Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မင်းအောင်လှိုင် ရှေ့တော်မှောက် ဒူးထောက်တဲ့ ‘လောက်’ တွေ (OPINION)

၂၀၁၀ရွေးကောက်ပွဲဝင်မလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကနေ ထွက်တုန်းက ခင်မောင် ဆွေနဲ့ သိန်းညွန့်တို့ အပေါင်းအပါတစ်သိုက် ဒီမိုကရေစီလက်သီးလက်မောင်းတန်းခဲ့ဖူးတယ်။NLDဆိုတာ မိခင် ပါတီ။ဒီမိုကရေစီပင်လယ်ပြင်ထဲ အသက်ကယ်လှေတစ်စင်းနဲ့ ကြိုဆင်းကာ ခတ်ကွင်းပြင်ခြင်းဖြစ်သတဲ့။သူ တို့က အနစ်နာခံသူကြီးများ ပမာ။

 

 

ကြံဖွတ်ကိုမုန်းတဲ့ ပြည်သူတွေက ဒီမိုကရေစီလို့ထင်ရတဲ့ ပါတီတွေကို မဲပေးလို့ လွှတ်တော်ထဲရောက် သွားဖူးတယ်။နေပြည်တော်လွှတ်တော်ထဲမှာ သိန်းညွန့်ဆိုတာ ဒီမိုကရေစီဘက်တော်သားအဖြစ်လည်း ဟန် ဆောင်ကောင်းခဲ့ဖူးတယ်။

 

၂၀၁၅ခုနှစ်ရွေးကောက်ပွဲမှာ NLDပါတီ အကြီးအကျယ်နိုင်ပြီး ကြံ့ဖွတ်လည်း ခွက်ခွက်လန်ရှုံး။သိန်း ညွန့်ပါတီနဲ့ခင်မောင်ဆွေပါတီလည်း အရူးမီးဝိုင်း ရှုံးနိမ့်ပြီးနောက် ဘယ်ကြာလိမ့်မလဲ။အတိုက်အခံပါတီတွေ ရဲ့စုစည်းမှုအဖြစ် ကြံ့ဖွတ်နဲ့ပေါင်းကာ NLDအစိုးရဆန့်ကျင်ရေး လေချဉ်တက်ကြကုန်ပါရော။NLDအစိုးရကို ဆန့် ကျင် ရင်း ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲမှာ NLDပါတီကို နိုင်အောင် ဝိုင်းတိုက်ကြမယ်လို့လည်း စိတ်ကူး တွေဘာတွေ ယဉ်ခဲ့ကြတယ်။

 

အဲဒီပွဲဟာ အာဏာသိမ်းလိုက်ရင်ကောင်းမလားလို့ စဉ်းစားခန်းဝင်နေပြီဖြစ်တဲ့ မင်း အောင် လှိုင် ရဲ့ခေါင်းထဲ ငါ့ကို ထောက်ခံတဲ့ပါတီတွေလည်း အများသားလို့ စိတ်ကြီးဝင်စေသလို အာဏာသိမ်း ဖို့ရာ ရဲဆေး တင်ပေးလိုက်တဲ့ပွဲဆိုလည်း မမှားပါဘူး။

 

၂၀၂၀ရွေးကောက်ပွဲလည်း နီးလာ၊ ကိုယ့်ဘဝပေးကိုယ်သိ၊ NLDပါတီကို ဒီဘဝမှာ သွေးရိုးသားရိုး နည်းနဲ့ မနိုင်လောက်ဘူးဆိုတာ သေချာနေပြန်တော့ မင်အောင်လှိုင်နဲ့ တွေ့ဆုံပွဲမှာ အာဏာသိမ်းဖို့ရာ ဝိုင်း ကျပ်ပေးတော့တယ်။

 

