Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နိုင်ငံတကာ လေလည်ပြပြန်တာလား မုန်လိုင်ခက်ရွာ (OPINION)

မအောင်မြင်တဲ့ အာဏာသိမ်းပွဲအလွန်ကာလ တောက်လျှောက်ဆိုသလို အတက်ပြလာတာတွေထဲ ကုန်ဈေးနှုန်းက ပြိုင်ဘက်မရှိ ရှေ့ကနေ ဦးဆောင်နေမယ်လို့ထင်တယ်။ငွေကြေးဖောင်းပွမှုနှုန်းကလည်း အလံ တလူလူလွင့်။အလုပ်လက်မဲ့နှုန်းကလည်း တရိပ်ရိပ် ဒီတက်လို့။နေရပ်စွန့်ခွာ စစ်ဘေးရှောင်အရေအတွက်ရဲ့အ ပတ်စဉ် ဂရပ်မျဉ်းကိုကြည့်ပြန်တော့ အထက်ဘက်သို့ ချီမပျက်။

 

မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA Myanmar ရဲ့ အောက်တိုဘာ ၁၂ ရက် ဖော်ပြချက်အရဆိုရင်မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာဦးရေ ၂သန်းနီးပါး။ အဲဒီ၂သန်းထဲက ၁ဒဿမ၇ သန်းနီးပါးက မအောင်မြင်တဲ့ အာဏာသိမ်းပွဲအပြီး နေရပ်စွန့်ခွာ ထွက်‌ ပြေးကြရသူတွေလို့ ဆိုတယ်။အဲဒီ ၂သန်းလောက်ရှိတဲ့ စစ်ဘေးရှောင်အရေအတွက်ကို အမြဲတမ်းစစ် ရှောင် လား၊အရေးပေါ်စစ်ရှောင်တွေလားလို့ ကွဲကွဲပြားပြား ဖော်ပြထားခြင်းမရှိပေမဲ့ ကိုယ့်ရပ်ကိုယ့်ရွာ မပြန် နိုင် ကြ တဲ့ အမြဲတမ်းစစ်ရှောင်တွေလို့ နားလည်ရပါတယ်။

 

အမြဲတမ်းစစ်ရှောင်တွေဟာ မြန်မာအခြေစိုက်ကုလအဖွဲ့အစည်းတွေ အနားကပ်ခွင့်မရှိ၊ကပ်လည်း မ ကပ်ရဲတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက PDF အားကောင်းတဲ့ မြို့တွေမှာလည်း ရှိနေပါတယ်။ဒါ့အပြင် အရေး ပေါ်စစ်ရှောင်လို့ဆိုတဲ့ စစ်ဘေးသင့်ပြည်သူတွေကလည်း စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာ နေ့စဉ် ပြေးလွှား နေရဆဲပါပဲ။

 

ကိုယ့်ရွာထဲ စစ်ကြောင်းဝင်လာတဲ့အချိန် စစ် တပ်က ပစ္စည်းလု အိမ်မီးရှို့ခြင်းနဲ့ စစ်သားတွေနဲ့တည့်တည့်တိုးရင် စိတ်ကျန်းမာရေးမကောင်းသူနဲ့ သက်ကြီး ရွယ်အိုတွေပါ မချန် အသတ်ခံရတာက မဆန်းတော့ပါဘူး။

 

အရေးပေါ်စစ်ရှောင်ဆိုတာက စစ်တပ်က ကိုယ့်ရပ်ရွာတွေဘက် စစ်ကြောင်းထိုးလာပြီဆို စစ်ကြောင်း နဲ့လွတ်ရာဆီသို့ပြေး။စစ်ကြောင်းမရှိတော့ဘူးဆိုရင် ရွာပြန်ဝင်။ကိုယ့်ရွာထဲ စစ်ကြောင်းဝင်လာတဲ့အချိန် စစ် တပ်က ပစ္စည်းလု အိမ်မီးရှို့ခြင်းနဲ့ စစ်သားတွေနဲ့တည့်တည့်တိုးရင် စိတ်ကျန်းမာရေးမကောင်းသူနဲ့ သက်ကြီး ရွယ်အိုတွေပါ မချန် အသတ်ခံရတာက မဆန်းတော့ပါဘူး။အခုဆိုရင် စစ်တပ်က ရွာထဲကနေ ပြန်မထွက်ခင် ရွာထဲနဲ့ ရွာနားဝန်းကျင် မိုင်းတွေထောင်ထားတဲ့အထိ ပက်စက်လာပြီဖြစ်ပါတယ်။

 

