လက်ရှိ စစ်အာဏာစနစ်အောက်မှာ ရှင်သန်ဖြတ်သန်းနေရတာဟာ တချို့တွေဆိုရင် မဆလ၊ နအဖ၊ မအလ ဆိုတဲ့ အာဏာရှင်သုံးဆက်ကို ကြုံရသူတွေ တစ်အိမ်တည်းမှာ၊ စကားတစ်၀ိုင်းတည်းမှာ တစ်ပြိုင်နက် ကြုံနေရတဲ့အဖြစ်ပါပဲ။ ဂျန်ဇီးအရွယ်တွေနေရာကနေကြည့်ရင် အဖေအမေ မိဘတွေရယ်၊ အဘိုးအဘွားတွေရယ် ဖြစ်ပါတယ်။ အဲဒါ ကံထူးလို့တော့ မဟုတ်ပါဘူး။ အတော်ကံဆိုးတဲ့ အဖြစ်အပျက်လို့ပဲ ပြောရမှာပါ။ အသက်ရာဂဏန်းနီးပါးထိရှိတဲ့ မိသားစုတွေမှာဆိုရင် ပိုလို့သာ ကံဆိုးသူတွေဖြစ်ကြကာ မျိုးဆက်လေးဆက်ထိ ဖြစ်သွားနိုင်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ကံဆိုးမိုးမှောင်ကျနေပုံလို့ ပြောရမှာပါပဲ။ ဘာဖြစ်လို့ အဲသလောက်တောင် ဖြစ်ပျက်နေကြရတာလဲ ဆိုတာကို လက်ရှိ ရှင်ကျန်နေကြသူတိုင်းဟာ အသေအချာ ဆန်းစစ်ကြည့်သင့်လှပါတယ်။ အချိန်ကတော့ တန်ရုံမက လွန်တောင်နေပြီလို့ ပြောရမှာပါပဲ။ အခုချိန်ထိ သဘောမပေါက်ကြသူတွေ ပေါပြည့်နေလွန်းလို့ အာဏာရှင်ရဲ့ ကြော့ကွင်းထဲ ဒစ်လည်နေကြပြီး ကာလရှည်ကြာနေတာကလည်း အကြောင်းတစ်ကြောင်း ဖြစ်ပါတယ်။ ဒစ်လည်နေသူအပေါင်းကို ဆန်ရင်းနာနာဖွပ် ဆိုသလို တည့်တည့်ပဲပြောရပါတော့မယ်။
အဏာရှင်ဟာ သူ့မှာ ထူးထွေပြီး ကောင်းမွန်နေတဲ့ နည်းလမ်းမရှိပါဘူး။ ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေတို့တစ်တွေကနေ လက်ရှိ ဖက်ဆစ်အာဏာရှင် မအလတို့အုပ်စုအထိ သုံးခဲ့တဲ့ လမ်းရိုးဟောင်းနည်းလမ်းတွေပဲ ရှိတာပါ။ အင်တာနက်လို ခေတ်ပေါ်နည်းပညာတွေ သုံးနိုင်လာတာကလွဲလို့ စိတ်ကူးစိတ်သန်းအိုင်ဒီယာတွေက ရှေ့က ဆရာသမားများရဲ့ လုပ်ပုံလုပ်နည်းအတိုင်း ဟောင်းနွမ်းဆွေးမြေ့နေတဲ့ နည်းလမ်းမျှနဲ့သာပါပဲ။ ပြည်သူတွေအပေါ် ပိုရက်စက်၊ ပိုကြမ်းကြုတ်လာတဲ့ အာဏာရှင်ဖက်ဆစ်တွေရဲ့ လူစိတ်ကင်းမဲ့တဲ့စရိုက်တွေကတော့ ပိုသာလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကြောက်စိတ်ရှိကြတဲ့ လူ့သဘာ၀ကို အညှာကိုင်ပြီး ရှေ့ဆက်တိုးရဲနေတာ ဖြစ်ပါတယ်။ ဒီအားနည်းချက်ကို ထောက်ပြီး တော်လှန်သူအပေါင်းကို အလဲထိုးဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခြားသော မိမိရဲ့ သဘောထားကြောင့်၊ ယုံကြည်စိတ်နဲ့ ရပ်တည်ချက်ကြောင့် စသဖြင့် အထူးပြုတဲ့ အခြေအနေနဲ့တွဲလျက်ပါလာတဲ့ ကြောက်စိတ်ကတော့ တစ်မူထူးခြားပါတယ်။
