Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ပြည်သူအမေ့ခက်တဲ့ အေးဓားပြ ခြောက်အိပ်မက် (Opinion)

မဆလခေတ် ငွေစက္ကူ ဖျက်သိမ်းမှုများ

 

မကြာသေးမီက ငါးဆယ်တန်နှင့် တစ်ရာတန် ငွေစက္ကူများ တရားမဝင်ကြောင်း အမိန့်စာများ ထွက်လာသည်ကို တွေ့ရပြီး ဆင်းရဲသား လက်လုပ်လက်စားများအကြား ရိုက်ခတ်မှု ဖြစ်သွားသည်။ သို့သော် နာရီပိုင်းအတွင်း စစ်အုပ်စုက ယင်းအမိန့်စာများမှာ အတုဖြစ်ကြောင်း ဖြေရှင်းချက်များ  ထွက်လာသဖြင့် ပြည်သူတို့ရင်ထဲ အလုံးကြီး ပြန်ကျသွားနိုင်ကြမည် ဖြစ်သည်။ ​​

 

ယင်းအမိန့်စာများကို တွေ့လိုက်ရသောအခါ လွန်ခဲ့သောလ စက်တင်ဘာ (၅) ရက်နေ့က ၃၆ နှစ်ပြည့်သွားခဲ့သော နေ့ခင်းကြောင်တောင် အေးဓားပြတိုက်မှုကြီး တစ်ခု အကြောင်းကို စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာလေသည်။ ယင်းဖြစ်ရပ်ကား မဆလခေတ် ဇာတ်သိမ်းလုနီး ၁၉၈၇ ခု စက်တင်ဘာလ (၅)ရက်နေ့တွင် ယင်းကာလ စစ်အာဏာရှင် အစိုးရက ထိုစဉ်က ပြည်သူတို့ အဓိက လှည့်ပတ်သုံးစွဲနေသော ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၇၅ ကျပ်တန်တို့ကို စက်တင်ဘာ ၅ ရက်နေ့ နံနက် (၁၁) နာရီမှစ၍ တရားမဝင်တော့ကြောင်း ရုတ်တရက် ကြေညာခဲ့ခြင်း ဖြစ်သည်။

 

လွန်ခဲ့သောလ စက်တင်ဘာ (၅) ရက်နေ့က ၃၆ နှစ်ပြည့်သွားခဲ့သော နေ့ခင်းကြောင်တောင် အေးဓားပြတိုက်မှုကြီး တစ်ခု အကြောင်းကို စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာလေသည်။

 

ယင်းလုပ်ရပ် မှာ စစ်အာဏာရှင် အစိုးရ အဆက်ဆက်တွင် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး  နောက်ပိုင်း ပြည်တွင်း၌ လက်ရှိသုံးစွဲနေသော ငွေစက္ကူများကို တရားမဝင် ကြေညာခြင်းမှာ တတိယအကြိမ် ဖြစ်သည်။ ​​

 

ပထမအကြိမ် ငွေစက္ကူ ဖျက်သိမ်းခြင်း

 

၁၉၆၂ ခု၊ ပထမအကြိမ် စစ်အာဏာသိမ်းပြီးနောက် ထွန်းကားစည်ပင်နေသော ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများစွာကို ပြည်သူပိုင် သိမ်းခဲ့ပြီးနောက် ၁၉၆၄ ခု မေလ ၁၇ ရက်နေ့တွင်  ကျပ် ငါးဆယ်တန်နှင့် ကျပ်တစ်ရာတန် ငွေစက္ကူများကို တရားမဝင် ကြေညာခဲ့သည်။ ယင်း ငွေစက္ကူများကို ငွေလဲကောင်တာများ ဖွင့်လျက် လက်ခံပြီး လူတစ်ဦးလျှင် ၄၂၀၀ ခန့်အထိသာ ပြန်လဲပေးခဲ့သည်။

 

ငွေကြေး ချမ်းသာသူများအနေဖြင့် သူတို့ ပိုင်ငွေများကို လူငှားဖြင့် ပြန်လဲရသော ဒုက္ခနှင့် ကြုံတွေ့ခဲ့ပြီး လူစားထိုး ငှားရမ်းလဲလှယ်သူများထံမှ ငွေ ပြန်မရကြသည်များလည်း ရှိသည်။ 

 

အစိုးရက ငွေလာရောက် လဲယူသူများကို ပိုင်ရှင်အဖြစ် သတ်မှတ်ခြင်းဖြင့် လူချမ်းသာများက ငွေများများ ပြန်မလဲနိုင်အောင်၊ လူငှားဖြင့် လဲလျှင်လည်း ငွေပြန်မရအောင် တမင်ဒုက္ခပေးခဲ့သည်။

 

