Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

“ဒီစစ်ပွဲမှာ မြန်မာစစ်တပ် နိုင်စရာလမ်း မမြင်ပါ” (Opinion)

အာဏာသိမ်း စစ်ကောင်စီကို ဖြုတ်ချဖို့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ နိုင်ငံတကာ အကူအညီတွေ လိုအပ်နေပေမယ့် မြန်မာစစ်တပ်ကတော့ ဒီစစ်ပွဲမှာ နိုင်စရာအကြောင်း မရှိဘူးလို့ အရှေ့တောင်အာရှ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆောင်းပါးတွေ ရေးသားနေသူ ပါမောက္ခ ဇာခါရီ အဘူဇာက သုံးသပ်ပြောဆိုထားပါတယ်။ မြန်မာစစ်တပ်ရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် စစ်သားတွေ ဘက်ပြောင်း ခိုလှုံလာတာ၊ စီးပွါးရေး အရင်းအမြစ်တွေ ဆိုးဆိုးဝါးဝါး ရှားပါးပြတ်လပ်လာတာနဲ့ နယ်မြေဆုံးရှုံးတာတွေကို ဖြစ်လာစေပါတယ်လို့ သူက ပြောပါတယ်။

 

မြန်မာစစ်တပ်ရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် စစ်သားတွေ ဘက်ပြောင်း ခိုလှုံလာတာ၊ စီးပွါးရေး အရင်းအမြစ်တွေ ဆိုးဆိုးဝါးဝါး ရှားပါးပြတ်လပ်လာတာနဲ့ နယ်မြေဆုံးရှုံးတာတွေကို ဖြစ်လာစေပါတယ်လို့ သူက ပြောပါတယ်။

 

နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အာဏာသိမ်း စစ်ကောင်စီကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့အရေးယူပြီး တော်လှန်ရေး အင်အားစုတွေကို ငွေကြေးထောက်ပံ့ ကူညီပေးခြင်းအားဖြင့် မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်စေဖို့ ကူညီပံ့ပိုးပေးနိုင်တယ်လို့ ဇာခါရီ အဘူဇာက ဆိုပါတယ်။ 

 

ဆောင်းပါးရှင် ဇာခါရီ အဘူဇာဟာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် အမျိုးသား စစ်တက္ကသိုလ်က ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။

 

………………….

 

သက်ဆိုးမရှည်နိုင်တော့တဲ့ စစ်အာဏာရှင်တွေဒီ

 

မိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ နှစ်နှစ်ခွဲကျော်လာပါပြီ။ မြန်မာစစ်တပ်ဟာ သူ့အာဏာကို စုစည်းနိုင်ဖို့အတွက် တစ်နိုင်ငံလုံးမှာ ရမ်းရမ်းကားကား ထင်ရာစိုင်းပြီး မွှေနှောက်သောင်းကျန်းနေတာကို ကမ္ဘာကြီးက လက်ပိုက်ကြည့် နေခဲ့ပါတယ်။

 

စစ်တပ်ဟာ မြန်မာပြည်သူ ၄၅၀၀ ကျော်ကို သတ်ဖြတ်ထားပြီး ၂၅၀၀၀ နီးပါးကို ထောင်သွင်း အကျဉ်းချ ထားပါတယ်။ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဘုရားရှိခိုးကျောင်းတွေ အပါအဝင် အရပ်သား ပြည်သူတွေကို ပြစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကလည်း ပိုပြီး တိုးလာနေပါတယ်။ မကြာသေးခင်ကပဲ စစ်ဘေးရှောင်စခန်းတစ်ခုကို မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အိပ်ပျော်နေတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၃၉ ဦး သေဆုံးခဲ့ရပါတယ်။

 

