Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကြေးစည်သံသာ နားစွင့်ထားကြပေရော့ (OPINION)

ဟေ့ကောင် အယုတ်တမာထိပ်ခေါင် အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ...

 

မင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရဲမှူးချုပ်၊ ရဲမှူးတွေကိုတော့ အဂတိလိုက်စားလို့ဆိုပြီး ထောင်ဒဏ်တွေ ချမှတ်တယ်။ ဟော မင်းရဲ့လူ စိုးထွဋ်ဆိုတဲ့အကောင်ကျတော့ အဂတိလိုက်စာတာထင်ရှားပေမဲ့ ပေးအပ်ထားတဲ့တာဝန်ကိုသာ ရုပ်သိမ်းလိုက်ပြီး ဘာမှ ပြစ်ဒဏ်မချမှတ်ပါလား။ အေး အကြမ်းဖက်အဖွဲ့အစည်းမှာ တရားဥပဒေစိုးမိုးမှုဆိုတာ ဘာမှမရှိ။ နှုတ်ထွက်အမိန့်သည်သာ ဥပဒေလို့ သတ်မှတ်နားလည်ထားရုံ ရှိတော့တာပ။

 

ဒီမှာ။ မင်းက နစက ဆိုတာ နိုင်ငံတော်ရဲ့တာဝန်တွေကို အဆင့်အမြင့်ဆုံးရယူထားတဲ့ အဖွဲ့အစည်းဖြစ်တာနဲ့အညီ အဂတိကင်းစင်ဖို့ လိုအပ်တယ်လို့ အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ပြောနေလိုက်သေး။ ကလေးငယ်တစ်ယောက်က "ဗိုလ်ချုပ်မှူးကြီး ရရှိခံစားရတဲ့လစာနဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့သား အောင်ပြည့်စုံက ကန်သာယာဆေးရုံကြီးကို ဘယ်လို ဝယ်ယူရရှိပိုင်ဆိုင်ထားသလဲဆိုတာ သိချင်ပါတယ်"လို့ မေးမြန်းထားတဲ့ဖိုင်အတုလေး တက်လာတာ ကြည့်လိုက်ရတော့ ပြုံးမိပါရဲ့။ မင်းတို့ရဲ့အကြောင်းတွေကို ကလေးကအစ သိနေကြတယ်ဆိုတဲ့ သဘောပေါ့ကွာ။ မင်းတို့အားလုံး အလီဘာဘာတွေချည်းပဲ။

 

ဟုတ်တယ်လေကွာ။ မင်းက ကုန်စျေးနှုန်းတွေ ရွှေစျေးတွေ ဒေါ်လာတွေ မဟားဒယားတက်လာတာ ဝိသမလောဘသား ကုန်သည်တွေကြောင့်ဖြစ်ရတာလို့ စွပ်စွဲခဲ့တယ်မဟုတ်လား။ 

 

တကယ်တော့ စိုးထွဋ်တို့ မိုးမြင့်ထွန်းတို့ စားပိုးနင့်အောင် စားထားကြတဲ့အကြောင်းတွေ လူသိရှင်ကြားပေါ်ပေါက်ခဲ့တာလည်း ဖော်ထုတ်လို့မှ မဟုတ်ခဲ့တာပဲ။ မင်းရဲ့ ဥာဏ်အမြော်အမြင်တစ်ထွာတစ်မိုက် ခပ်တိမ်တိမ်ကြောင့် ဖုံးမရ၊ ဖိမရ ဖြစ်ခဲ့ရတာလေ။ ဟုတ်တယ်လေကွာ။ မင်းက ကုန်စျေးနှုန်းတွေ ရွှေစျေးတွေ ဒေါ်လာတွေ မဟားဒယားတက်လာတာ ဝိသမလောဘသား ကုန်သည်တွေကြောင့်ဖြစ်ရတာလို့ စွပ်စွဲခဲ့တယ်မဟုတ်လား။ အဲဒီမှာ ကုန်သည်ကြီးအယောက်တစ်ရာလောက်ကို ဖမ်းဆီးပြီး စစ်ဆေးတော့တယ်။

 

ညောင်မြစ်တူးကြည့်လိုက်တာ ပုတ်သင်ဥတွေ ပေါ်ကုန်တော့တာပ။ အဲဒီမှာ မိုးမြင့်ထွန်းကို ဒေါ်လာနှစ်သောင်းနဲ့ ဒေါ်လာလေးထောင်တန်အရက်ပုလင်းဆက်သမှ အလုပ်ချောမောတာတွေ၊ ကာစီနိုလောင်းကစားတွေ၊ မူးယစ်ဆေးဝါးဖြန့်ဖြူးတာတွေ၊ တရားဝင်ဖြစ်အောင် ရဲမှူးချုပ်တွေက စိုးထွဋ်ကိုပသပြီး လုပ်ခဲ့ရတာတွေကို ဖွင့်ချလိုက်ကြတယ်။ စိုးထွဋ်နဲ့ မိုးမြင့်ထွန်းကလည်း မင်းကို မလွဲမသွေ ဆပ်သရမယ်ဆိုတာ ဗေဒင်မေးစရာလိုသေးလို့လား။ ဆန်ကုန်လေကုန်ရုံသာ ရှိတော့မပေါ့။