ငွေလဲရန် ကာလကိုလည်း ရက်သတ္တပါတ် တစ်ပါတ်သာပေးပြီး နောက်ပိုင်း ထပ်မံကာ အကြိမ်ကြိမ် ပြင်ဆင်ပေးခဲ့သည်။ ထို့ပြင် အစိုးရက ငွေလာရောက် လဲယူသူများကို ပိုင်ရှင်အဖြစ် သတ်မှတ်ခြင်းဖြင့် လူချမ်းသာများက ငွေများများ ပြန်မလဲနိုင်အောင်၊ လူငှားဖြင့် လဲလျှင်လည်း ငွေပြန်မရအောင် တမင်ဒုက္ခပေးခဲ့သည်။ 

 

လေးလအကြာတွင် တရားမဝင်ငွေ၏ ၇၈ ရာခိုင်နှုန်းကို ပြန်အမ်းခဲ့ကြောင်း ကြေညာခဲ့ရာ ပြန်လဲလှယ် မပေးသော ငွေပမာဏ ၂၂ ရာခိုင်နှုန်းမှာ သတင်းစာဆရာ အောင်ဗလ၏ တွက်ချက်မှုအရ အစိုးရက ၉၁၅.၈ သန်းကို ပြည်သူထံမှ လုယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၁၃ နှစ်ခန့်အကြာ၌ ငွေကြေးဖေါင်းပွမှု ကြီးမားလာပြီး ၁၉၇၆ တွင်  ၁၀၀ ကျပ်တန် ငွေစက္ကူ အသစ်ကို ပြန်လည် ထုတ်ဝေခဲ့ပြန်သလို ၁၉၇၉ ခု ဧပြီလ ၃၀ ရက်နေ့၌  ၅၀ တန် ငွေစက္ကူကိုပါ ထပ်မံ ထုတ်ဝေခဲ့ ပြန်ပါသည်။

 

ယင်းခေတ်ကာလတွင် ဒေါ်လာ ပေါက်ဈေးမှာ တစ်ဒေါ်လာလျှင် ၁.၀၇ ကျပ်သာ ရှိကြောင်း မှတ်တမ်းများအရ သိရရာ အစိုးရ လုယူသွားသော ငွေတန်ဖိုး ကြီးမားပုံကို မှန်းဆသိနိုင်ပါသည်။ ​​

 

ထိုနောက် ၁ ကျပ်တန်၊ ၅ ကျပ်တန်၊ ၁၀ တန်၊ ၂၀ တန်၊ ၂၅ ကျပ်တန်တို့ကိုသာ သုံးစွဲလည်ပတ်ခဲ့ရာမှာ ၁၃ နှစ်ခန့်အကြာ၌ ငွေကြေးဖေါင်းပွမှု ကြီးမားလာပြီး ၁၉၇၆ တွင်  ၁၀၀ ကျပ်တန် ငွေစက္ကူ အသစ်ကို ပြန်လည် ထုတ်ဝေခဲ့ပြန်သလို ၁၉၇၉ ခု ဧပြီလ ၃၀ ရက်နေ့၌  ၅၀ တန် ငွေစက္ကူကိုပါ ထပ်မံ ထုတ်ဝေခဲ့ ပြန်ပါသည်။

 

ဒုတိယအကြိမ် ကြေညာရာတွင်လည်း ပထမအကြိမ်ကဲ့သို့ပင် လဲပေးမည့် ကန့်သတ် ငွေပမာဏနှင့် သက်တမ်းကို သတ်မှတ်ခဲ့ရာ သမိုင်းဆိုး တပတ်ပြန်လည်သည့် သဘော ဖြစ်သည်။ 

 

သူတို့ ထုတ်ဝေခဲ့သော ကျပ်တစ်ရာတန်မှာ (၉) နှစ်သာ သက်တမ်းရှည်ခဲ့ပြီး ၁၉၈၅ ခု  နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဒုတိယအကြိမ် ငွေစက္ကူ တရားမဝင် ကြေညာမှုကို ထပ်မံ လုပ်ခဲ့ပြန်ရာ သူတို့ ထုတ်ခဲ့သော တစ်ရာတန်နှင့် ငါးဆယ်တန်များ သုံးမရတော့ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

 

ယင်းသို့ ဒုတိယအကြိမ် ကြေညာရာတွင်လည်း ပထမအကြိမ်ကဲ့သို့ပင် လဲပေးမည့် ကန့်သတ် ငွေပမာဏနှင့် သက်တမ်းကို သတ်မှတ်ခဲ့ရာ သမိုင်းဆိုး တပတ်ပြန်လည်သည့် သဘော ဖြစ်သည်။ သို့သော် ပထမအကြိမ် ၁၉၆၄ မှာက ကျပ် ငါးဆယ်တန်နှင့် တစ်ရာတန် အများစုမှာ လူချမ်းသာများ လက်တွင်သာ ရှိပြီး သာမန် လူလတ်တန်းစားလက်၌ များများစားစား မရှိခဲ့ပေ။

 

ဒုတိယအကြိမ် ငွေစက္ကူ ဖျက်သိမ်းခြင်း

 