ယူကရိန်းစစ်ပွဲဟာ နိုင်ငံတကာ အသိုက်အဝန်းမှာ အာရုံစိုက်စရာ ဖြစ်ခဲ့ပေမယ် မြန်မာ့အရေးကိုတော့ သိပ်ပြီး အာရုံမကျကြပါဘူး။ ဒါကလည်း အကြောင်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၆၂ ကတည်းက စစ်တပ်က အာဏာသိမ်းပြီး ဖိနှိပ်အုပ်ချုပ်ခဲ့တာပါ။ ၂၀၁၅ ကနေ ၂၀၂၁ ခုနှစ်အာဏာသိမ်းချိန်အထိ ဒီမိုကရေစီ ပြတင်းပေါက်လေး ပွင့်ခဲ့တဲ့အချိန်က ခဏလေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့အရေးမှာ သက်ဆိုးရှည် အာဏာရှင် စစ်တပ်ကပဲ နောက်ဆုံးမှာ နိုင်သွားလိမ့်မယ်လို့ ကမ္ဘာ့နိုင်ငံအများစုက ယူဆနေကြတာ ဖြစ်ပါတယ်။

 

သူနဲ့ တိုက်နေတဲ့ တော်လှန်ရေး အင်အားစုတွေက အနိုင်ရဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သလို တရားဝင်မှုနဲ့ လူထုထောက်ခံမှုကိုလည်း ထိန်းထားနိုင်ပါတယ်။ ဒါ့အပြင် တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ အခုအချိန်မှာ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကိုလည်း ပုံမှန်ရနေပြီ ဖြစ်ပါတယ်။

 

ဒါပေမဲ့ စစ်တပ်က နိုင်လိမ့်မယ်ဆိုတဲ့ ဒီအယူအဆက ချို့ယွင်းချက် ရှိပါတယ်။ အခုအချိန်မှာ မြန်မာစစ်တပ်ဟာ နေရာအနှံ့ စစ်မျက်နှာစုံမှာ တိုက်ပွဲဝင်နေရပါတယ်။ သူနဲ့ တိုက်နေတဲ့ တော်လှန်ရေး အင်အားစုတွေက အနိုင်ရဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သလို တရားဝင်မှုနဲ့ လူထုထောက်ခံမှုကိုလည်း ထိန်းထားနိုင်ပါတယ်။ ဒါ့အပြင် တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ အခုအချိန်မှာ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကိုလည်း ပုံမှန်ရနေပြီ ဖြစ်ပါတယ်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ဟာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) ၃၀၀ ကျော်ကို စုစည်းပြီး အဓိက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ကာ အာဏာသိမ်း စစ်တပ်ကို တုန့်ပြန် တိုက်ခိုက်နေပါတယ်။ အရေးကြီးတာက NUG အနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးစွမ်းရည်ကို ပျက်ပြားစေဖို့ ပိုပြီး ပစ်မှတ်ထား တိုက်ခိုက်နေသလို လမ်းမကြီးတွေနဲ့ အဓိက ထောက်ပို့ လမ်းကြောင်းတွေကို ပိုပြီး ပြိုင်ဆိုင်ရယူ လာနိုင်နေပါတယ်။

 

ဒါ​ပေမဲ့ စစ်တပ်ကို ရှုံးနိမ့်စေတာက မြန်မာစစ်တပ်ရဲ့ ပင်ကို အရည်အချင်း ညံ့ဖျင်းမှုကြောင့် ဖြစ်ပြီး စစ်မြေပြင်မှာ NUG ရဲ့ ကျားကုတ်ကျားခဲ ဇွဲနပဲကြီးကြီးနဲ့ ဆောင်ရွက်နိုင်တာကြောင့်တော့ မဟုတ်ပါဘူး။

 

……………………

 

အင်အားဆုတ်ယုတ်လာနေတဲ့ မြန်မာစစ်တပ်

 

ပထမဆုံး ပြောရရင် မြန်မာစစ်တပ်ဟာ ထင်ထားတာထက် အင်အား အများကြီး လျော့နည်း နေပါတယ်။ စစ်ဆင်ရေးအများစုကို အဓိက တာဝန်ယူရတဲ့ ခြေမြန်တပ်မ ၁၀ ခုမှာ စစ်သည်အင်အား နှစ်သိန်းကျော် ရှိရမှာ ဖြစ်ပြီး အကြမ်းဖျင်းအနေနဲ့ ပြောရရင် တပ်ရင်းတစ်ရင်းမှာ စစ်သည်အင်အား ၂၀၀ ကျော် ရှိရမှာ ဖြစ်ပါတယ်။

