Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ပခုက္ကူ-ကမ္မလမ်းမှာ ရိက္ခာပို့ စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်၊ စစ်ကားတစ်စီး လမ်းဘေးထိုးကျ၊ စစ်သား ၄ ဦး ပွဲချင်းပြီးဟုဆို

မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ ထွက်ခွါလာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ရိက္ခာပို့ စစ်ယာဉ်တန်းကို အောက်တိုဘာ ၂၂ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ မိုင်းပွိုင့် ၂ ပွိုင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ The Red Revolters တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

 

ပခုက္ကူမြို့ကနေ ရိက္ခာတွေ တင်ဆောင်ကာ ပခုက္ကူ-ကမ္မလမ်းပိုင်းအတိုင်း ထွက်ခွါလာတဲ့ စစ်ကားအစီး ၂၀ နီးပါးပါ ယာဉ်တန်းကို သတင်းအရ ကြိုတင်စောင့်ဆိုင်းကာ ကန်တော်ရွာလယ်အရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

“မိုင်းပွိုင့် ၂ ပွိုင့် ကျွေးပြီး ဧည့်ခံလိုက်တာ ဒုတိယမြောက် စစ်ကား‌ လမ်းဘေး ထိုးကျသွားတယ်။ စခ ၄ ကောင် နေရာတင် ပွဲချင်းပြီးတယ်။ ဒဏ်ရာ အပြင်းအထန် ရတဲ့သူတွေလည်း ရှိတယ်၊ ပခုက္ကူ ဆေးရုံရောက်မှ ၃ ကောင် ထပ်လျှော သွားသေးတယ်” လို့ တော်လှန်ရေး သတင်းရင်းမြစ်ထံက သိရပါတယ်။

 

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ ရိက္ခာပို့ကား ၁၀ စီးကျော်က ပခုက္ကူဘက်ကို ပြန်လှည့်သွားပြီး စစ်ကား ၇ စီးကတော့ ကမ္မမြို့မ ရဲစခန်းထဲကို ရောက်သွားတယ်လို့ The Red Revolters တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

˜˜˜˜

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။