ဒုတိယအကြိမ် ၁၉၈၅ တွင်မူ ငွေဖေါင်းပွမှု အတော်များလာပြီး ယခင်ထက် တရားမဝင်ငွေအဖြစ် ကြေညာခံရသော ငွေစက္ကူများကို ပိုင်ဆိုင်သူများမှာ ပိုမိုများပြားနေခဲ့ရာ လူအများမှာ  ငွေလဲကောင်တာများ၌ တိုးတိုး ဝှေ့ဝှေ့ဖြင့် ဒုက္ခရောက်ကြရတော့သည်။ 

 

လက်ရှိသုံးစွဲနေသော ငွေစက္ကူများကို  အကြိမ်ကြိမ် ဖျက်သိမ်းခဲ့သော်လည်း အခြား တစ်ဖက်တွင် ငွေစက္ကူအသစ်များကို ထပ်မံ ထုတ်ဝေသည့် အလုပ်ကိုလည်း စစ်အာဏာရှင်များက ဆက်လက် လုပ်ဆောင်နေခဲ့ကြသည်။ 

 

အဆင်မပြေမှုများ ရှိလာသဖြင့် အများဆုံး လဲပေးသည့် ပမာဏ နှင့် လဲပေးမည့် သက်တမ်းတို့ကို အကြိမ်ကြိမ် ပြင်ဆင် သတ်မှတ်ပေးခဲ့သည်။ သို့သော် မှတ်တမ်းများအရ သိမ်းယူခဲ့သော ငွေ၏ ၂၅ ရာခိုင်နှုန်းကိုသာ ပြန်လည် လဲလှယ်ပေးခဲ့ကြောင်း သိရသည်။ ​ထိုသို့ လက်ရှိသုံးစွဲနေသော ငွေစက္ကူများကို  အကြိမ်ကြိမ် ဖျက်သိမ်းခဲ့သော်လည်း အခြား တစ်ဖက်တွင် ငွေစက္ကူအသစ်များကို ထပ်မံ ထုတ်ဝေသည့် အလုပ်ကိုလည်း စစ်အာဏာရှင်များက ဆက်လက် လုပ်ဆောင်နေခဲ့ကြသည်။ 

 

တတိယအကြိမ် ငွေစက္ကူ ဖျက်သိမ်းခြင်း

 

၁၉၈၅ ခု နိုဝင်ဘာလ ၃၀ ရက်နေ့၌ ငွေစက္ကူများ တရားမဝင် ကြေညာခြင်း မတိုင်မီကလေးတွင် ၁၉၈၅ ခု နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ၇၅ ကျပ်တန် ငွေစက္ကူအသစ် တစ်မျိုးကို ထုတ်ဝေခဲ့ပြန်သည်။ ထို့နောက် နောက် တစ်နှစ် မပြည့်မီ ၁၉၈၆ ခု ဩဂုတ်လ ၁ ရက်နေ့တွင် ၃၅ ကျပ်တန်  ငွေစက္ကူအသစ်ကို ထပ်မံ ထုတ်ဝေခဲ့ပြန်သည်။

 

သို့သော် ယင်းငွေစက္ကူသစ် နှစ်မျိုးမှာ ယခင် ငွေစက္ကူများလောက်ပင် သက်တမ်း မရှည်ကြာဘဲ ၁၉၈၇ ခု  စက်တင်ဘာလ ၅ ရက်နေ့တွင် တရားမဝင် ကြေညာခဲ့ပြန်သည်။ ယင်းကြေညာမှုသည် စစ်အာဏာရှင် အစိုးရ အဆက်ဆက်တွင် တတိယအကြိမ်အဖြစ် ငွေစက္ကူ  တရားမဝင် ကြေညာခြင်းဖြစ်ကာ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန်နှင့် ကာလရှည်ကြာသုံးစွဲနေကြသော ၂၅ ကျပ်တန်များပါ ပါဝင်သွားတော့သည်။

 

ထိုအချိန်ကာလက နိုင်ငံအတွင်းတွင် အကြီးမားဆုံး ငွေစက္ကူများအဖြစ်  ကျန်ရှိနေသော ငွေစက္ကူ သုံးမျိုးကို ဖျက်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။ ​​

 

ယင်းကြေညာမှုမှာ ထိုအချိန်ကာလက နိုင်ငံအတွင်းတွင် အကြီးမားဆုံး ငွေစက္ကူများအဖြစ်  ကျန်ရှိနေသော ငွေစက္ကူ သုံးမျိုးကို ဖျက်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။ ​​သို့ဖြစ်ရာ ထိုဖျက်သိမ်းမှုမှာ မဆလ အာဏာရှင်ခေတ် ငွေစက္ကူ ဖျက်သိမ်းမှု သုံးကြိမ်အနက် အကျည်းတန်ဆုံးနှင့်  အဆင်ခြင်မဲ့ဆုံး ဆောင်ရွက်ချက် ဖြစ်လေသည်။

 

