Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အထိုးကျွေးခံဘဝကနေ စစ်သားတွေ ရုန်းထွက် အလင်းဝင်ကြဖို့ NUG အတွင်းဝန် တိုက်တွန်း

စစ်သားတွေအနေနဲ့ အထိုးကျွေးခံဘဝကနေ ရုန်းထွက်ကာ အလင်းဝင်ကြဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန်ဦးနိုင်ထူးအောင်က တိုက်တွန်းလိုက်ပါတယ်။


၁၀၂၇ စစ်ဆင်ရေးကို အကြမ်းဖက်စစ်တပ်က အတိုင်းအတာတစ်ခုအထိ ကြိုတင်သိရှိပေမဲ့ လုံလောက်တဲ့ ပြင်ဆင်မှုတွေ မလုပ်ခဲ့ကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ဒီနေ့(အောက်တိုဘာ ၂၈ ရက်)ဖော်ပြရာမှာ အဲဒီလို ထည့်သွင်း တိုက်တွန်းခဲ့တာပါ။


“တကယ်တော့ 1027 စစ်ဆင်ရေး မစခင်မှာ စစ်ကောင်စီဟာ အတိုင်းအတာ တခုအထိ ရိပ်စားမိခဲ့ပါတယ်။(အောက်က စာကို ကြည့်ရင် သိနိုင်ပါတယ်) ဒီစာကို Operation မစခင် ကြိုရခဲ့တော့ ကျွန်တော်တို့ အနေနဲ့ အတော်လေးတော့ ပူပန်ခဲ့မိပါတယ်။ စကစ ကြိုတင်ရိပ်စားမှု တွေရှိနေတာ သိပေမယ့် မဟာမိတ်တွေဟာ အကောင်းဆုံး ပြင်ဆင်မှု၊ ခိုင်မာတဲ့ ဆုံးဖြတ်မှု ၊ ရဲဝံ့တဲ့ စိတ်ဓာတ်တွေနဲ့ အကောင်းဆုံး တိုက်ပွဲဝင်ခဲ့ပါတယ်။ တကယ်တိုက်ပွဲတွေ တိုက်တဲ့ အခါ မှာ အံအားသင့်ဖွယ် သုံးသပ်ရမိတဲ့ အချက်ကတော့ စစ်‌ကောင်စီတပ်တွေ သတင်းကို ကြိုတင်ရိပ်စားမိခဲ့တာတောင် အသေအချာ လုံလောက်အောင် ပြင်ဆင်ထားနိုင်ခြင်း မရှိဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အောက်က တပ်ဖွဲ့ဝင်တွေလည်း ဘာမှ ကြိုသိထားပုံ မရဘူး ထင်ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှု ညံဖျင်းမှု၊ လက်အောက်ငယ်သားများအတွက် နည်းနည်းမှ ထည့်သွင်းစဉ်းစားမပေးမှု စတာတွေကို ပေါ်လွင်စေပါတယ်”လို့ သူကပြောပါတယ်။


အဲဒီလို ညံဖျင်းတဲ့ စီမံမှုနဲ့ အောက်ခြေရဲဘော်တွေကို ထိုးကျွေးအသုံးချဖို့ စိတ်ဓာတ်ပဲ ရှိတဲ့ ခေါင်းဆောင်တွေအောက်မှာ စစ်သားတွေအနေနဲ့ အသက်နဲ့ မိသားစု ဘဝတွေ ဆုံးရှုံးနစ်နာရတာပဲ အဖတ်တင်မှာမို့ အလင်းဝင်ဖို့ရာ အလေးအနက် စဉ်းစား ဆုံးဖြတ်ကြပါလို့ ဦးနိုင်ထူးအောင်က ပြောပါတယ်။


“တပ်မတော်ဟာ အင်မတန် ခိုင်မာတဲ့ အင်စတီကျူးရှင်း ဆိုပြီး ပြောနေသူများကိုလည်း ဒီလောက် ညံဖျင်းတဲ့ ခေါင်းဆောင်တွေကို မဖယ်ရှားနိုင်တဲ့ အင်စတီကျူးရှင်းဆိုတာ ခိုင်မာတဲ့ အင်စတီကျူးရှင်း ဖြစ်စရာ အကြောင်းကို မရှိဘဲ အတော် ညံဖျင်းတဲ့ အင်စတီကျုးရှင်း၊ မကြာခင် ပြိုလဲပျက်စီးတော့မယ့် အင်စတီကျုးရှင်းသာ ဖြစ်ပါကြောင်း ‌ပြောကြားလိုပါတယ်”လို့ သူက ဆက်ပြောပါတယ်။
~~~~~

ကိုငြိမ်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။