၂၀၂၁ခုနှစ်၊ဩဂုတ်၁၄ရက်၊နိုင်ငံရေးပါတီ၃၄ခုနဲ့ မင်းအောင်လှိုင် တွေ့ဆုံပွဲ။အားကိုးပါတယ် အဘ ရယ် ဆိုတဲ့ အဲဒီတွေ့ဆုံပွဲမှာ သိန်းညွန့်၊ခင်မောင်ဆွေတင်မက NLDပါတီကနေ ခွဲထွက်လာတဲ့ သက်သက်ခိုင် က လည်း ရှေ့ဆုံးတန်းက။အဲဒီပွဲဟာ အာဏာသိမ်းလိုက်ရင်ကောင်းမလားလို့ စဉ်းစားခန်းဝင်နေပြီဖြစ်တဲ့ မင်း အောင် လှိုင် ရဲ့ခေါင်းထဲ ငါ့ကို ထောက်ခံတဲ့ပါတီတွေလည်း အများသားလို့ စိတ်ကြီးဝင်စေသလို အာဏာသိမ်း ဖို့ရာ ရဲဆေး တင်ပေးလိုက်တဲ့ပွဲဆိုလည်း မမှားပါဘူး။

 

မင်းအောင်လှိုင်က မအောင်မြင်တဲ့ အာဏာသိမ်းပွဲကို စတင်လိုက်တယ်။NLDပါတီကနေ ထွက်လာတဲ့ သိန်းညွန့်နဲ့ခင်မောင်ဆွေက စစ်ကောင်စီအဖွဲ့ဝင်။သက်သက်ခိုင်က ဝန်ကြီး။မင်းအောင်လှိုင် အထင်ကြီး လောက်အောင် ကျပ်ပေးနိုင်ခဲ့တာကြောင့် အမြင့်ဆုံးရာထူးတွေ ပြန်လည်ချီးမြှင့်ခြင်းလို့ ဆိုရင် မမှားလောက် ပါဘူး။

 

နောက်တစ်ယောက် NLDအစိုးရ ဒုသမ္မတ ဟင်နရီဗန်ထီးယူ ဆိုရင်လည်း မင်းအောင်လှိုင်လုပ်တဲ့ ကာလုံအစည်းအဝေးတက်ကာ ကာယကံမြောက် စစ်အုပ်စုအဓွန့်ရှည်ရေး အားပေးခဲ့သူ။

 

NLDပါတီကနေ ထွက်လာတဲ့သူ၃ယောက် မင်းအောင်လှိုင် ရှေ့တော်မှောက် ဒူးထောက်ခစားရုံတင်မ က စစ်အာဏာရှင်စနစ်ကိုပါ ပြောင်ပြောင်တင်တင်း အလုပ်အကျွေးပြုတဲ့အထိ အတင့်ရဲခဲ့လေတော့ သူတို့ရဲ့ နိုင်ငံရေးကြီးပြင်းခဲ့ရာ NLDပါတီက ဘယ်လိုတွေများ လေ့ကျင့်ပျိုးထောင်ပေးခဲ့သလဲလို့လည်း မေးခွန်းထုတ်ရ ပါမယ်။

 

ပြီးတော့ ဖြိုးမင်းသိန်းဆိုရင်လည်း NLDအစိုးရ၊ရန်ကုန်တိုင်းဝန်ကြီးချုပ်။ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်။ စစ်အုပ်စုကို ဒူးထောက်အညံ့ခံရုံတင်မက စစ်အုပ်စု ခိုင်းတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ် သက်ပြီး တရားရုံးမှာ မမှန်မကန်သက်သေထွက်ဆိုကာ ကိုယ့်ဘာသာ နိုင်ငံရေးကြိုးကွင်းစွပ် သတ်သေသွား ခဲ့တယ်။

 