ယင်းသို့ ကြေညာခဲ့သော ၁၉၈၇ ခု စက်တင်ဘာလ ၅ ရက်နေ့သည် စနေနေ့ ဖြစ်ပြီး ထိုနေ့မှာ ရုံးပိတ်ရက်ဖြစ်သည့် အားလျော်စွာ ပြည်သူအများစုမှာ နေအိမ် ပြင်ပတွင် ရောက်ရှိနေကြပြီး ဈေးများ၊ ဘုရားစေတီများ၊ ဘုန်းကြီးကျောင်းများ၊ မိတ်ဆွေများ၏ နေအိမ်များ၌ ရှိနေခိုက် ဖြစ်သည်။ 

 

ပြည်သူအများမှာ သူတို့နှင့် ပါလာသော ငွေများ အားလုံးနီးပါး စက္ကူစုတ် အမှိုက်သရိုက်အဖြစ်‌ ပြောင်းလဲသွားပြီ ဆိုသည်ကို မယုံနိုင်အောင်ဖြစ်ပြီး အိမ်ပြန်ရန်ပင် အခက်အခဲ ကြုံခဲ့ကြရသည်။ 

 

အများစုမှာ နံနက် ၁၁ နာရီတွင် ကြေညာခဲ့သော သတင်းကို မကြားလိုက်ကြပေ။ အစိုးရ၏ ထူးခြားသော သတင်းများမှာ ည ၈ နာရီ သို့မဟုတ် နံနက် ၈ နာရီတွင် ကြေညာလေ့ရှိပြီး နံနက်  ၁၁ နာရီသတင်းတွင် ကြေညာလေ့ မရှိသည်ဖြစ်ရာ ပြည်သူအများမှာ သူတို့နှင့် ပါလာသော ငွေများ အားလုံးနီးပါး စက္ကူစုတ် အမှိုက်သရိုက်အဖြစ်‌ ပြောင်းလဲသွားပြီ ဆိုသည်ကို မယုံနိုင်အောင်ဖြစ်ပြီး အိမ်ပြန်ရန်ပင် အခက်အခဲ ကြုံခဲ့ကြရသည်။ 

 

အရောင်းအဝယ်နှင့် ငွေပေးယူမှု အားလုံးမှာ ရပ်ဆိုင်းသွားပြီး နိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေ၏ ၇၅ မှ ၈၀ ရာခိုင်နှုန်းအထိ ရုတ်တရက် ဖျက်သိမ်းခံလိုက်ရရာ ပြည်သူများစွာ၏ အနာဂတ် အိပ်မက်များ ပျက်စီး သွားရတော့သည်။ 

 

အဆိုးဆုံးကိစ္စမှာ ယင်းကာလ၌ ကွယ်လွန်သွားသူများအား သင်္ဂြိုဟ်ရန် စရိတ်ပင် မရှိဘဲ၊ ငွေချေးယူ၍လည်း မလွယ်ကူသောအချိန်ဖြစ်လေရာ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်ကြရတော့သည်။

 

ထိုကာလတွင် မင်္ဂလာဆောင်ရန် ပြင်ဆင်နေသော မင်္ဂလာမောင်နှံများမှာ မင်္ဂလာပွဲများပင်  ပျက်သွားရသည်။ အိမ်ဝယ်ရန်၊ ကားဝယ်ရန်၊ ရွှေဝယ်ရန် စသဖြင့် စုဆောင်းထားသော ငွေများဖြင့် ငွေချေရန် ပြင်ဆင်ထားသူများအဖို့ ပစ္စည်း မရလိုက်ဘဲ ဘဝပျက် သွားကြရသကဲ့သို့ ယင်းမနက်မှ ငွေပေးချေမှုကို လက်ခံပြီး အဖိုးတန် ပစ္စည်းများ၊ နေအိမ်များ၊ ကားများ ရောင်းချထားသူများမှာ ငွေတစ်ပြားတစ်ချပ်မှ မရရှိဘဲ အလကား လက်လွှတ် ပေးလိုက်ရကဲ့သို့ ဖြစ်သွားလေတော့သည်။ သို့ဖြစ်ရာ အရောင်းအဝယ် ကိစ္စများအပေါ် အငြင်းပွားမှုများလည်း ပေါ်ပေါက်ခဲ့ပြီး ယင်းတို့ကို မည်သည့် တာဝန်ရှိသူကမှ ဖြေရှင်းပေးမှုလည်း မရှိခဲ့ပေ။

 

အဆိုးဆုံးကိစ္စမှာ ယင်းကာလ၌ ကွယ်လွန်သွားသူများအား သင်္ဂြိုဟ်ရန် စရိတ်ပင် မရှိဘဲ၊ ငွေချေးယူ၍လည်း မလွယ်ကူသောအချိန်ဖြစ်လေရာ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်ကြရတော့သည်။

 