 

အေးလေ။ မင်းတို့စစ်အာဏာရှင်တွေ မောင်နေဝင်းကအစ မင်းအဆုံး မြို့ဆို့ခဲ့ကြတာတွေ တို့ပြည်သူအားလုံး သိခဲ့ကြတာပေါ့။ တို့နိုင်ငံ ဆင်းရဲမွဲတေသွားတာဟာ ထင်ရှားတဲ့သက်သေပေါ့ကွာ။ ဒါကြောင့် ပြည်သူတရပ်လုံးက မင်းတို့စစ်အာဏာရှင်တွေကို အစဥ်အဆက် တော်လှန်ခဲ့ကြတာလေ။ ခုတော့ဖြင့် လူလိုပြောရင် နားလည်လိမ့်မယ်လို့ ယူဆပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ပြည်သူတွေဟာ လူလိုပြောတာ နားမလည်နိုင်ကြတဲ့မင်းတို့ကို လက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့ကြပြီလေ။ မင်းတို့ အမျိုးယုတ်စစ်အာဏာရှင်တွေ အုမစ်ပြတ်သည်ထိ တော်လှန်သွားကြမယ်။ အဲဒါ တို့ပြည်သူတရပ်လုံးရဲ့ မန္တိမရည်မှန်းချက်ပဲ။

 

မင်းနဲ့ အယုတ်တမာတွေဖြစ်ကြတဲ့ သန်းရွှေ၊ သိန်းစိန်တို့တွေ ထွက်ရပ်လမ်းအတွက် ဆွေးနွေးကြတယ်ဆိုတာ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတယ်ကွ။ တို့အနေနဲ့တော့ စိတ်ဝင်စားမှု မရှိလှပေဘူး။

 

ခုပဲကြည့်လေ။ မင်း အာဏာသိမ်းခဲ့တာ ၃နှစ်နီးပါးရှိခဲ့ပြီ။ ဘယ်မှာ အောင်မြင်မှုရှိခဲ့လို့လဲ။ အောင်မြင်ဖို့နေနေသာသာ ရှုံးနိမ့်ကျဆင်းဖို့တောင် ရောင်နီပျိုးလာပြီမဟုတ်လား။ ၂၀၂၃ မှာ မင်းတို့က ရွေးကောက်ပွဲကျင်းပဖို့ မျှော်လင့်ထားခဲ့ကြတာလေ။ ခုတော့ ၂၀၂၄ မှာ သန်းခေါင်စာရင်းကောက်ဦစမယ်တဲ့။ ၂၀၂၅ မှ ရွေးကောက်ပွဲကျင်းပနိုင်တော့မယ့်သဘော။ ရွေးကောက်ပွဲပြုလုပ်နိုင်ရေးဟာ မင်းတို့ရဲ့ အန္တိမရည်ရွယ်ချက်လို့ မင်းကိုယ်တိုင်ပြောခဲ့တယ်မဟုတ်လား။ မင်းတို့ရဲ့ အန္တိမရည်ရွယ်ချက်နဲ့ တို့ပြည်သူတွေရဲ့ အန္တိမရည်ရွယ်ချက် ဘယ်သူတွေက စိတ်ကူးယဥ်ဆန်ပြီး ဘယ်သူတွေက လက်တွေ့ကျသလဲဆိုတာ မကြာခင်မှာ အဖြေထွက်တော့မှာပါကွာ။ 

 