နောက်တစ်ယောက် NLDအစိုးရ ဒုသမ္မတ ဟင်နရီဗန်ထီးယူ ဆိုရင်လည်း မင်းအောင်လှိုင်လုပ်တဲ့ ကာလုံအစည်းအဝေးတက်ကာ ကာယကံမြောက် စစ်အုပ်စုအဓွန့်ရှည်ရေး အားပေးခဲ့သူ။ဒုသမ္မတတစ်ယောက် ဟာ ဘယ်လိုအကြောင်းနဲ့မှ စစ်အုပ်စုကို ကြောက်ခွင့်မရှိ။စစ်အုပ်စုနဲ့ ပေါင်းခွင့်မရှိဘူးဆိုတဲ့ နိုင်ငံရေးဂုဏ်သိ က္ခာကင်းမဲ့လွန်းလှ။

 

အဲဒီလို စစ်အုပ်စုဖောက်တဲ့လမ်းပေါ် ပျော်ပျော်ပါးပါး ကက ခုန်ခုန် ပါ ဝင်ဆင်နွှဲမယ်ဆိုတဲ့ NLDဗဟိုကော်မတီဝင်(ဟောင်း) စန္ဒာမင်းနဲ့တိုးလွင် ဂိုဏ်းသားတွေကိုလည်း ဘယ်လို နည်းနဲ့မှ ခွင့်လွှတ်လို့မရ။

 

ရပ်ကျေးNLDပါတီဝင်ကအစ အသတ်ခံရ၊ထောင်ကျ နေရပ်စွန့်ခွာရ။ သက်မဲ့ပါတီရုံးအဆောက်အအုံ ကိုလည်း စစ်အုပ်စုက အကြမ်းဖက်ဖျက်ဆီးနေတာတောင် တရားမဝင်စစ်အုပ်စုဆီ ပါတီမှတ်ပုံတင်ပြန်တင် ရေး။ စစ်အုပ်စုလုပ်မယ့်ရွေးကောက်ပွဲဝင်ရေး။အဲဒီလို စစ်အုပ်စုဖောက်တဲ့လမ်းပေါ် ပျော်ပျော်ပါးပါး ကက ခုန်ခုန် ပါ ဝင်ဆင်နွှဲမယ်ဆိုတဲ့ NLDဗဟိုကော်မတီဝင်(ဟောင်း) စန္ဒာမင်းနဲ့တိုးလွင် ဂိုဏ်းသားတွေကိုလည်း ဘယ်လို နည်းနဲ့မှ ခွင့်လွှတ်လို့မရ။

 

အခုလည်း မင်းအောင်လှိုင်နဲ့ ငြိမ်းချမ်းရေးဖန်ခွက်ချင်း တိုက်သူတွေကို ထပ်တွေ့ရပြန်ပါပြီ။အောက် တိုဘာ၁၅ရက်နေ့၊နေပြည်တော်မှာ မင်းအောင်လှိုင်ပြုလုပ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သ ဘောတူစာချုပ် ( NCA ) ၈ နှစ်ပြည့် ပွဲဆိုလား။

 

အောက်တိုဘာ၉ရက်နေ့ညက ကချင်ပြည်နယ်၊လိုင်ဇာမြို့အနီးက မုန်လိုင်ခက်စစ်ရှောင်ရွာကို စစ် တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေး၁၃ဦးအပါအဝင် စစ်ရှောင်ပြည်သူ ၂၉ဦး သေဆုံးပြီးနောက် NCA ၈နှစ်ပြည့်ပွဲကို နေပြည်တော်မှာ အကြီးအကျယ် ပြုလုပ်ခြင်းဖြစ်တယ်။နိုင်ငံရေးမိုက်လုံးကြီးသူတို့ ခွက်ချင်း တိုက်တဲ့ပွဲလို့ဆိုရင်လည်း တည့်တည့်မှန်ပါတယ်။

 

အကြမ်းဖက်စစ်အုပ်စုကို အာဏာသိမ်းထားသူတွေပါလို့ ပြည်သူတွေမြင်သလို ရိုးရိုးလေးရှုမြင်တတ်ခဲ့ ရင် အာဏာသိမ်းထားတဲ့ စစ်ဗိုလ်ချုပ်တွေက တရားဝင်မှုဘာမှမရှိဘူးဆိုတာ သုံးချက်တွက်နည်းလောက်မ ခက်ဘဲ နားလည်ကြပါမယ်။