ငွေကြေး အခက်အခဲများ၊ ဘဝပျက်မှုများ၊ ရုတ်ချည်း ချွတ်ခြုံကျ သွားမှုများကြောင့် ရူးသွားသူများ၊ မိမိကိုယ်ကိုယ် သတ်သေသွားခဲ့သူများပင် ရှိသည်ဟုလည်း ဆိုကြ၏။ ​​

 

 

ယင်းကာလတွင် ကြုံတွေ့ရသော ငွေကြေး အခက်အခဲများ၊ ဘဝပျက်မှုများ၊ ရုတ်ချည်း ချွတ်ခြုံကျ သွားမှုများကြောင့် ရူးသွားသူများ၊ မိမိကိုယ်ကိုယ် သတ်သေသွားခဲ့သူများပင် ရှိသည်ဟုလည်း ဆိုကြ၏။ ​​

 

၁၉၈၇ ခု ငွေစက္ကူများ ဖျက်သိမ်းမှုမှာ ယခင်နှစ်ကြိမ်နှင့် မတူပဲ လုံးဝ ငွေပြန်အမ်း မပေးခဲ့သဖြင့် နိုင်ငံတွင်း လှည့်ပတ်သုံးစွဲနေသော ငွေ၏ လေးပုံသုံးပုံကျော်ကို အစိုးရက ပြည်သူများထံမှ နေ့ခင်းကြောင်တောင် ဓားပြ တိုက်ယူလိုက်ခြင်းပင် ဖြစ်သည်။ 

 

အဆိုပါ ကာလ၌ ပတ်သက်ပြီး ထိုစဉ်က နိုင်ငံတော် ကောင်စီဝင် ဖြစ်ပြီး နောင် ၁၉၈၈ ခုနှစ်တွင် သမ္မတ ဖြစ်လာခဲ့သူ ဒေါက်တာမောင်မောင်က သူ၏ “မြန်မာနိုင်ငံ၏ ၁၉၈၈ခုနှစ် အရေး အခင်း”စာအုပ်(ပထမတွဲ)၌ “ယင်းငွေစက္ကူ တရားမဝင် ကြေညာစဉ်က သူ့သမီးနှင့် သားမက်ရှိရာ မှော်ဘီလေတပ်သို့ သွားရောက် လည်ပတ်ရာ ထိုလေတပ်စခန်းမှ အရာခံဗိုလ် တစ်ဦးမှာ နို့စား နွားမတစ်ကောင် ဝယ်ယူနိုင်ရေးအတွက် ကြိုးစားပမ်းစား ခြိုးခြံစုဆောင်းထားသော ငွေများ အားလုံး ဆုံးရှုံးသွားသည့် ကြေကွဲဖွယ် ဇာတ်လမ်းကို ကြားခဲ့ရကြောင်း” ရေးသားထားပါသည်။​​

 

၁၉၈၇ ခု ငွေစက္ကူများ ဖျက်သိမ်းမှုမှာ ယခင်နှစ်ကြိမ်နှင့် မတူပဲ လုံးဝ ငွေပြန်အမ်း မပေးခဲ့သဖြင့် နိုင်ငံတွင်း လှည့်ပတ်သုံးစွဲနေသော ငွေ၏ လေးပုံသုံးပုံကျော်ကို အစိုးရက ပြည်သူများ ထံမှ နေ့ခင်းကြောင်တောင် ဓားပြ တိုက်ယူလိုက်ခြင်းပင် ဖြစ်သည်။ 

 

ငွေစက္ကူဖျက်သိမ်းမှာ ဘယ်သူတွေ ကြိုသိကြလဲ

 

ပြည်သူအများဟု ဆိုရာတွင် အာဏာပိုင်နှင့် ဆက်နွှယ်နီးစပ်သူများ ပါမပါ ဆိုသည်နှင့်ပတ်သက်ပြီး အယူအဆနှစ်မျိုး ရှိသည်။

 

ပထမတစ်မျိုးမှာ ငွေစက္ကူများ မကြာမီ ဖျက်သိမ်းတော့မည်ဟု ကြိုသိခဲ့ပြီး အာဏာပိုင်များက ရွှေနှင့် အဖိုးတန် ပစ္စည်းများ ဝယ်ယူထားကြပြီး ပြည်သူအများစုသာ နစ်နာခဲ့ကြသည်ဆိုသော အယူအဆ ဖြစ်သည်။​​​

 

ဒုတိယတစ်မျိုးမှာ ယင်းလုပ်ရပ်ကို  အခြားပုဂ္ဂိုလ်များနှင့် တိုင်ပင်ခြင်း မပြုဘဲ အာဏာရှင် ဦးနေဝင်းက သူစိတ်ကူးပေါ်ရာ ရုတ်တရက် ဆုံးဖြတ် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌနှင့် သမ္မတဖြစ်သူ ဉီးစန်းယုပင် မသိခဲ့ဟု ဆိုကြသည်။ 

 