အရေးပေါ်စစ်ရှောင်တွေဟာ မကြာခဏဆိုသလို ပြေးလွှားရ။စစ်သားတွေရဲ့ မီးရှို့လုယက်ခြင်းဒဏ်ခံ ရနဲ့ လုပ်ကိုင်စားသောက်ဖို့ ခက်လှ၊မငတ်အောင် ကြိတ်မှိတ်ရုန်းကန်နေကြရပေမဲ့ ဘာပဲဖြစ်ဖြစ် ကိုယ့်ရပ်ရွာအ ငွေ့အသက်မှာ ရင်ငွေ့လှုံခွင့်ရနေဆဲမို့ နွေးထွေးမှုတစ်စုံတစ်ရာတော့ ရနေမြဲဖြစ်ပါတယ်။

 

အမြဲတမ်းစစ်ရှောင်ဆိုတာကတော့ ကိုယ့်ရပ်ကိုယ်ရွာကို လုံးဝခြေဦးလှည့်ခွင့်မရတဲ့သူတွေ သို့မဟုတ် အိမ်ပြန်လို့လည်းမရ၊ပြန်စရာအိမ်လည်း မရှိတော့တဲ့သူတွေဖြစ်ပါတယ်။များသောအားဖြင့် ဒေသတွင်း တစ်နေရာ သို့မဟုတ် စစ် ရှောင်စခန်းတစ်ခုခုမှာ အနာဂတ်လုံးဝ ပျောက်ဆုံးနေကြသူတွေပါပဲ။အမြဲတမ်းစစ် ရှောင်တွေဟာ ပြည်သူတွေရဲ့ လှူဒါန်းမှုအစုစုနဲ့ အသက်ဆက်နေရကာ အမှောင်မိုက်ဆုံး လူတွေလို့လည်း ဆို နိုင်ပါတယ်။

 

မှောင်မိုက်နေတဲ့ စစ်ရှောင်စခန်းတွေထဲက တစ်ခုပါပဲ။မနက်ဖြန် ထမင်း ရော စားရပါ့မလားဆိုတဲ့ ပူပန်စိတ်ကနေ အိမ်ဘယ်တော့ပြန်ရမလဲလို့ တွေးမိတိုင်း မျက်ရည်ကျရတဲ့ စစ် ရှောင်တွေလည်း ဖြစ်ပါတယ်။

 

စစ်ရှောင်တွေမှာ ခုခံစရာ လက်နက်မရှိ၊ခုခံချင်စိတ်လည်း မရှိသလို ခုခံနိုင်စွမ်းလည်း မရှိ။ပြောရရင် ဘယ်ကောင်လာလာ ယုန်သူငယ်ပမာ ထွက်ပြေး တိမ်းရှောင်ခြင်းသာ တတ်နိုင်သူတွေပါ။အခု အောက်တိုဘာ ၉ရက်ည အင်အားပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် သေဆုံးသွားရရှာတဲ့ ကချင်ပြည်နယ်၊လိုင်ဇာမြို့အနီးက မုန် လိုင်ခက်စစ်ရှောင်ရွာဆိုတာကလည်း မှောင်မိုက်နေတဲ့ စစ်ရှောင်စခန်းတွေထဲက တစ်ခုပါပဲ။မနက်ဖြန် ထမင်း ရော စားရပါ့မလားဆိုတဲ့ ပူပန်စိတ်ကနေ အိမ်ဘယ်တော့ပြန်ရမလဲလို့ တွေးမိတိုင်း မျက်ရည်ကျရတဲ့ စစ် ရှောင်တွေလည်း ဖြစ်ပါတယ်။အဲဒီလို စစ်ရှောင်တွေရဲ့ ညတွေဟာလည်း သက်ပြင်းတွေ၊ပင်ပန်းဆင်းရဲမှုတွေ နဲ့သာ နစ်နေမှာ အသေအချာပါပဲ။

 

အဲဒီလို စစ်ရှောင်တွေကိုပဲ တစ်ချက်တည်းနဲ့ လူအယောက်၃၀ နီးပါး ဘာမှန်း မသိဘဲ သေသွား လောက်အောင် အကြမ်းဖက်စစ်တပ်က ကြောက်မက်ဖွယ် ရက်စက်ခဲ့တယ်။ပြီးတော့ သူရဲဘောကြောင်စွာနဲ့ ပဲ ကျနော်တို့ပစ်တာ မဟုတ်ပါဘူးလို့ စစ်အုပ်စုက မျက်နှာပြောင်တိုက် ငြင်းခဲ့ပါသေးတယ်။

 

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International )ကတော့ ဗုံးပေါက်ကွဲမှု အပျက်အစီးတွေကို လေ့လာကာ အဲဒါဟာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေပစ်ခတ်လေ့ရှိတဲ့ ပြင်း ထန်တဲ့ ဗုံးအမျိုးအစားနဲ့ ကိုက်ညီကြောင်း ထုတ်ပြန်ခဲ့သလို ပစ်မှတ် တိကျမှန်ကန်မှုမရှိတဲ့ ပဲ့ထိန်းလမ်းညွှန်မဲ့ ဗုံးကို အသုံးပြုခဲ့တာ သေချာသလောက်ရှိတယ်လို့လည်း ဆိုပါတယ်။

