Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကော့ကရိတ်မှာ ထိုးစစ်ဆင်လာတဲ့ တပ် မြေပြင်ရောဝေဟင်ပါ တိုက်ခိုက်ခံရပြီး တပ်ရင်းမှူးအပါအဝင် ၆ဦးသေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို မြေပြင်ရောဝေဟင်ကပါ တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးအပါအဝင် ၆ ဦး သေဆုံးသွားကြောင်း သိရပါတယ်။


အောက်တိုဘာ ၂၄ ရက်၊ မနက် ၃ နာရီခွဲလောက်မှာ တပ်မ(၄၄)လက်အောက်ခံတပ်တွေက ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေသို့ ထိုးစစ်ဆင်လာတာကြောင့် ဒရုန်းနဲ့ ဗုံးကြဲခြင်းအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မြေပြင် တိုက်ခိုက်ခဲ့ရာ စစ်သားအနည်းဆုံး ၈ ဦးလည်း ဒဏ်ရာရ ခဲ့ကြောင်း Kloud တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


မြေပြင်တိုက်ပွဲ အရေးနိမ့်လာတဲ့ စစ်တပ်တို့ ထုံးစံအတိုင်း အောက်တိုဘာ ၂၅ ရက်၊ မွန်းလွဲ ၁ နာရီခွဲလောက်မှာ လေယာဉ်နဲ့ ၅ ကြိမ်လာပစ်ခဲ့ကြောင်း သိရပါတယ်။


အဲဒီတိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာနဲ့ Kloud ၊ကျားဖြူစစ်ကြောင်း တပ်ခွဲ(၂)၊ တပ်ခွဲ(၄)၊ တပ်ခွဲ (၅) Justice Soldier-PDF ၊ တပ်ရင်းရုံးလုံခြုံရေးတပ်ခွဲ (Southern Eagle-PDF) နဲ့ Justice Wing၊ Angry Bird Drone Ranger ၊Power Of Ababil (POA)နဲ့ တောင်ငူခရိုင်တပ်ရင်း ၃၅၀၂ တပ်ခွဲ (၁) Drone တပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
~~~~~

ကိုငြိမ်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။