ဦးနေဝင်းက သူတို့ ရေးဆွဲထားသော အခြေခံဥပဒေအရ နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌက  လက်မှတ်ရေးထိုး ထုတ်ပြန်ရမည်ကို ဥက္ကဋ္ဌကို အသိမပေးဘဲ အတွင်းရေးမှူး ဦးစိန်လွင်ကို ခေါ်ယူ လက်မှတ်ရေးထိုးစေပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ အမိန့်စာမှာ ဖြစ်သလို လက်နှိပ်စက် ရိုက်ထားသော အမိန့်စာ ဖြစ်ပြီး အကြောင်းပြချက်လည်း မပါသလို၊ ဥပဒေ လုပ်ထုံးဆိုင်ရာ ရည်ညွှန်းချက်လည်း တစုံတရာ မပါချေ။

 

အခြားသူများအား အသိပေးခြင်း၊ ငွေစက္ကူ လဲလှယ်ခြင်းများ မလုပ်နိုင်အောင် လမ်းတွင် ဘယ်ကိုမှ မဝင်စေပဲ ထောက်လှမ်းရေးကားဖြင့် မြန်မာ့အသံ သို့ တိုက်ရိုက်သွားခိုင်းပြီး ကြေညာစေခဲ့သည်ဟု ဆိုသည်။

 

ယင်းအမိန့်စာကို လက်မှတ်ထိုးရသူ ဦးစိန်လွင် ကိုယ်တိုင် ကြိုမသိရဘဲ သူ့အား မြန်မာ့အသံသို့ ကိုယ်တိုင်သွားပြီး ချက်ချင်း ကြေညာရန် စေလွှတ်ခဲ့ပြီး အခြားသူများအား အသိပေးခြင်း၊ ငွေစက္ကူ လဲလှယ်ခြင်းများ မလုပ်နိုင်အောင် လမ်းတွင် ဘယ်ကိုမှ မဝင်စေပဲ ထောက်လှမ်းရေးကားဖြင့် မြန်မာ့အသံ သို့ တိုက်ရိုက်သွားခိုင်းပြီး ကြေညာစေခဲ့သည်ဟု ဆိုသည်။ 

 

ထိုအယူအဆသာ မှန်ကန်ပါက ဦးနေဝင်း ဆုံးဖြတ်လုပ်ကိုင်မှုအပေါ် ငွေဆုံးရှုံးမှု အနည်းနှင့်အများ ဖြစ်ကြရသူများမှာ ဦးစိန်လွင်နှင့်တကွ ထိုကိစ္စကို ဆောင်ရွက်ပေးရသူ အားလုံး အပါအဝင် ဆိုသည့်သဘော ဖြစ်နေသည်။ ​​

 

မည်သည့် အယူအဆ မှန်သည်ဖြစ်စေ အများဆုံး နစ်နာသည်ကတော့ ပြည်သူအများပင် ဖြစ်သည်။ ဆိုးဝါးသည့် အခြားဖြစ်ရပ်တစ်ခုမှာ ယင်းမတိုင်မီ၌ ငွေစက္ကူများ ဖျက်သိမ်းမည်ဟု ကောလာဟလ ဖြစ်ပွားနေသဖြင့် အစိုးရက မဖျက်သိမ်းပါကြောင်း ကြေညာခဲ့ရုံမက ထိုသို့ သတင်းစကား ပြောသူများကိုပင် ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။

 

ဆိုးဝါးလှပုံမှာ ထိုသို့ ဖျက်သိမ်းခဲ့သည့်တိုင် ထိုသို့ လုပ်လိမ့်မည်ဟု ပြောမိသဖြင့် ဖမ်းဆီးခံရသူများကို ပြန်မလွှတ်ပေးဘဲ ဆက်လက် ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။ 

 

ထိုသို့သော သူများကို ဖမ်းဆီးထားပြီး တရားရုံးပင် မတင်ရသေးခင်မှာပင် ငွေစက္ကူများကို ဖျက်သိမ်းခဲ့ပြန်ခြင်း ဖြစ်၏။ ဆိုးဝါးလှပုံမှာ ထိုသို့ ဖျက်သိမ်းခဲ့သည့်တိုင် ထိုသို့ လုပ်လိမ့်မည်ဟု ပြောမိသဖြင့် ဖမ်းဆီးခံရသူများကို ပြန်မလွှတ်ပေးဘဲ ဆက်လက် ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။ 

 

ထို့ပြင် ပြည်သူတို့၏ ဘဝကို ဖျက်ဆီးခဲ့သော ယင်းအမိန့် မှာ အခြေခံ ဥပဒေနှင့်အညီ လက်မှတ်ရေးထိုး ဆောင်ရွက်ထားခြင်း မဟုတ်သဖြင့် လွှတ်တော်က အတည်ပြု မပေးဘဲ ကန့်ကွက်ရမည် ဖြစ်သော်လည်း အာဏာရှင် ခန့်ထားသော လွှတ်တော် ဖြစ်သည့် အားလျော်စွာ ၁၉၈၇ ခု အောက်တိုဘာလ ၁၄ ရက်နေ့တွင် လွှတ်တော်က အတည်ပြုပေးခဲ့ရလေသည်။