 

ဘာ့ကြောင့်လို့လဲဆိုတော့ ၂၀၂၂ခုနှစ်၊အောက်တိုဘာ ၂၄ရက် ညက ဖားကန့်ဒေသ၊အနန့်ပါကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာဟာ ဂီတဖျော်ဖြေပွဲ လုပ် နေမှန်း သိလျက် တိုက်ခိုက်ခဲ့တာကြောင့်ပါပဲ။

 

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အဆိုအရ ပစ်မှတ်ဆီ တိတိကျကျ မမှန်နိုင်တဲ့ ဗုံးကို စစ်တပ်ကအသုံးပြုခဲ့တဲ့သဘော။တစ်နည်းဆိုရသော် စစ်တပ် ပစ်ခတ်ချင်တဲ့နေရာကို ဗုံးမကျဘဲ စစ်ရှောင် စခန်းဆီ ကျရောက်ပေါက်ကွဲတဲ့ပုံ။စစ်ရှောင်စခန်းကို အင်အားပြင်းဗုံး ကျရောက်ခဲ့တာကြောင့် တစ်ကမ္ဘာလုံး ကဘယ်လိုပြောပြော မတတ်သာတဲ့အဆုံး ဘူးခံ ငြင်းလိုက်ပုံရပါတယ်။

 

နောက်ရှုထောင့်တစ်ခုကနေ ထပ်တွေးကြည့်ရင်တော့ တမင်ကိုရည်ရွယ်ချက်ရှိရှိ  စစ်ရှောင်စခန်း တည့်တည့် ဗုံးချခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။ဘာ့ကြောင့်လို့လဲဆိုတော့ ၂၀၂၂ခုနှစ်၊အောက်တိုဘာ ၂၄ရက် ညက ဖားကန့်ဒေသ၊အနန့်ပါကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာဟာ ဂီတဖျော်ဖြေပွဲ လုပ် နေမှန်း သိလျက် တိုက်ခိုက်ခဲ့တာကြောင့်ပါပဲ။အဲဒီဗုံးကြဲမှုကြောင့်လည်း သေဆုံးသူ၆၀ကျော်ရှိခဲ့ပါတယ်။ဒါ့အပြင် ၂၀၂၂ခုနှစ်၊စက်တင်ဘာ၁၆ရက်နေ့၊ ဒီပဲ ယင်းမြို့နယ်၊လက်ယက်ကုန်းရွာစာသင်ကျောင်း လေကြောင်းကနေ တိုက်ခိုက်မှုဖြစ်စဉ်ကို ကြည့်ဦးမလား။ မြေပြင်မှာကြောက်လန့်တကြား ငရဲပွက်နေတာ စာသင်နေတဲ့ လူမမယ်ကလေးတွေဖြစ်ကြောင်း ရဟတ်ယာဉ်ပေါ်က သားသတ်သမားတွေ အသေအချာမြင်နေရပေမဲ့ တစ် နာရီလောက်ကြာ တိုက်ခိုက်သွားတာက ကလေးကို ကလေးမှန်းသိလျက် ရက်ရက်စက်စက် သတ်ပစ်မှန်း ပေါ်လွင်နေပါတယ်။

 

ပြီးတော့ ၂၀၂၃ခုနှစ်၊ဧပြီ၁၁ရက်နေ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု။တစ်ရွာလုံး ပွက်ပွက်ဆူ ထွက်ပြေးနေကြပေမဲ့ စိမ်ပြေနပြေ လေကြောင်းတိုက်ခိုက်သွားတာလည်း တစ်ကမ္ဘာလုံး မျက်မြင်မို့ မုန် လိုင်ခက်စစ်ရှောင်ရွာဆိုတာ စစ်တပ်က အငြိုးကြီးစွာနဲ့ ချေမွဖျက်ဆီးပစ်တာလို့လည်း ကောက်ယူနိုင်ပါ တယ်။

 

ဘယ်နိုင်ငံတကာကိုမှ ဂရုစိုက်စရာမလိုဘူး။သတ်စရာရှိတာ သတ်ကြ ဆိုတာ နေ ပြည်တော်စစ်ခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်ပဲဖြစ်ပါတယ်။

 

ဘာ့ကြောင့် အခုလိုအရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေ ရ တာပါလဲ။ဒီမေးခွန်းကို တစ်ခွန်းတည်း ဖြေရရင် သူတို့အာဏာတည်မြဲရေးအတွက် လုပ်လို့ရလို့ လုပ်နေတာလို့ ပဲ ဖြေရပါမယ်။