ဒီမှာ။ မင်းနဲ့ အယုတ်တမာတွေဖြစ်ကြတဲ့ သန်းရွှေ၊ သိန်းစိန်တို့တွေ ထွက်ရပ်လမ်းအတွက် ဆွေးနွေးကြတယ်ဆိုတာ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတယ်ကွ။ တို့အနေနဲ့တော့ စိတ်ဝင်စားမှု မရှိလှပေဘူး။ ဘာလို့လဲဆိုရင် အာဏာရှင်တွေချည်းဆွေးနွေးကြတာဆိုတော့ သူတို့အာဏာရှင်တွေအတွက်သာ ဖြစ်နေမှာမို့လို့ပါပဲ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို လွှတ်ပေးပြီး သိန်းစိန်နဲ့အတူ ပူးတွဲအာဏာ ရယူကြမယ်ပေါ့လေ။ ဒါပေမဲ့ မင်းက အကြမ်းဖက်အဖွဲ့အစည်းတွေ့ဆုံပွဲမှာ ရှေ့ဆက်သွားမယ်လို့ ပြောလိုက်ခြင်းအားဖြင့် သန်းရွှေ၊ သိန်းစိန်တို့ရဲ့အကြံဥာဏ်ကို လက်မခံနိုင်ကြောင်း ပြသလိုက်တယ်။ ရှေ့ဆက်သွားလိုက်စမ်းပါကွာ။ မင်းရဲ့ရှေ့မှာ သေလမ်းနဲ့ကြိုးစင်က ကြိုဆိုနေကြလေရဲ့။

 

ဟုတ်တယ်လေကွာ။ ကရင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကို ဗိုလ်နေဝင်းလက်ထက်ကတည်းက အမြစ်ပြတ် ချေမှုန်းမယ်လို့ ကြုံးဝါးခဲ့တယ်မဟုတ်လား။ အမြစ်ပြတ်ဖို့နေနေသာ ကချင်၊ ကိုးကန့်၊ တအောင်း၊ ကရင်နီ၊ ချင်း၊ ရခိုင်စသည်ဖြင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ တိုးပွားလာခဲ့တယ်မဟုတ်ပါလား။ အဲဒါ မင်းတို့ အာဏာရှင်အကြမ်းဖက်အဖွဲ့အစည်းက ကိုယ့်တာဝန်မဟုတ်တဲ့ နိုင်ငံရေးကို ပါဝင်လွှမ်းမိုး ထိန်းချုပ်ထားတဲ့ အကျိုးဆက်တွေပေါ့ကွာ။ ဟော မင်းရဲ့ တတိယအကြိမ်မြောက် အာဏာသိမ်းမှုနောက်မှာတော့ ဗမာတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အင်နဲ့အားနဲ့ ပေါ်ပေါက်လာခဲ့တော့တယ်။

 

အများကြီးနောက်ကျကျန်နေရစ်ခဲ့ပြီ။ မင်းတို့ရဲ့ ယုတ်မာရက်စက်မှုတွေကြောင့် ပြည်သူတွေရဲ့ မုန်းတီးနာကျည်းမှုတွေဟာ အဆုံးစွန်ထိ ရောက်ရှိနေကြပြီ။

 

နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားအားလုံးက မင်းတို့ရဲ့ စစ်အာဏာရှင်အကြမ်းဖက်အဖွဲ့အစည်းကို လက်မခံကြတော့ဘူးဆိုတဲ့သဘောပေါ့ကွာ။ ပြီးတော့ဘစစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးလမ်းကြောင်းပေါ် အတူတကွ လက်တွဲလျှောက်လှမ်းနေကြလေရဲ့။ ဒီတော့ မင်းအနေနဲ့ ရွေးကောက်ပွဲပြုလုပ်ပြီး အရှင်ထွက်ထွက်မယ်ဆိုတဲ့ရည်ရွယ်ချက်ဟာ မဖြစ်နိုင်တော့ပါဘူး။ အများကြီးနောက်ကျကျန်နေရစ်ခဲ့ပြီ။ မင်းတို့ရဲ့ ယုတ်မာရက်စက်မှုတွေကြောင့် ပြည်သူတွေရဲ့ မုန်းတီးနာကျည်းမှုတွေဟာ အဆုံးစွန်ထိ ရောက်ရှိနေကြပြီ။ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုတဲ့ ကြွေးကြော်သံဟာ ရင်ထဲ နှလုံးသားထဲက ပေါက်ကွဲထွက်ပေါ်လာတဲ့စကား။ မင်းနေနဲ့ အသေထွက်ထွက်ဖို့ လမ်းမှတပါး...။

 