ကြောက်စိတ်ဆိုတာကလည်း လူတိုင်းမှာရှိတဲ့ စေတသိက်တစ်မျိုးပဲ ဖြစ်ပါတယ်။ အမှောင်ကို ကြောက်တတ်တာ၊ လူအများကြားထဲမှာ စကားပြောဖို့ ကြောက်တတ်တာ၊ တစ်ယောက်တည်း ခရီးသွားရမှာ ကြောက်တတ်တာ၊ အမြင့်တက်ရမှာ ကြောက်တတ်တာ စသဖြင့်လို သာမန်ကြောက်စိတ်တွေလည်း ရှိပါတယ်။ အဲဒီလို ပုဂ္ဂလိကအစွဲနဲ့ ရှိတတ်ကြတဲ့ ကြောက်စိတ်အမျိုးမျိုးက ဘာမျှ သိပ်မထောင်းတာလှပါ။ လူ့အဖွဲ့အစည်းအတွက် သိပ်ပြဿနာမရှိပါ။ ဒါပေမဲ့ အခြားသော မိမိရဲ့ သဘောထားကြောင့်၊ ယုံကြည်စိတ်နဲ့ ရပ်တည်ချက်ကြောင့် စသဖြင့် အထူးပြုတဲ့ အခြေအနေနဲ့တွဲလျက်ပါလာတဲ့ ကြောက်စိတ်ကတော့ တစ်မူထူးခြားပါတယ်။ ဒီကရီအတက်အကျကလည်း ကွာခြားတတ်ပါတယ်။ အမှန်ကိုပြောမိ၊ ပြုမိလို့ အာဏာပိုင်ဆိုသူ လူပုဂ္ဂိုလ်တစ်ယောက်ယောက်၊ ဒါမှမဟုတ် အဖွဲ့အစည်း တစ်ရပ်ရပ်ရဲ့ အပြစ်ပေးအရေးယူမယ်ဆိုတဲ့ထိ ဖြစ်လာနိုင်တာကို ကြောက်ရတဲ့ ကြောက်စိတ်ကတော့ မြန်မာပြည်မှာ မရိုးနိုင်တဲ့ ခေတ်အစားဆုံးနဲ့အကြီးမားဆုံး ကြောက်စိတ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီလိုကြောက်စိတ်ကတော့ မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းကြီးကိုပါ ထိခိုက်ပျက်ယွင်းသွားစေနိုင်ပါတယ်။
ထိုကြောက်စိတ်ကပဲ နွေဦးတော်လှန်ရေးအပေါ် အာရုံစိုက်မှုကို လျော့ပါးသွားစေနိုင်ကြောင်း တွေ့တွေ့လာနေရပါတယ်။ အထူးသဖြင့် မြို့ကြီးပြကြီးများမှာ ဖြစ်ပါတယ်။ အာဏာရှင်ဖက်ဆစ်အုပ်စုဟာ သူ့ရဲ့ လုပ်မြဲလုပ်နေကျ နည်းလမ်းအတိုင်း သူ့အလုပ်ကို တစိုက်မတ်မတ်လုပ်နေပါတယ်။ ပြည်သူလူထုက မည်မျှပင် ဆန့်ကျင်ကန့်ကွက်ပါစေ ဖက်ဆစ်အုပ်စုဟာ သူ့ရဲ့လက်ကိုင်တုတ် အကြမ်းဖက်အာဏာကို သုံးလျက် သူတို့အတွက် အကာအကွယ်အဖြစ် ရုပ်ပြကောင်းစေမယ့် ပြယုဂ်တွေကို ဆောင်ရွက်နေပါတယ်။