 

၂၀၂၂ စက်တင်ဘာလမှာ ပေါက်ကြားခဲ့တဲ့ အမိန့်စာတစ်ခုအရ မြန်မာစစ်တပ်ရဲ့ တပ်ရင်းတစ်ရင်းကို အင်အား ၁၈၅ ယောက်နဲ့ တွက်ချက်ထားပါတယ်။ ဒါပေမဲ့ တပ်ရင်းအားလုံးရဲ့ တစ်ဝက်ကျော်မှာ စစ်သည်အင်အားက ၁၅၀ အောက်မှာပဲ ရှိနေပါတယ်။

 

သိပ်မကြာခင်က ပေါက်ကြားခဲ့တဲ့ မှတ်တမ်းတစ်ခုမှာ ခြေလျင်တပ်ရင်းတစ်ရင်းမှာ စစ်သား ၁၃၂ ယောက်ပဲ ရှိပြီး သူတို့ထဲက အယောက် ၇၀ ကိုသာ ရှေ့တန်းကို စေလွှတ်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

 

စစ်တက္ကသိုလ် သုံးခုကို ဝင်ခွင့်လျှောက်ထားသူ အရေအတွက်ကလည်း လျော့ကျလာနေပြီး ဝင်ခွင့် သတ်မှတ်ချက်တွေကိုလည်း လျှော့ပေါ့ ပေးထားရပါတယ်။

 

တိုင်းပြည်ရဲ့ နေရာအနှံ့က ကျေးရွာတွေမှာ စစ်တပ်က ဗုံးကြဲတာ၊ မီးရှို့ဖျက်ဆီးတာ၊ လုယက်တာတွေကို ကျူးလွန်နေတာကြောင့် တပ်သားသစ် စုဆောင်းနိုင်မှုကလည်း အတော်လေး ကျဆင်းလာနေပါတယ်။

 

စစ်တပ်ကို စွန့်ခွါပြီး ဘက်ပြောင်းခိုလှုံသူတွေနဲ့ တပ်ပြေးတွေကြောင့်လည်း မြန်မာစစ်တပ်ရဲ့ စစ်သည်အင်အားက လျော့ကျလာနေပါတယ်။

 

၂၀၂၃ ဩဂုတ်လမှာ အရပ်ဖက် ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ပြည်သူ့စစ်တွေအဖြစ် အသုံးချဖို့ စစ်ကောင်စီက ဆင့်ခေါ်ခဲ့ပါတယ်။ ၂၀၂၂ အစောပိုင်းကလည်း ရဲတပ်ဖွဲ့ဝင်တွေကို စစ်မြေပြင်ကို စေလွှတ်ခဲ့ပြီး ရဲစခန်းတွေမှာ လုံခြုံရေး စောင့်ဖို့ အလယ်အလတ်အဆင့် ရဲအရာရှိတွေရဲ့ မိသားစုဝင်တွေကိုပါ စစ်သင်တန်းတွေ ပေးခဲ့ပါတယ်။ 

 

အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်ချိန်က စပြီး မြန်မာစစ်တပ်မှာ စစ်သား သုံးသောင်းလောက် သေဆုံးသွားရပြီလို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က ပြောပါတယ်။ စစ်တပ်ကို စွန့်ခွါပြီး ဘက်ပြောင်းခိုလှုံသူတွေနဲ့ တပ်ပြေးတွေကြောင့်လည်း မြန်မာစစ်တပ်ရဲ့ စစ်သည်အင်အားက လျော့ကျလာနေပါတယ်။

 

ဘက်ပြောင်းခိုလှုံလာတဲ့ စစ်သားနဲ့ ရဲ ၁၃,၀၀၀ ကျော် ရှိလာပြီလို့ သိရပါတယ်။ ဒါပေမယ့် ဒီနှုန်းကတော့ နှေးနေသေးသလို တပ်ရင်းတပ်ဖွဲ့လိုက် ဘက်ပြောင်းစွန့်ခွါတာမျိုးကလည်း မရှိသလောက်ပါပဲ။

 

ရှေ့တန်း စစ်မြေပြင်ကို ထွက်ဖို့ အမိန့် မနာခံတဲ့အတွက် ဖမ်းဆီး အရေးယူခံရတဲ့ စစ်ဗိုလ် အရေအတွက်ကလည်း တိုးလာနေပါတယ်။

 

…………………..