 

ငွေစက္ကူများ ဖျက်သိမ်းမှုမှာ ပြည်သူတစ်ယောက်စီတိုင်းကို ထိခိုက်သွားခဲ့ရာ လဆန်းရက် ဖြစ်သဖြင့် အိမ်လခ၊ ထမင်းစရိတ်၊ ဖယ်ရီခ၊ ကျောင်းလခတို့ ပေးရန် အခက်အခဲ ဖြစ်သွားကြရာ တက္ကသိုလ် ကျောင်းသားများက ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ကျောင်းများကို ပိတ်ခဲ့ရသည်။

 

​​အဓိပ္ပာယ်မဲ့စွာ ရုတ်တရက် ခံစားခဲ့ရသော နေ့ခင်းကြောင်တောင် ခြောက်အိပ်မက်မှာ ပြည် သူများအနေဖြင့် ယနေ့ခေတ် ယနေ့ကာလတိုင်အောင် အလွယ်တကူ မေ့ပျောက်နိုင်ဖွယ် မရှိချေ။ 

 

ယင်းမှတဆင့် ကျောင်းပြန်ဖွင့်ချိန်၌ ကျောင်းသား လှုပ်ရှားမှုများ ထပ်မံဖြစ်ပွားပြီး ၁၉၈၈ အရေးတော်ပုံ ဖြစ်ပွားကာ မဆလ အာဏာရှင် အစိုးရ တစ်ခန်းရပ်ရသည့်အဖြစ်ကို ရောက်ခဲ့ရသည်။ 

 

​​အဓိပ္ပာယ်မဲ့စွာ ရုတ်တရက် ခံစားခဲ့ရသော နေ့ခင်းကြောင်တောင် ခြောက်အိပ်မက်မှာ ပြည် သူများအနေဖြင့် ယနေ့ခေတ် ယနေ့ကာလတိုင်အောင် အလွယ်တကူ မေ့ပျောက်နိုင်ဖွယ် မရှိချေ။ 

 

ကျီးလန့်စာစားနေရတဲ့ ပြည်သူတွေ ဘဝ

 

ထို့ပြင် ယခုကဲ့သို့ စစ်အာဏာရှင်စနစ်ကို တတိယအကြိမ် အသက်သွင်းလိုက်သော အာဏာလုသူများ လက်ထက်တွင် သမိုင်းဆိုးများကို အကြိမ်ကြိမ် သံသရာ လည်စေလျက် ပြည်သူကို ယခင် စစ်အာဏာရှင် အဆက်ဆက် လက်ထက်ကထက်ပင် ပို၍ ရက်စက်ခြင်း၊ ပို၍ သတ်ဖြတ်ခြင်း၊ ပို၍ ဖမ်းဆီးနှိပ်စက် ထောင်ချခြင်း၊ ရွာစဉ်လိုက် မီးရှို့ခြင်း၊ ကျောင်းများ ဆေးရုံ များကို ဗုံးကြဲဖျက်စီးခြင်း၊ ကာလတိုအတွင်း တိုင်းပြည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ အခြေအနေများ ထိုးကျ ပျက်ယွင်းသွားခြင်း၊ ကုန်ဈေးနှုန်းများ အဆမတန်  ကြီးမြင့်ခြင်း၊ လျှပ်စစ်ဓာတ်အား မကြုံစဖူး ပြတ်တောက်ခြင်း၊ မြန်မာငွေ တန်ဖိုး ထိုးကျသွားခြင်း၊ အရောင်းအဝယ်များ ပျက်ယွင်း ထိုးကျခြင်း စသော လူမှုဒုက္ခအပေါင်း ပင်လယ်ဝေနေသော ကာလလည်း ဖြစ်သည်။ ​​

 

ယခုအချိန်တွင် စစ်အာဏာရှင်တို့ လုပ်နေကျအတိုင်း ဘဏ္ဍာငွေ ပြတ်လပ်မှုကို ကုစားရန် နှစ်သောင်းတန်အသစ် ထုတ်မည်ဟု ကြေညာလိုက်ရာမှ ကုန်ဈေးနှုန်းများ တဟုန်ထိုး တက်သွားတော့သည်။

 