ပြည်သူတွေခမျာလည်း တော်လှန်ရေးခရီးတာရှည်ကြာလာတော့ မောပန်းနွမ်းနယ်လာကြတယ်။ အမောဖြေဖို့ ထွက်ပေါက်ရှာချင်လာကြတယ်။ ပြည်သူတွေ မောပန်းလာလို့ အမောဖြေချင်လာကြတာက အပြစ်ဆိုစရာမဟုတ်ပါ၊ သဘာဝကျတဲ့ ကိစ္စသာ ဖြစ်ပါတယ်။
မြို့ကြီးပြကြီးတွေမှာ ပြည်သူတွေ နေ့စဥ် ပုံမှန် သွားလာလုပ်ကိုင်လှုပ်ရှား ဖြတ်သန်းနေကြတဲ့ ပုံရိပ်မျိုး၊ ကေတီဗွီသွား ဘားတွေသွား အဆင်ပြေပျော်ရွှင်နေကြတဲ့ ပုံရိပ်မျိုး၊ ရာသီအလိုက်ပွဲတော်တွေ ကျင်းပစေကာ မြန်မာပြည်ကြီး စည်ကားသိုက်မြိုက်နေသယောင် ပုံရိပ်မျိုးတွေကို သူ့အစီအစဥ်အတိုင်း လုပ်ဆောင်နေတယ်။ ပြည်သူတွေခမျာလည်း တော်လှန်ရေးခရီးတာရှည်ကြာလာတော့ မောပန်းနွမ်းနယ်လာကြတယ်။ အမောဖြေဖို့ ထွက်ပေါက်ရှာချင်လာကြတယ်။ ပြည်သူတွေ မောပန်းလာလို့ အမောဖြေချင်လာကြတာက အပြစ်ဆိုစရာမဟုတ်ပါ၊ သဘာဝကျတဲ့ ကိစ္စသာ ဖြစ်ပါတယ်။ အမောဖြေချင်သူတွေအတွက် ထွက်ပေါက်ဟာ ဖက်ဆစ်အုပ်စု ဆင်ထားတဲ့ ထောက်ချောက်ထဲ "ဂွပ်ခနဲ" ဝင်မသွားမိစေဖို့သာ အရေးကြီးတာပါ။
အခုဆိုရင် သိသာမြင်သာတဲ့ စီမံချက်အဖြစ် လုပ်ဆောင်နေတဲ့ သီတင်းကျွတ်လို ပွဲတော်များကို နယ်မြို့တွေမှာကော၊ ရန်ကုန်ရဲ့ ဆင်ခြေဖုံး မြို့နယ်တွေမှာကော မြင်တွေ့နေရပါတယ်။ မြန်မာပြည်ရဲ့ ဆင်ခြေဖုံးက အခြေခံလူတန်းစားများဟာ အများဆုံးလူဦးရေဖြစ်ပြီး မြို့ပြရဲ့ပြယုဂ်အဖြစ် ဟန်ဆောင်ပုံသွင်းဖို့ရာ အကောင်းဆုံး ဖြစ်နေပါတယ်။ အဲဒီပွဲလမ်းသဘင်တွေမှာ အဓိက လည်ပတ်နိုင်အောင် ဆွဲဆောင်ထားတာက လောင်းကစားဝိုင်းတွေ ဖြစ်ပါတယ်။ ကျန်တာတွေကတော့ ထုံးစံအတိုင်း စားသောက်ဆိုင်လို၊ ခြားရဟတ်တွေလို ၁၂ ပွဲစျေးသည်တွေသာ ဖြစ်ကြပါတယ်။ မီးရောင်အောက်မှာ ဖုန်တလုံးလုံး လူတရုန်းရုန်း ဖြစ်နေစေဖို့က အဓိကလိုရင်း ဖြစ်ပါတယ်။ မြို့ပြရဲ့ လူလတ်တန်းစားတချို့က ဘီယာဆိုင်မှာ ကလပ်တွေဘားတွေမှာ ငြိမ့်ကာ ထွက်ပေါက်ရှာနေကြသလို၊ အခြေခံလူတန်းစားတွေကလည်း ဖုန်တလုံးလုံးနဲ့ လှိမ့်နေရတာ ဖြစ်စေအုံးတော့ ထွက်ပေါက်အဖြစ် သုံးကြတာပါပဲ။ ဒီလိုအခြေအနေကို ကြားခံထားပြီး ဖက်ဆစ်အုပ်စုကတော့ သူ့အတွက် သေချာတဲ့ အကျိုးအမြတ်ဖြစ်စေတဲ့ ပြယုဂ်တွေအဖြစ် အသုံးချနေခြင်းသာ ဖြစ်ပါတယ်။