 

စစ်ရာဇဝတ်မှုတွေက မြန်မာစစ်တပ်ရဲ့ မဟာဗျူဟာ

 

ဒုတိယအနေနဲ့ ပြောရရင် မြန်မာစစ်တပ်ရဲ့ မဟာဗျူဟာက အလုပ် မဖြစ်ပါဘူး။ တော်လှန်ရေး အင်အားစုတွေကို တန်ပြန်နှိမ်နင်းရာ စစ်တပ်သုံးနေတဲ့ ဗျူဟာက နှလုံးသားနဲ့ စိတ်ဓာတ်တွေကို စိုးမိုး အနိုင်ရစေဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး။

 

“ဖြတ်လေးဖြတ်”လို့ လူသိများတဲ့ စစ်ကောင်စီရဲ့ ပုန်ကန်မှု နှိမ်နင်းရေးဗျူဟာက ပြည်သူတွေကို ထိတ်လန့် ကြောက်ရွံ့အောင်လုပ်ပြီး အောက်ကျို့အညံ့ခံလာစေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာ၊ မုဒိမ်းကျင့်တာ၊ လူသားဒိုင်းတွေအဖြစ် အသုံးပြုတာ၊ ကျေးရွာတွေကို မီးရှို့ဖျက်စီးတာတွေ လုပ်ပြီး ပြည်သူတွေကို ထိတ်လန့်ကြောက်ရွံ့လာအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုတွေကပဲ မြန်မာစစ်တပ်ရဲ့ ပုန်ကန်မှု နှိမ်နင်းရေး ဗျူဟာ ဖြစ်နေပါတယ်။

 

မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ် သုံးရာ့သုံးဆယ်ထဲက ငါးဆယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားဆဲဖြစ်ပြီး မြို့နယ်အားလုံးရဲ့ ၁၂ ရာခိုင်နှုန်း လောက်မှာ NUG က အခွန်ကောက်ခံနေပါတယ်။

 

ဒီအချိန်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေ ထိန်းချုပ်နိုင်မှုကလည်း အာဏာမသိမ်းခင်က အခြေအနေထက် သိသိသာသာ လျော့ကျလာနေပါတယ်။ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် မြို့နယ်ပေါင်း ၅၀ မှာ စစ်အုပ်ချုပ်ရေး ကြေညာထားရပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က မြို့နယ် အားလုံးရဲ့ ၁၂ ရာခိုင်နှုန်းလောက်မှာ အခွန်ကောက်ခံနေပါတယ်။

 

မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ် သုံးရာ့သုံးဆယ်ထဲက ငါးဆယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားဆဲဖြစ်ပြီး မြို့နယ်အားလုံးရဲ့ ၁၂ ရာခိုင်နှုန်း လောက်မှာ NUG က အခွန်ကောက်ခံနေပါတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်ကတော့ သူရဲ့မှားယွင်းနေတဲ့ မဟာဗျူဟာကို စဉ်းစားသုံးသပ်တာမျိုးတွေ မလုပ်ဘဲ၊ အရပ်သား ပြည်သူတွေအပေါ်မှာသာ တိုက်ခိုက်မှုတွေကို နှစ်ဆတိုးပြီး လုပ်ဆောင်နေပါတယ်။

 

…………………

 

နလံမထူတော့တဲ့ တိုင်းပြည်စီးပွါးရေး

 

တတိယအချက်ကို ပြောရရင် လက်ရှိ တိုင်းပြည်ရဲ့ စီးပွါးရေး ညွှန်ကိန်းတွေအရ သူတို့ရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် မြန်မာစစ်တပ်မှာ အရင်းအမြစ်တွေက ပိုပြီး နည်းပါးလာနေပြီ ဖြစ်ပါတယ်။

 

