုင်ငံရေး ၂၅ရာခိုင်နှုန်းကြည့်ကြရအောင်။ ဒေသတွင်း အာဆီယံအဖွဲ့အစည်းမှာတောင် အလှည့်ကျဥက္ကဌရာထူး မအပ်နှင်းကြတော့ဘူးမဟုတ်လား။ လောလောဆယ်ပြုလုပ်သွားတဲ့ တရုတ်နိုင်ငံရဲ့ BRIဆယ်နှစ်ပြည့်အခမ်းအနားကို ဖိတ်ကြားခြင်းမခံရဘဲ ချန်လှပ်ခြင်းခံရတော့ အယုတ်တမာထိပ်ခေါင် အကြမ်းဖက်ခေါင်ဆောင် မ.အ.လ...ရေ။ မင်းအနေနဲ့ လူရွှင်တော်တွေပြောသလို ရေမရှိတဲ့ချောင်းထဲ နှာခေါင်းဖော်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေသင့်တော့တာပါပဲ။ အင်ဒိုနီးရှားသမ္မတတို့၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ကတော့ ဒွိယံဒွိယံတက်ရောက်လာလိုက်ကြတာ အားကျစရာ။ မင်းအနေနဲ့တော့ ခံပြင်းဒေါသဖြစ်နေမှာပါ။ ကိုယ်နဲ့ တန်ရာတန်ရာပေါ့လေလို့သာ စိတ်ဖြေပေရော့။
မင်းအနေနဲ့ မင်္ဂလာယူပြီး ချဲဝှီးကျင်းပချင်တဲ့ NCA ၁၀နှစ်ပြည့်အခမ်းအနားမှာရော ဘယ်သူတွေ တက်ရောက်လာခဲ့ပါသလဲ။ ထမင်းမစားဘဲ ချပါတီစားတဲ့ အိန္ဒိယနိုင်ငံက တက်ရောက်လာလို့ မှားယွင်းတယ်ဆိုပြီး ဝေဖန်ခံနေရပြီလေ။ ရာထူးမရှိတဲ့ ကရင်အဖိုးကြီး တက်ရောက်လာတာကလည်း ရွှေကုက္ကိုရ်ဘက်မှာ သူ့အကျိုးစီးပွား ရှုပ်ထွေးနေမှုနဲ့ ပတ်သက်လို့ဆိုပဲ။ ABSDFက ဒုဥက္ကဌကိုတော့ မစင်ထဲပျော်တဲ့လောက်ကောင် မစင်ထဲနေပေရော့လို့ ပစ်ချခံလိုက်ရပြီ။ အေးလေ။ မင်းလုပ်ကိုင်နေတာကိုက အတုအယောင်ပွဲကြီးမှန်းသိပါလျက် တက်ရောက်လာကြတယ်ဆိုတော့ အချောင်နှိုက်သမားတွေပဲဖြစ်မှာပေါ့ကွာ။
အင်အားကြီး ရုရှားနိုင်ငံက ပူတင်ရှိပါသဗျလို့တော့ မပြောနဲ့။ အဲဒီကောင်က ကိုယ့်ပြည်သူကိုယ် ပြန်သတ်တဲ့ ယုတ်မာရက်စက်တဲ့သူမဟုတ်ပေမဲ့ အာဏာငန်းဖမ်းတာချင်းတော့ တူညီသကွ။
ခုဆို မင်းအာဏာသိမ်းထားတာ ၃နှစ်နီးပါးရှိနေ ြီ။ မင်းကို ဘယ်သူကများ လူလိုသူလိုဆက်ဆံနေတာ ရှိကြသလား။ အင်အားကြီး ရုရှားနိုင်ငံက ပူတင်ရှိပါသဗျလို့တော့ မပြောနဲ့။ အဲဒီကောင်က ကိုယ့်ပြည်သူကိုယ် ပြန်သတ်တဲ့ ယုတ်မာရက်စက်တဲ့သူမဟုတ်ပေမဲ့ အာဏာငန်းဖမ်းတာချင်းတော့ တူညီသကွ။ သူတော်အချင်းချင်း သတင်းလွေ့လွေ့ပေါ့ကွာ။ သူလည်း နိုင်ငံတကာခုံရုံးက ဖမ်းဝရမ်းထုတ်တာ ခံထားရတဲ့ကောင်။ မင်းအလှည့်လည်း မကြာခင် ဆိုက်ရောက်လာတော့မယ် မဟုတ်ပါလား။