 

NCA မရှိတော့ဘူးဆိုတာလည်း ကောင်းကောင်းသိပါတယ်။ ဒါဆို ဘာ့ကြောင့် နေပြည်တော် ခေါ်တိုင်းသွားပြီး ဖန်ခွက်ချင်း တိုက်နေရတာပါလဲ။

 

မင်းအောင်လှိုင်နဲ့ ဖန်ခွက်ချင်းတိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်လို့ဆိုသူတွေဟာ စစ်အုပ်စုမှာ တရားဝင်မှုဘာမှမရှိဘူးဆိုတာလည်း သိပါတယ်။ NCA မရှိတော့ဘူးဆိုတာလည်း ကောင်းကောင်းသိပါတယ်။ ဒါဆို ဘာ့ကြောင့် နေပြည်တော် ခေါ်တိုင်းသွားပြီး ဖန်ခွက်ချင်း တိုက်နေရတာပါလဲ။

 

သူတို့ရဲ့ အကျိုးစီးပွားကို အထိမခံနိုင်၊အကြမ်းဖက်စစ်အုပ်စုနဲ့ ဖက်ပြိုင်ပြီး စစ်မတိုက်ချင်လို့ပဲဖြစ်ပါ တယ်။အဲဒါကြောင့် စစ်အုပ်စုကိုလည်း ယုံချင်ယောင်ဆောင်၊NCA ကိုလည်း ယုံချင်ယောင်ဆောင်၊ငြိမ်းချမ်း ရေးကို စစ်အုပ်စုနဲ့ အခုလို ထိတွေ့ဆက်ဆံမှုမျိုးကနေသာ ရမှာလိုလို ယုံချင်ယောင်ဆောင်ကာ ပြည်သူကို သစ္စာဖောက်နေကြခြင်းဖြစ်ပါတယ်။

 

ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က NCA စာချုပ် ပျက်ပြယ်သွားပြီလို့ အပြတ်ပြောခဲ့ပါ တယ်။တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ စစ်အုပ်စုနဲ့ ဆွေးနွေးနေတာဟာ တိုင်းပြည်ရဲ့ အခြေအနေကို ပိုပြီးဆိုးဝါးစေလိမ့်မယ်လို့လည်း အဲဒီ၃ဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

ဒီတစ်ခေါက် NCA ၈နှစ်ပြည့်ရဲ့ ထူးခြားချက်က KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တက်ရောက်ခြင်းဖြစ်ပြီး သူ့ရဲ့တက်ရောက်မှုဟာ KNU ရဲ့သဘောထားမပါဘူးလို့ KNU က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါထက်ပိုဆိုးပြန်တာကကျောင်းသားတပ်မတော် ABSDF ရဲ့ ဒုဥက္ကဌ မျိုးဝင်းနဲ့ အဖွဲ့ဝင် ၂ဦး တက်ရောက် ခြင်းပါပဲ။

 

စစ်အာဏာရှင်တွေကို ဆက်လက်တိုက်ပွဲဝင်နေပေမဲ့ မျိုးဝင်းနဲ့အပေါင်းအပါတွေက မင်းအောင်လှိုင်ရှေ့တော်မှောက် ဒူးထောက်ခစားကာ ငြိမ်းချမ်းရေးသီချင်းတွေ သွားဆိုကာ နိုင်ငံရေးမိုက်လုံးကြီးပြခဲ့ပါတယ်။

 