စစ်ကောင်စီလက်ထက်မှာ မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ ၁၂ ရာခိုင်နှုန်းအထိ ကျုံ့လာပါတယ်။မြန်မာကျပ်ငွေရဲ့ တန်ဖိုးကလည်း ၂၅၀ ရာခိုင်နှုန်းအထိ လျော့ကျသွားပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းက ၁၄ နဲ့ ၂၀ ရာခိုင်နှုန်းကြားမှာ ရှိနေပြီး လက်ရှိအချိန်မှာ စားသုံးဆီ ပြတ်လပ်မှုနဲ့လည်း ကြုံတွေ့နေရပါတယ်။ တိုင်းပြည်ရဲ့ စီးပွါးရေးကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာ သိတဲ့သူတွေအားလုံးက ထောင်ထဲမှာ ဒါမှမဟုတ် ပြည်ပမှာ ရောက်နေကြပါတယ်။

 

ငွေကြေးထိန်းချုပ်မှုတွေက တိုင်းပြည်စီးပွါးရေးရဲ့ကဏ္ဌတိုင်းကို ထိခိုက်စေပါတယ်။ စစ်ကောင်စီ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း ငှါးရမ်းခ ရငွေတွေက လွဲရင် ကျန်တဲ့ ဝင်ငွေဝင်လမ်း အားလုံး ကျဆင်းနေပါတယ်။

 

စစ်ကောင်စီဟာ စင်ကာပူနဲ့ အခြားနိုင်ငံတွေက နိုင်ငံခြားဘဏ်တွေကိုလည်း အသုံးပြုခွင့် တဖြည်းဖြည်း ဆုံးရှုံးလာနေပါတယ်။

 

စစ်တပ်ပိုင်လုပ်ငန်းတွေက ထုတ်တဲ့ကုန်ပစ္စည်းတွေကို မသုံးစွဲဘဲ သပိတ်မှောက်နေကြတာကြောင့်လည်း သူတို့ရဲ့ ဝင်ငွေကို လုံးပါးပါးသွားစေပါတယ်။ စစ်တပ်ထုတ် မြန်မာဘီယာရဲ့ ရောင်းအားဟာ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာကြောင့် အခုအချိန်မှာ ဘီယာဆိုင်တွေ၊ စတိုးဆိုင်တွေကို သေနတ်ပြ ခြိမ်းခြောက်ပြီး ဖိအားပေး ရောင်းချခိုင်းနေရပါတယ်။

 

အမေရိကန်ရဲ့ စီးပွါးရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေက စစ်ကောင်စီရဲ့ ဒေါ်လာငွေ လွှဲပြောင်းလုပ်ဆောင်နိုင်မှုကို ကန့်သတ်လိုက်ပါတယ်။ စစ်ကောင်စီဟာ စင်ကာပူနဲ့ အခြားနိုင်ငံတွေက နိုင်ငံခြားဘဏ်တွေကိုလည်း အသုံးပြုခွင့် တဖြည်းဖြည်း ဆုံးရှုံးလာနေပါတယ်။

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း လျော့ကျလာနေပါတယ်။ ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှု အားလုံးနီးပါးက ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကပဲ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေကလည်း ပြည်တွင်းကနေ ပြန်လည် ထွက်ခွါနေတုန်းပါပဲ။

 

၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ စစ်တပ်ရဲ့ဘက်ဂျက်ကို ၅၀ ရာခိုင်နှုန်းတိုးပြီး ဒေါ်လာ ၂.၇ ဘီလီယံ ရယူလိုက်ပါတယ်။ ဒီလို စစ်အသုံးစရိတ်ကို မတန်တဆ တိုးယူလိုက်တာက ပညာရေး၊ ကျန်းမာရေးနဲ့ အခြားသော လူမှုရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

 

တိုတိုနဲ့ လိုရင်းပြောရရင် “မြန်မာစစ်တပ်ဟာ တစ်ချိန်တည်းမှာ စစ်မျက်နှာတွေ အများကြီး ဖွင့်တိုက် နေရတယ်။ အချိန်ကြာလာတာနဲ့အမျှ လိုအပ်ချက်တွေကို ပြန်လည် ဖြည့်တင်းနိုင်မှု အပိုင်းမှာလည်း အားနည်းချက်တွေ ရှိနေတယ်။ ဒါ့အပြင် မဟာဗျူဟာပိုင်း မှားယွင်းနေမှုကလည်း NUG ရဲ့တရားဝင်ဖြစ်မှုနဲ့ ပြည်သူလူထုရဲ့ ခုခံတွန်းလှန်စိတ်ကို ပိုပြီး ခိုင်မာလာစေတယ်။ စစ်တပ်ရဲ့ ငွေအား၊ လူအား အရင်းအမြစ်တွေကလည်း လျော့နည်းကျဆင်းလာနေပါတယ်။

 

ဒီအချက်တွေကြောင့် မြန်မာစစ်တပ်ဟာ ဒီစစ်ပွဲကို အနိုင်ရဖို့ ဒါမှမဟုတ် သူ့ရဲ့အာဏာကို ခိုင်မာအောင် စုစည်းနိုင်ဖို့ဆိုတာ ဖြစ်နိုင်စရာ မရှိပါဘူး။

 

…………………

 

နိုင်ငံတကာက ဘာလုပ်ပေးဖို့ လိုမလဲ?

 

ဒါကြောင့် မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကို မြန်မြန် အဆုံးသတ်စေဖို့ နိုင်ငံတကာနဲ့ စီးပွါးရေးအသိုက်အဝန်းတွေအနေနဲ့ လုပ်စရာရှိတာတွေကို လုပ်ဆောင်ပေးကြဖို့ အင်မတန် အရေးကြီးပါတယ်။

 

NUG မှာ ငွေအင်အား၊ ပစ္စည်းအင်အားစတဲ့ အရင်းအမြစ်တွေ လိုအပ်နေသလို၊ NUG ဟာအပြစ်အနာ အဆာကင်းမဲ့ပြီး အလုံးစုံ ပြီးပြည့်စုံနေတဲ့ အဖွဲ့အစည်းတစ်ရပ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ NUG မှာ ဖက်ဒရယ် ဒီမိုကရေစီ သမ္မတနိုင်ငံဆိုတဲ့ အဆုံးသတ် ရည်မှန်းချက် ပန်းတိုင်ရှိပါတယ်။ ဒီနိုင်ငံရဲ့ နိုင်ငံရေး-စီးပွါးရေးနယ်ပယ်တွေမှာ လုံခြုံရေးအင်အားစုတွေရဲ့ အခန်းကဏ္ဌကို သိသိသာသာ ပြုပြင်ပြောင်းလဲဖို့ NUG ကကြိုးပမ်းနေတာ ဖြစ်ပါတယ်။

 

ဖက်ဒရယ်စနစ် ထူထောင်ရေးနဲ့ ဗမာနိုင်ငံရေး လွှမ်းမိုးကြီးစိုးမှု အဆုံးသတ်စေရေးဆိုင်ရာ ကတိကဝတ်တွေနဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ လက်ခံလာအောင် စည်းရုံးတဲ့အလုပ်ကို ကြိုးစားပမ်းစား လုပ်ရမှာ ဖြစ်ပါတယ်။

 

တတိယအချက်ကတော့ မြန်မာနိုင်ငံကို လေယာဉ်ဆီတင်သွင်းတာတွေကို ရပ်တန့်ဖို့ နိုင်ငံတကာအသိုက်အဝန်းက လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

 

NUG ကို လူသားချင်းစာနာမှု အကူအညီတွေ ပေးတာ၊ ပညာရေး၊ ကျန်းမာရေးနဲ့ လွတ်မြောက်ပြီး နယ်မြေတွေထဲမှာ တရားဥပဒေစိုးမိုးမှု ရှိအောင် ကြိုးပမ်းမှုတွေကို ငွေကြေးထောက်ပံ့ပေးတာတွေ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ NUG ကို ပိုပြီး ထောက်ပံ့ကူညီမှုတွေ ပေးသင့်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ စစ်အာဏာရှင်စနစ် အဆုံးသတ်သွားချိန်အတွက် မျှော်မှန်းပြီး စီမံ အုပ်ချုပ်မှု ကဏ္ဌတွေမှာ NUG ကို အကူအညီ ပေးဖို့ လိုမှာ ဖြစ်ပါတယ်။ ဒါက ပထမအချက် လုပ်ဆောင်ရမယ့် အရာပါ။