ပြောရရင် နိုင်ငံရေးမှာတော့ ၂၅ရာခိုင်နှုန်းမပြောနဲ့။ သုညတင်မကဘူး အနုတ်လက္ခဏာတောင် ဆောင်နေပြီမဟုတ်ပါလား။
စီးပွားရေး ၂၅ရာခိုင်နှုန်းကတော့ ပြောနေဖို့တောင် လိုအပ်တော့မယ်မထင်ဘူး။ ဂျပန်က အကူအညီပေးထားတဲ့ မီးရထားစက်ခေါင်းပျက်တွေသွားကြည့်ပြီး လျှပ်စစ်ရထားပြေးဆွဲနိုင်အောင်ထိ လုပ်ကြရမယ်လို့ ဂယောင်ခြောက်ခြားစကားတွေပြောနေဆဲ။ ရန်ကုန်လိုမြို့တော်ကြီးတောင် လျှပ်စစ်ပုံမှန်မပေးစွမ်းနိုင်ဘဲ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းတွေတိုးတက်မြင့်မားအောင်ကြိုးစားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရမယ်တို့၊ ကျေးလက်တွေကို မီးရှို့ဖျက်ဆီးပြီး စိုက်ပျိုးရေးထွန်းကားအောင် လုပ်ရမယ်တို့။ တကယ်ကို အရည်မရအဖတ်မရစကားတွေ သွေးလေ ချောက်ချားစွာပြောနေဆဲ။
လက်တွေ့မှာတော့ မင်းကြောင့် အထည်ချုပ်စက်ရုံရင်းနှိးမြုပ်နှံမှုတွေ ထွက်ခွာသွားကြ၊ အသေးစားအလတ်စား စက်မှုလုပ်ငန်းတွေလည်း လျှပ်စစ်မီးပုံမှန်မရလို့ ပိတ်သိမ်းကြ ကျေးလက်တွေမှာလည်း အကြမ်းဖက်ထိုးစစ်တွေကြောင့် စိုက်ပျိုးချိန် မစိုက်ပျိုးရ၊ ရိတ်သိမ်းချိန် မရိတ်သိမ်းရ။ ဒီတော့ အလုပ်လက်မဲ့တွေ တိုးပွား၊ ကုန်စျေးနှုန်းတွေတက်တော့ တို့ပြည်သူတွေ အကျပ်အတည်း ဖြစ်ကြသပေါ့ကွာ။ ပြည်သူတွေကျပ်တည်းလေ မင်းတို့ခြေအောက် ဝပ်ဆင်းလာလေလို့ ယူဆနေကြသလားမပြောတတ်။ ဒါပေမဲ့ ပြည်သူအားလုံးကတော့ အခုလို ဘေးကျပ်နံကျပ်ဖြစ်ကြရတာ မင်းရဲ့ အာဏာသိမ်းမှုအကျိုးဆက်လို့ နားလည်ထားကြပြီးသား။ ဒီတော့ ဆင်းရဲကျပ်တည်းမှုက လွတ်မြောက်ချင်ရင် မင်းတို့အကြမ်းဖက်အဖွဲ့အစည်းကို တော်လှန်မှဖြစ်မယ်လို့ နားလည်ထားကြတယ်လေ။
ကြည့်နေ။ အကြမ်းဖက်ခေါင်ဆောင် မ.အ.လ...ရေ။ စီးပွားရေးကျပ်တည်းမှုတွေကနေ မင်းတို့ကို အသက်ပေးပြီး တော်လှန်ကြမယ့် တော်လှန်ရေးသမားတွေ ဆထက်ထမ်းပိုး တိုးပွားလာကြလိမ့်မယ်ဆိုတာ။
