အကြမ်းဖက်စစ်အုပ်စု မှီခိုအားထားနေရတဲ့ အဓိကဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ လေယာဥ်ဆီရရှိမှုကို ပစ်မှတ်ထား ပိတ်ဆို့တာဟာ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို သက်သာရာရစေမှာဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး က ပြောကြားလိုက်ပါတယ်။
နယူးယောက်မှာကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မီတီအစည်းအဝေးသို့ တင်သွင်းတဲ့ အစီရင်ခံစာမှာ တွမ်အင်ဒရူး ကအဲဒီလိုပြောကြားခဲ့ကြောင်း RFA ကဖော်ပြပါတယ်။
အဲဒီလို ပိတ်ဆို့ အရေးယူတာဟာ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်တွန်းပို့နိုင်မှာဖြစ်တယ်လို့လည်း တွမ်အင်ဒရူးစ်က ဆိုပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စု အင်အားချိနဲ့သွားစေဖို့အတွက် ပိတ်ဆို့ အရေးယူမှုတွေ အပါအဝင် ပိုမိုထိရောက်တဲ့ လမ်းကြောင်းတွေကို ညှိနှိုင်းလုပ်ဆောင်ရမဲ့အချိန်ဖြစ်တယ်လို့ လည်း သူ ကဆိုပါတယ်။
အဲဒီအစီရင်ခံစာမှာ အကြမ်းဖက်စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှု၊အစု လိုက်အပြုံလိုက် သတ်ဖြတ်မှု စတာတွေကို တင်ပြထားပြီး အကြမ်းဖက်စစ်တပ်ဟာ ကျေးရွာတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို ဆက်လက်ပြီး ဗုံးကြဲတိုက်ခိုက်နေ တယ်လို့လည်း တွမ်အင်ဒရူးက ဆိုပါတယ်။
~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။