Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

လားရှိုးနဲ့ နမ့်ခမ်း တပ်စခန်း ၄ ခုကို TNLA သိမ်းပိုက်၊ စစ်သား ၁၈ ဦး သေ၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းမိ

ရှမ်းပြည်နယ်၊ လားရှို့းနဲ့ နမ့်ခမ်းမြို့နယ်အတွင်းရှိ တပ်စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သား ၁၈ ဦးသေဆုံးကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။


အောက်တိုဘာ၂၇ ရက်၊ မနက်ပိုင်းမှာ Operation 1027 အဖြစ် လားရှိုးမြို့နယ်
မိုင်းကျက်တပ်စခန်း နဲ့ တိန်တန်တပ်စခန်းတို့ကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်ခဲ့ပြီး နေ့ခင်း ၁၂ နာရီလောက်မှာ  တိန်းတန်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
တိုက်ပွဲအတွင်း သေနတ် ၁၄ လက်၊ RPG ၁လက်၊ 60MM ၂ လက်၊ စက်လတ်အကြီး ၁လက်၊ လက်ပစ်ဗုံးအလုံး ၂၀၀ ၊ RPG ကျည် ၃၀ ၊ 60MM ကျည် ၅၀၊ မိုင်း ၊  ကျည်ဆန်တွေ နဲ့  စစ်အသုံးအဆောင် ပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။


အောက်တိုဘာ ၂၇ ရက်၊မနက် ၄ နာရီလောက်မှာလည်း နမ့်ခမ်းမြို့နယ်
နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃)မိုင် တပ်စခန်း၊ (၁၂)မိုင် တပ်စခန်းနဲ့ မန်မိုင်တပ်စခန်း(မိုက်ခရိုဝေ့ တာဝါတိုင်တပ်စခန်း)  တို့ကို TNLA က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး  စစ်သား အလောင် း၁၈ လောင်းနဲ့  လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရခဲ့မိကြောင်း TNLA က ဆိုပါတယ်။ 


အောက်တိုဘာ ၂၇ ရက်မှာ  စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၇ ကြိမ်၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယဥ်နဲ့  ၅ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး  ၁၂၀/၁၀၅ ဟောင်ဝေဇာအမြောက်နဲ့  ၁၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
~~~~~ 

ကိုထိုက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။