အဲဒါ ပြည်သူ့ရဲ့ အားပေါ့ကွာ။ ပြည်သူ ၃ရာခိုင်နှုန်းလောက်သာ ထောက်ခံမှုရှိတဲ့ မင်းတို့အကြမ်းဖက်အဖွဲ့အစည်း ဘယ်နည်းနဲ့မှ အောင်မြင်မှုမရနိုင်ဘူးဆိုတာ စွဲစွဲမြဲမြဲမှတ်ထားလိုက်ပါ။
ဒီမှာ ပြည်သူလူထု မင်းတို့ဘက်ပါဝင်လာရေး ၂၅ရာခိုင်နှုန်းကတော့ လုံးဝဆိုလုံးဝ မျှော်လင့်မထားလေကြနဲ့။ ပြည်သူအားလုံးက မင်းတို့ရဲ့ လူမဆန်အောင် ယုတ်မာရက်စက်မှုတွေကြောင့် အသည်းပေါက်အောင် နာကျည်းနေကြ ြီ။ ဒါကြောင့်လည်း မင်းတို့စစ်အာဏာရှင်တွေကို တော်လှန်နေတဲ့၊ ပြည်သူတွေရဲ့ အသက်နဲ့ အိုးအိမ်စည်းစိမ်ကို ကာကွယ်နေတဲ့ PDFတွေကို အင်တိုက်အားတိုက် ကူညီပံ့ပိုးနေကြတာပေါ့ကွာ။ မင်းတို့က ပြည်သူ့ဘဏ္ဍာငွေတွေကို စည်းမဲ့ကမ်းမဲ့ သုံးဖြုန်းနေကြပေမဲ့ မင်းတို့ရဲ့ စခတွေကို ကြည့်လိုက်စမ်းပါ။ ခြင်းကြားကြီးတွေလွယ်လို့။ ယူနီဖောင်းတွေကလည်း ဟောင်းနွမ်းစုတ်ပြတ်လို့။ ပုံပန်းတွေကလည်း ဆေးစွဲသူတွေပမာ။
ဟော ပြည်သူ့PDFတွေများ ပြည်သူထောက်ပံ့တဲ့ ငွေကြေးနဲ့တောင်မှ ယူနီဖောင်းတွေက သစ်သစ်လွင်လွင်၊ ပုံပန်းတွေကလည်း တက်ကြွဖျတ်လတ်လို့။ ခုဆို ၃နှစ်တာကာလအတွင်း Standard Armyကြီးက တိုက်စစ်ကနေ ခုခံစစ်အသွင် ပြောင်းလဲသွားရှာပြီ။ အဲဒါ ပြည်သူ့ရဲ့ အားပေါ့ကွာ။ ပြည်သူ ၃ရာခိုင်နှုန်းလောက်သာ ထောက်ခံမှုရှိတဲ့ မင်းတို့အကြမ်းဖက်အဖွဲ့အစည်း ဘယ်နည်းနဲ့မှ အောင်မြင်မှုမရနိုင်ဘူးဆိုတာ စွဲစွဲမြဲမြဲမှတ်ထားလိုက်ပါ။
မင်းတို့က ဒီမိုကရေစီစနစ်ကို စည်းကမ်းတကျ တည့်မတ်အောင် ထိန်းသိမ်းပေးနေတာပါလို့ ဘယ်လိုပဲပြောပြော အကြမ်းဖက်ခေါင်ဆောင် မ.အ.လ ရေ။ မင်းတို့ရဲ့အဖွဲ့အစည်းကတော့ သမိုင်းမှာ ပြည်သူကိုသတ်ပြီး တိုင်းပြည်ကို ဖျက်ဆီးလိုက်ကြတဲ့သူတွေအဖြစ် မော်ကွန်းကမ္ဗည်းရေးထိုးခံလိုက်ကြရပြီ ဖြစ်ပါကြောင်း....
နွေဦးတော်လှန်ရေး မုချ အောင်ရမယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။