Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ချောင်းဦး ပျူရွာကနေ ရိက္ခာရှာ ထွက်လာတဲ့ ရဲ ၂ ဦး PDF ပစ်လို့ သေ၊ သေနတ် ၂ လက် ရရှိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျူစောထီးရွာကနေ ရိက္ခာရှာထွက်လာတဲ့ ရဲ (၂)ဦးကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ သေဆုံးသွားပြီး သေနတ် (၂)လက် သိမ်းဆည်းရမိကြောင်း မုံရွာခရိုင်တပ်ရင်း(၅)- Aung San Force A.S.F က သတင်းထုတ်ပြန်ပါတယ်။


အောက်တိုဘာ (၁၉)ရက်၊ မနက် (၇)နာရီလောက်မှာ ကံဇီးရွာကနေ ထွက်လာတဲ့ ရဲ (၂)ဦးကို အသင့်စောင့်နေတဲ့ PDF တွေက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲ (၁)ဦး ပွဲချင်းပြီး သေဆုံးပါတယ်။ ကျန် (၁)ဦးကို ပြင်းထန်ဒဏ်ရာနဲ့ အရှင်ဖမ်းမိကာ အဲဒီဒဏ်ရာနဲ့ပဲ သေဆုံးသွားကြောင်း သိရပါတယ်။


“သူတို့ သွားလမ်းလာလမ်းတွေကို သေချာ စောင့်ကြည့်ပြီးတော့မှ စောင့်တိုက်တာ။ (၂)ဦးသေ၊ သေနတ် (၂)လက်ရတာ တင်မကဘူး။ ပျူရွာထဲက ကောင်တွေကို ခြိမ်းခြောက်ပြီးသားလည်း ဖြစ်သွားတယ်” လို့ မုံရွာခရိုင်တပ်ရင်း (၇)၊ ရဲဘော်တစ်ဦးက ပြောပါတယ်။


သေဆုံးသွားတဲ့ ရဲ (၂)ဦးမှာ ရဲတပ်ရင်း-၂၆ က ရဲတပ်သား ထွန်းကျော်စွာ(ခ)ထွန်းထွန်းနဲ့ ရဲတပ်သား အောင်ဆန်းမြင့်တို့ ဖြစ်ကြောင်း သိရပါတယ်။


သူတို့ (၂)ဦးဆီကနေ G3 (၂)လက်၊ ကျည်အိမ်(၅)ခု၊ 7.62ကျည် (၁၅၀‌)၊ ကျည်ကာအင်္ကျီ (၁)ထည်၊ လက်ကိုင်ဖုန်း (၁)လုံး၊ ဆိုင်ကယ် (၁)စီး၊ ဘေးလွယ်အိတ်(၁)လုံး၊ ဓားရှည် (၁)လက်နဲ့  ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ ကြောင်း မုံရွာခရိုင်တပ်ရင်း(၅) က သတင်းထုတ်ပြန်ပါတယ်။


အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၅) Aung San Force A.S.F၊ မုံရွာခရိုင်တပ်ရင်း(၇)၊ မုံရွာခရိုင်တပ်ရင်း(၂၅)သံမဏိ Force MPDF၊ မုံရွာခရိုင်တပ်ရင်း(၂၈) ၊ We Must Winနဲ့ မီးတောက်တပ်ခွဲ(၄)တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။


~~~~~~~~~~~ 

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။