ဒီမှာ စစ်ရေးကျွမ်းကျင်လှပါတယ်ဆိုတဲ့ မင်းတို့က ကချင် လိုင်ဇာစခန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့ စစ်ကြောင်းထိုးသတဲ့။ လိုင်ဇာက PDFတွေကို သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးနေတယ်ဆိုကိုး။ ဒီတော့ ပင်စည်လှဲ အဖျားထင်းဖြစ်ဆိုထုံးနဲ့ ပင်စည်ကို တစ်ခါတည်းဖြိုလှဲမယ်ပေါ့လေ။ ဒါပေမဲ့ အောက်လက်က စခတွေကို သေတွင်းပို့လိုက်သလိုဖြစ်ကုန်ရော။ တစ်ခါ ကျွံဝင်သွားတဲ့စခတွေကို ဝိုင်းဝန်းပိတ်ဆို့လိုက်တော့ ကျန်ရှိတဲ့စခတွေ အစာရေစာပြတ်လပ် သေကိန်းဆိုက်မယ့်ကိန်း ဖြစ်နေပြန်ရော။ တကယ်တော့ အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ ရာ။ မင်းတို့တွေရဲ့ အတွေးအယူအဆ ဦးနှောက်တွေက မုန်းပျားသလက်ပူပူကို အနားသားက စတင်မစားဘဲ အလယ်ကောင်က ဖောက်နှိုက်စားတဲ့ ကလေးလိုပါပဲကွာ။ အလယက ဖောက်နှိုက်စားတော့ မစားရခင် လက်ပူလျှာပူမိပြီး ချုံးချငိုရပြီပေါ့။ ခုလည်း မင်းတို့တွေ လက်ပူလျှာပူဖြစ်ကုန်ကြပြီမဟုတ်လား။

 

ချင်းပြည်နယ်က မြို့အဝင်မုခ်ဦးတွေမှာ PDFအလံ ချင်းတော်လှန်ရေးအလံတွေ လွှင့်ထူလိုက်ကြပြီတဲ့။ အဲဒါက ချင်းပြည်နယ်မှာ မင်းတို့အုပ်ချုပ်ရေး မလွှမ်းမိုးတော့ဘူးဆိုတဲ့သဘောပေါ့ကွာ။ တစ်ခါ ကရင်နီပြည်နယ်ဘက်မှာလည်း ၄နာရီလောက်သွားရတဲ့ခရီးလမ်းကို မင်းတို့ရဲ့စစ်ကြောင်းက ၂လကြာတဲ့အချိန်ထိ လိုရာခရီးမရောက်ရှိသေးဘူးဆိုပဲ။ ကရင်ကလည်း ဘုရားသုံးဆူ၊ ဖာပွန်တို့မှာ မြို့ပြအုပ်ချုပ်ရေးထိ အုပ်ချုပ်ထားနိုင်ပြီတဲ့လေ။ စစ်ကိုင်း၊ မကွေးဘက်မှာလည်း မင်းတို့ဟာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သာ ရပ်တည်နိုင်တော့တာတဲ့လေ။

 

ခုချိန်ထိ နိုင်ငံတကာအလယ်မှာ မင်းတို့ဟာ တစ်ကောင်တည်းကြွက်စုတ်ဖြစ်နေတာရယ်၊ မင်းတို့အပိုင်သတင်းစာမှာ ဆီရဖို့အရေးတန်းစီနေကြတဲ့ လူတန်းရှည်ကြီးဖော်ပြထားတာရယ်က ထင်ရှားတဲ့သက်သေတွေပေါ့ကွာ။ 

 

မင်းတို့ကျွမ်းကျင်လှပါတယ်ဆိုတဲ့စစ်ရေးမှာတောင် မင်းတို့အာဏာသိမ်းလို့ ၃နှစ်မပြည့်ခင် အားလုံးဖရိုဖရဲဖြစ်ကုန်ပြီပေါ့။ ဒါကြောင့်လည်း မင်းတို့ထိပ်ပိုင်းမှာ အပြောင်းအရွှေ့တွေ အဖမ်းအဆီးတွေနဲ့ ဂဏှာမငြိမ် ဖြစ်ကုန်ကြတာပေါ့ကွာ။ အဲဒီမှာ မင်းတိူ့မကျွမ်းကျင်တဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေကိုတော့ စာဖွဲ့မပြတော့ပါဘူး။ ခုချိန်ထိ နိုင်ငံတကာအလယ်မှာ မင်းတို့ဟာ တစ်ကောင်တည်းကြွက်စုတ်ဖြစ်နေတာရယ်၊ မင်းတို့အပိုင်သတင်းစာမှာ ဆီရဖို့အရေးတန်းစီနေကြတဲ့ လူတန်းရှည်ကြီးဖော်ပြထားတာရယ်က ထင်ရှားတဲ့သက်သေတွေပေါ့ကွာ။ 

 

ဒီတော့ အကြမ်းဖက်ခေါင်ဆောင်  မ.အ.လ...ရေ။ တဘို့တည်းသမား မင်းတိူ့စစ်အာဏာရှင်တွေကတော့ အရှင်ထွက် ထွက်ဖို့ထက် အသေထွက်ထွက်ဖို့အတွက်ကိုသာ ကြေးစည်သံကြားရဖို့ ရှိကြောင်းပါဗျား။

 

နွေဦးတော်လှန်ရေး မုချ အောင်တော့မယ်။

 

˜˜˜˜

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။