ABSDF ဆိုတာ ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကနေ မွေးဖွားလာတဲ့ အာဏာရှင်ဆန့်ကျင်ရေး အစဉ်အလာကြီးခဲ့တဲ့ ကျောင်းသားတပ်မတော်။၈၈အရေးတော်ပုံကြီးရဲ့အဆက် ဒီနေ့နွေဦးတော်လှန်ရေးမှာ လည်း ABSDF ဟာ မြောက်ပိုင်းဒေသ၊ချင်းတွင်းဒေသနဲ့ တောင်ပိုင်းဒေသတို့မှာ စစ်အာဏာရှင်တွေကို ဆက်လက်တိုက်ပွဲဝင်နေပေမဲ့ မျိုးဝင်းနဲ့အပေါင်းအပါတွေက မင်းအောင်လှိုင်ရှေ့တော်မှောက် ဒူးထောက်ခစားကာ ငြိမ်းချမ်းရေးသီချင်းတွေ သွားဆိုကာ နိုင်ငံရေးမိုက်လုံးကြီးပြခဲ့ပါတယ်။

 

ABSDF ဒုတိယဥက္ကဋ္ဌ မျိုးဝင်းနဲ့ အဖွဲ့ဝင်နှစ်ဦး ရဲ့ မင်းအောင်လှိုင်လုပ် NCA ၈နှစ်ပြည့် ပွဲ တက်ရောက် မှုဟာ ABSDF သဘောထားကို ဆန့်ကျင်တာကြောင့် တက်ရောက်သူ သုံးဦးစလုံးကို နိုင်ငံရေး၊ စစ်ရေးတာဝန် တွေကနေ ရပ်စဲကြောင်း ABSDF က အောက်တိုဘာ ၁၆ ရက်မှာကြေညာချက် ထုတ်ပြန်ခဲ့ပါ တယ်။

 

ဒါပေမဲ့၊ABSDF ရဲ့ ထုတ်ပြန်ချက်မှာ ABSDF တပ်ဖွဲ့ဝင် ၃ဦးလို့သာဖော်ပြထားပြီး မင်းအောင်လှိုင်ရှေ့ မှောက် သွားဒူးထောက်သူတို့ရဲ့ အမည်နဲ့ရာထူးကို ဖော်ပြမထားပါဘူး။ဘာ့ကြောင့် မဖော်ပြထားတာလဲဆိုတာ မသိပေမဲ့ သူတို့၃ဦးအပေါ် ရဲဘော်စိတ် မကုန်ဆုံးသေးတာကြောင့် ဖြစ်နိုင်ပါတယ်။ပြီးတော့ ABSDF တပ်ဖွဲ့ဝင်အဖြစ် ဆက် လက်ထားရှိတာကိုလည်း အံ့အားသင့်ဖွယ် တွေ့ရပါတယ်။

 

မင်းအောင်လှိုင်လုပ်တဲ့ NCA ပွဲကို တက်တယ်ဆိုတာ မင်းအောင်လှိုင်ကို အသိအမှတ်ပြုခြင်းဖြစ်ပြီး အာဏာထိန်းတာပါလို့ ဗြောင်လိမ်နေတာကို ထောက်ခံလိုက်ခြင်းဖြစ်ပါတယ်။နောက်တစ်နည်းထပ်ပြောရ သော် ပြည်သူတို့ရဲ့ နွေဦးတော်လှန်ရေးကို ဆန့်ကျင်ကာ မင်းအောင်လှိုင်ဘက်ကနေ ရပ်ခံပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။

 

နေ့စဉ်နဲ့အမျှ ဒဏ်ရာဗရပွနဲ့ မြန်မာပြည်သူတွေဟာ အစွဲအလန်းကြီးပါတယ်။ရန်-ငါ စည်းပြတ်ပါ တယ်။သစ္စာဖောက်တွေကို တံတွေးနဲ့ နာနာထွေးကာ တောထုတ်ပြီးဖြစ်ပါတယ်။ပြည်သူတွေက သစ္စာဖောက် လောက်ကောင်တွေကို စစ်အုပ်စုနဲ့တစ်တန်းတည်းထားကာ ခွေးပုရပုဒ်မှာ မှတ်တမ်းတင်ထားပါကြောင်း ပြော ကြားလိုက်ချင်ပါတယ်။

 

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။