 

ဒုတိယအချက်အနေနဲ့ နိုင်ငံတကာက လုပ်ရမယ့်ကိစ္စက စစ်လက်နက်ခဲယမ်း ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ ပစ္စည်းပစ္စယတွေနဲ့ လက်နက်ခဲယမ်းတွေကို မတင်သွင်းနိုင်အောင်နဲ့ စစ်ကောင်စီရဲ့ ဒေါ်လာငွေကြေးသုံးစွဲမှုကို ကန့်သတ်နိုင်အောင် ပိတ်ဆို့ အရေးယူဖို့ ဖြစ်ပါတယ်။

 

တတိယအချက်ကတော့ မြန်မာနိုင်ငံကို လေယာဉ်ဆီတင်သွင်းတာတွေကို ရပ်တန့်ဖို့ နိုင်ငံတကာအသိုက်အဝန်းက လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

 

နောက်ဆုံးအချက်အနေနဲ့ မြန်မာနိုင်ငံမှာ ဆက်ပြီး အလုပ်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပေးဆောင်စရာရှိတဲ့ အခွန်ဘဏ္ဍာငွေတွေကို စစ်ကောင်စီက ထုတ်ယူသုံးစွဲလို့ မရနိုင်တဲ့ ဘဏ့်အကောင့်တွေထဲကို ထည့်ပေးပြီး စစ်တပ်က လိုအပ်နေတဲ့ ငွေကြေးကို မပေးဘဲနေဖို့ ဖြစ်ပါတယ်။

 

စတုတ္ထအချက်အနေနဲ့ မြန်မာစစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေနဲ့ မျက်မြင်သက်သေ ထွက်ဆိုချက်တွေကို စုဆောင်းသိမ်းဆည်းနိုင်ဖို့ NUG ကိုနိုင်ငံတကာက ကူညီပေးသင့်ပါတယ်။ NUG အနေနဲ့ ဒါတွေကို လုပ်ဆောင်ဖို့ ဆန္ဒရှိပေမယ့် အပြည်ပြည်ဆိုင်ရာ တရားရုံးတွေမှာ အသုံးပြုနိုင်အောင် သက်သေအထောက်အထား ကွင်းဆက်တွေကို စံချိန်စံညွှန်းတွေနဲ့အညီ ထိန်းသိမ်းစုဆောင်းနိုင်ဖို့တော့ လေ့ကျင့်သင်တန်းပေးတာမျိုးတွေ လုပ်ဖို့ လိုအပ်ပါတယ်။

 

နောက်ဆုံးအချက်အနေနဲ့ မြန်မာနိုင်ငံမှာ ဆက်ပြီး အလုပ်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပေးဆောင်စရာရှိတဲ့ အခွန်ဘဏ္ဍာငွေတွေကို စစ်ကောင်စီက ထုတ်ယူသုံးစွဲလို့ မရနိုင်တဲ့ ဘဏ့်အကောင့်တွေထဲကို ထည့်ပေးပြီး စစ်တပ်က လိုအပ်နေတဲ့ ငွေကြေးကို မပေးဘဲနေဖို့ ဖြစ်ပါတယ်။

 

မြန်မာ စစ်တပ်ဟာ သူတို့ နိုင်ခြေ ရှိသေးတယ်လို့ တလွဲတွက်ချက်ပြီး စစ်ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေတာကို ရပ်တန့်အောင် နိုင်ငံတကာ အသိုက်အဝန်းနဲ့ စီးပွါးရေးလုပ်ငန်းတွေက လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

 

လက်တွေ့မှာ စစ်မြေပြင်နဲ့ စီးပွားရေး အခြေအနေတွေအရတော့ မြန်မာစစ်တပ်အတွက် အချိန် သိပ် မကျန်တော့ဘူးဆိုတာ ဖော်ပြနေပါတယ်။

 

˜˜˜˜

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။