သူတို့ ဆေးမြီးတိုအဖြစ် ကုစားနေသော ကုန်စည်များ သတ်မှတ်ဈေးဖြင့် ရောင်းချစေခြင်း၊ တန်းစီစနစ်ဖြင့် လက်လီ ရောင်းချစေခြင်း၊ ဝန်ထမ်းလစာ ထောက်ပံ့ကြေးများ ထုတ်ပေးခြင်း၊ ငွေစက္ကူအသစ် ထုတ်ဝေခြင်း၊ ကုန်စည်များကို မှောင်ခိုတံဆိပ် ကပ်ကာ ဖမ်းဆီးသိမ်းဆည်းခြင်း၊ အချင်းချင်း အုပ်စုဖွဲ့ ဖြုတ်ထုတ် ရှင်းလင်းလျက် ဥပဒေ လိုက်နာသော အစိုးရဟန်ပန်ဖြင့်  ထုတ်ပြန်ခြင်း စသည်တို့မှာ ယခင် စစ်အာဏာရှင် အဆက်ဆက် လုပ်ခဲ့ပြီးသား နည်းနာဟောင်းများကို တပတ်ကျော့ ပြန်လည်သုံးနေခြင်းဖြစ်ရာ စစ်အာဏာရှင်များ လက်သုံး ငွေစက္ကူများကို ဖျက်သိမ်းပြီး ဓားပြတိုက်ခြင်း လုပ်လာဦးမည်လားဟု ပြည်သူများက စိုးတထိတ်ထိတ် ရှိနေကြခြင်း ဖြစ်သည်။​​

 

စစ်အာဏာရှင်ခေတ်များ အဆက်ဆက်တွင် မလုပ်ပါဘူးဟု ကြေညာလျှင် ပိုမို ပူပန်ရသည်ကို ပြည်သူများက ကောင်းကောင်း သဘောပေါက်နေပြီ ဖြစ်သည်။

 

 

စစ်အာဏာရှင်တို့က သူတို့အနေဖြင့် ထိုသို့ လုပ်မည် မဟုတ်ကြောင်း၊ သူတို့၏ အခြေခံ ဥပဒေ ပုဒ်မ ၃၆ တွင်လည်း မလုပ်ရန် ပြဋ္ဌာန်းထားကြောင်း စသဖြင့် ရှင်းလင်းပါသည်။ သို့သော် စစ်အာဏာရှင်ခေတ်များ အဆက်ဆက်တွင် မလုပ်ပါဘူးဟု ကြေညာလျှင် ပိုမို ပူပန်ရသည်ကို ပြည်သူများက ကောင်းကောင်း သဘောပေါက်နေပြီ ဖြစ်သည်။ 

 

၂၀၂၁ ခုနှစ် အာဏာသိမ်းမှု လုပ်ရပ်သည်ပင် အခြေခံဥပဒေကို ဗြောင်ကျကျ ချိုးဖေါက်ပြီး သမ္မတက အာဏာလွှဲအပ်ရမည်ကို ဒုသမ္မတက လွှဲအပ်သည်ဟု လိမ်လည် သိမ်းယူခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အခြေခံ ဥပဒေအရ ထပ်မံ သက်တမ်းတိုး၍ မရတော့သည်ကို ရွေးကောက်ပွဲ လုပ်မည်ဟု လိမ်လည် အကြောင်းပြကာ ထပ်မံ သက်တမ်းတိုးခဲ့ပြန်သည်။

 

 မုသာဝါဒါကို ရေလဲသုံးနေသော စစ်အုပ်စု၏ လက်ထဲတွင် ပြည်သူများမှာ ကျီးလန့်စာစား ဖြစ်ကာ အမျိုးမျိုး ဒုက္ခခံနေရသည့်ကြားမှာပင် တစ်ခုခု ထပ်ပြီး ဒုက္ခပေးလိမ့်နိုးဖြင့် ရှင်သန် နေထိုင်နေကြရသည်။​​

 

သို့ဖြစ်ရာ မုသာဝါဒါကို ရေလဲသုံးနေသော စစ်အုပ်စု၏ လက်ထဲတွင် ပြည်သူများမှာ ကျီးလန့်စာစား ဖြစ်ကာ အမျိုးမျိုး ဒုက္ခခံနေရသည့်ကြားမှာပင် တစ်ခုခု ထပ်ပြီး ဒုက္ခပေးလိမ့်နိုးဖြင့် ရှင်သန် နေထိုင်နေကြရသည်။​​

 

မည်သို့ဆိုစေ သမိုင်းဆိုး သံသရာ တပတ်လည်သည် မလည်သည် အပထား၍ လွန်ခဲ့သော  ၃၆ နှစ် က မဆလ စစ်အာဏာရှင်တို့ ကိုယ့်နိုင်ငံသားထံမှ ကိုယ်ကိုယ်တိုင် ဖန်တီးထုတ် ဝေထားသော ငွေစက္ကူများကို ရက်ရက်စက်စက် အဓမ္မ ဖျက်သိမ်း လုယူခဲ့သော နေခင်းကြောင်တောင် ဓားပြမှု (Daylight Robbery) ကြီးမှာ လူ့သမိုင်း တလျှောက်တွင် အဓိပ္ပာယ် အမဲ့ဆုံးနှင့်  အကြင်နာမဲ့၊ တွေးတော ဆင်ခြင်မှုမဲ့စွာ ဖိနှိပ် အနိုင်ကျင့်မှုတစ်ရပ်အဖြစ်ဖြင့် မှတ်တမ်းဝင်နေတော့မည်သာ ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။   

~~~~

မောင်လွင်မွန်(ကသာ)

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။