ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ခလရ ၂၆၉ တပ်ရင်းမှ တပ်သားအဆင့်ရှိ စိုင်းဇော်ထွေးဟာ တာဝန်ကျနေရာ သိုင်းငင်း စစ်စခန်းမှ စွန့်ခွါထွက်ပြေးကာ CDF CDM Siyin ထံသို့ လာရောကါခိုလှုံခဲ့တယ်လို့ သိရပါတယ်။
CDM ပြုလုပ်လာသူ တပ်သား စိုင်းဇော်ထွေးကို ပြည်သူ့ တော်လှန်ရေး အဖွဲ့မှ နွေးထွေးစွာ ကြိုဆိုခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ရောက်ရှိသည်အထိ လုံခြုံ စိတ်ချစွာ နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ CDF CDM Siyin ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်အထိ CDF CDM Siyin ထံသို့ လာရောက်ခိုလှုံခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စစ်သား ၁၀ ဦး ထက်မနည်း ရှိနေပြီလို့ သိရပါတယ်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှာ အကြမ်းဖက် စစ်ကောင်စီ နမခ စစ်ဌာနချုပ် (မုံရွာ) လက်အောက်ခံ အမှတ် ၉၃၀၊ ထောက်/ပို့ တပ်ရင်းမှ ဒုတပ်ကြပ် တစ်ဦး CDF CDM Siyin ထံ လာရောကါ ခိုလှုံခဲ့ပါသေးတယ်။
အကြမ်းဖက် စစ်တပ်ကို စွန့်ခွါပြီး လက်နက်ခဲယမ်းများနဲ့အတူ CDM ပြုလုပ်လာတဲ့ စစ်သားတွေကို အနည်းဆုံး ကျပ်သိန်း ၅၀ ဂုဏ်ပြုငွေ ချီးမြှင့်သွားမှာ ဖြစ်ပြီး ယူဆောင်လာတဲ့ လက်နက်ခဲယမ်း အမျိုးအစားနဲ့ အရေအတွက်ပေါ် မူတည်ကာ ဆုကြေးငွေများကို ထပ်ဆောင်းပေးအပ်သွားမယ်လို့ CDF CDM Siyin က ပြောပါတယ်။
˜˜˜˜
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။