နယ်မြို့တွေမှာဆိုရင် ပွဲတော်ရက် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အာဝါဒေး (Our Day) ဆိုပြီး ကျင်းပကြတယ်။ အဓိကက သူတို့အခွန်အကောက် မြက်မြက်ရမယ့် လေးကောင်ဂျင် ခြောက်ကောင်ဂျင်လို လောင်းကစားဝိုင်းတွေပါပဲ။
လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် ၃၀ တွင်းက နဝတ နအဖတွေလည်း ဒီနည်းလမ်းပဲ သုံးခဲ့တာပါပဲ။ နယ်မြို့တွေမှာဆိုရင် ပွဲတော်ရက် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အာဝါဒေး (Our Day) ဆိုပြီး ကျင်းပကြတယ်။ အဓိကက သူတို့အခွန်အကောက် မြက်မြက်ရမယ့် လေးကောင်ဂျင် ခြောက်ကောင်ဂျင်လို လောင်းကစားဝိုင်းတွေပါပဲ။ အခုလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်ပါတယ်။ ပိုသာလာနိုင်တာက ချေးပေါသေးပေါ ပေါနေတဲ့ မူးယစ်ဆေးဝါးတွေကို ပေါ်တင် ရောင်းဝယ်ဖောက်ကားလာနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒေသခံ အုပ်ချုပ်ရေးအာဏာပိုင်တွေကို မင်းတို့ဘာသာ ကြိုက်သလိုရှာစားကြ၊ အသံ မထွက်စေနဲ့။ အထူးသဖြင့် အာဏာသိမ်းဖက်ဆစ်အုပ်စုကို ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ မရှိရင် ပြီးရော ကြိုက်တာလုပ်ခွင့်ပေးထားတဲ့ သဘောပဲ ဖြစ်ပါတယ်။ ခေတ်ပျက်မှာ လက်ခမောင်း ခတ်ကြလေ့ရှိတဲ့ တောကြောင်တွေကတော့ သဘောခွေ့ကြလေသတည်းပေါ့။
အဲဒီလို အခင်းအကျင်းတွေထဲ ရောမပါမိအောင် အထူးသတိထားကြရမှာပါ။ မသိသူကို သိသူက အချင်းချင်း အသိပေးဖို့ လိုပါတယ်။ သူလည်းလုပ်တာပဲ၊ သူလည်းသွားတာပဲ ဆိုပြီး မိုးခါးရေကို လိုက်မသောက်မိဖို့ အရေးကြီးပါတယ်။ သူလုပ်သလို ငါလိုက်လုပ်မိလို့ အပြစ်မဖြစ်နိုင်ဘူးထင်ပါတယ် ဆိုတဲ့အတွေးမျိုး မဝင်ဖို့ အရေးကြီးပါတယ်။ ပွဲကလို့ သွားကြည့်တယ်၊ စျေးရောင်းလို့သွားဝယ်တယ် ဆိုတာလောက်နဲ့ အမြင်မတိမ်သင့်ပါဘူး။ တိုင်းပြည်ပျက်နေချိန်မှာ အာဏာပိုင်အဖွဲ့အစည်းလို့ ဆိုသူတွေ လုပ်သမျှဟာ ပြည်သူလူထုအကျိုးစီးပွား တစ်ခုမှ မပါပါဘူး။ စားအုန်းဆီစျေးလျှော့ရောင်းတာ တောင်မှ ပြည်သူရဲ့စားရေးဒုက္ခကို အလေးထားဖြည့်ဆည်းပေးတယ်ဆိုတဲ့ ဟန်ဆောင်ဂုဏ်ပုဒ်ကို လိုချင်လို့ ဖန်တီးလုပ်ဆောင်ကြတာပါ။ အာဏာသိမ်းဖက်ဆစ်အုပ်စုရဲ့ အကျိုးအတွက်ပဲ ဆိုတာကို မြဲမြဲမှတ်သင့်ပါတယ်။ အတတ်နိုင်ဆုံး အဲဒီလို ပွဲလမ်းသဘင်တွေကို BC (Boycott) လုပ်ရပါမယ်၊ အဲဒီပွဲလမ်းသဘင်တွေမှာ ဆင်ယင်နွှဲကြတဲ့ နယ်ပယ်စုံက အနုပညာသမားဆိုသူတွေကိုလည်း SP (Social Punishment) ပြင်းပြင်းထန်ထန် လုပ်ရပါမယ်။
နဝတခေတ်က သား နိုင်ငံရေးလုပ်လို့ အဖေ အလုပ်ပြုတ်တာတွေ၊ အဖေ နိုင်ငံရေးလုပ်ထောင်ကျလို့ သားသမီးတွေကို ဘယ်သူကမှ အဖက်မလုပ်ရဲတာတွေဟာ အာဏာရှင်က ပြည်သူကို ပြုကျင့်တဲ့ လူမှုရေးဒဏ်ခတ်မှု (SP) တွေ ဖြစ်ပါတယ်။
အာဏာရှင်ခေတ်အဆက်ဆက်မှာ အာဏာရှင်ကပဲ ပြည်သူကို နည်းအမျိုးမျိုးနဲ့ လူမှုရေးဒဏ်ခတ်မှု (social punishment) မျိုးစုံလုပ်ပြီး နှိပ်ကွပ်ခဲ့တာ ဖြစ်ပါတယ်။ နဝတခေတ်က သား နိုင်ငံရေးလုပ်လို့ အဖေ အလုပ်ပြုတ်တာတွေ၊ အဖေ နိုင်ငံရေးလုပ်ထောင်ကျလို့ သားသမီးတွေကို ဘယ်သူကမှ အဖက်မလုပ်ရဲတာတွေဟာ အာဏာရှင်က ပြည်သူကို ပြုကျင့်တဲ့ လူမှုရေးဒဏ်ခတ်မှု (SP) တွေ ဖြစ်ပါတယ်။ အခုနွေဦးတော်လှန်ရေးမှာလည်း နေအိမ်ချိတ်ပိတ်ခံရရုံမက မီးနဲ့ပါ တင်အရှို့ခံနေကြရတာပါ။ ပြည်သူလူထုက စစ်တပ်ထုတ်ကုန်တွေ ဥပမာ မြန်မာဘီယာ မရောင်းရုံ၊ မသောက်ကြရုံနဲ့တောင် အာဏာရှင်ဖက်ဆစ်အုပ်စုဟာ ဆတ်ဆတ်ခါအောင် ခံပြင်းကြရပါတယ်။ အဲသလို ဖက်ဆစ်အုပ်စုကို အထောက်အပံ့ပြုတဲ့ အနုပညာသမားဆိုသူတွေကို လျှော့ပေါ့ပြီး အသည်းလေးရဲ့ ဘာလေးရဲ့နဲ့ သွားပြီး အဖက်မလုပ်သင့်ပါဘူး။ တုံ့ပြန်လူမှုရေးဒဏ်ခတ်မှု (SP) ဟာ ရှိကို ရှိရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့အတွက် နိုင်ငံရေး၊ စစ်ရေး နည်းနာတွေက အရေးကြီးတဲ့ သွေးကြောဖြစ်သလိုပဲ BC လုပ်ခြင်း၊ SP လုပ်ခြင်းဟာလည်း တော်လှန်ရေးကြာချိန်ကို ချုံ့ပေးနိုင်ပြီး စစ်အာဏာရှင်ဂိတ်ဆုံးစေမယ့် နည်းလမ်းအဖြစ် ပါဝင်ကြောင်း သိစေချင်တာပါပဲ။
˜˜˜˜
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။