 

စစ်အုပ်စုဟာ ပြည်သူကို သူတို့ ဘယ်လောက်သတ်သတ် နိုင်ငံတကာအသိုင်းအဝိုင်းက စကားလုံးတွေ နဲ့ ကန့်ကွက်ရှုတ်ချရုံကလွဲလို့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်မှာမဟုတ်ကြောင်း အခိုင်အမာယုံကြည်နေ တာကြောင့်ပဲဖြစ်ပါတယ်။ဘယ်နိုင်ငံတကာကိုမှ ဂရုစိုက်စရာမလိုဘူး။သတ်စရာရှိတာ သတ်ကြ ဆိုတာ နေ ပြည်တော်စစ်ခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်ပဲဖြစ်ပါတယ်။

 

လက်ယက်ကုန်းတုန်းကလည်း အော်၊အနန့်ပါ တုန်းကလည်း အော်၊ပဇီကြီး ဖြစ်စဉ်မှာလည်း နိုင်ငံတ ကာအသိုင်းအဝိုင်းက အစွမ်းကုန် အော်ဟစ်ကန့်ကွက်ခဲ့ကြပေမဲ့ အဲဒီကန့်ကွက်သံတွေဟာ အသံသာရှိပြီးအ ဆန်မရှိတဲ့ သင်္ကြန်အမြောက်သာဖြစ်ကြောင်း စစ်အုပ်စုက ကောင်းကောင်း သိနေပြီးဖြစ်ပါတယ်။

 

လက်ယက်ကုန်းရွာစာသင်ကျောင်း တိုက်ခိုက်ခံရအပြီး ၂၀၂၂ခုနှစ်၊စက်တင်ဘာ၂၀ရက်မှာ  ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြင်းထန်စွာကန့်ကွက်ခဲ့သလို မြန်မာနိုင်ငံ အတွင်း နိုင်ငံတကာဥပဒေတွေ ချိုးဖောက်ကာ ရာဇဝတ်မှု ကျူးလွန်ခဲ့သူ အားလုံးကို တာဝန်ခံမှုရှိအောင် ဆောင် ရွက်ရမယ်လို့ ပြောခဲ့ပါတယ်။

 

မုန်လိုင်ခက်စစ်ရှောင်ရွာတိုက်ခိုက်ခံရအပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ပွက်လောရိုက် ကန့်ကွက် ရှုတ်ချကြပေမဲ့ နောက်တစ်ခါ မလုပ်ရဲအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အရေးယူမှုလုပ်ငန်းစဉ် ပါမလာတဲ့အ တွက် မုန်လိုင်ခက်ဟာလည်း အနန့်ပါလို လက်ယက်ကုန်းလို ပြီးဆုံးသွားမှာ အသေအချာပါပဲ။

 

အခုလည်း ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်က မုန်လိုင်ခက်စစ်ရှောင်ရွာ တိုက်ခိုက်မှု လက်သည် တာဝန်ခံရမယ်လို့ ပြတ်ပြတ်ပြောပြန်ပါတယ်။စစ်အုပ်စုက တာဝန်ခံလာအောင် ဘယ်လိုလုပ်မှာပါလဲ။စစ် အုပ်စုက ဘယ်အချိန်ကျမှ တာဝန်ခံရမှာပါလဲ။စစ်အုပ်စုတာဝန်ခံလာအောင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအ သိုင်းအဝိုင်းက ဘယ်လို ဆောင်ရွက်မှာလဲ။

 

မုန်လိုင်ခက်စစ်ရှောင်ရွာတိုက်ခိုက်ခံရအပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ပွက်လောရိုက် ကန့်ကွက် ရှုတ်ချကြပေမဲ့ နောက်တစ်ခါ မလုပ်ရဲအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အရေးယူမှုလုပ်ငန်းစဉ် ပါမလာတဲ့အ တွက် မုန်လိုင်ခက်ဟာလည်း အနန့်ပါလို လက်ယက်ကုန်းလို ပြီးဆုံးသွားမှာ အသေအချာပါပဲ။

 

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင် Chris Sidoti က မုန်လိုင်ခက်စစ် ရှောင်ရွာ တိုက်ခိုက်ခံရမှုကို မြန်မာပြည်သူတွေအပေါ် အကာအကွယ်ပေးဖို့ နိုင်ငံတကာပျက်ကွက်မှုရလဒ်လို့ ဖွင့်ဆိုပါတယ်။မြန်မာအကြမ်းဖက်စစ်အုပ်စုကို ကန့်ကွက်ရှုတ်ချရုံမျှနဲ့ ဆေးမတိုးဘူးဆိုတာ နိုင်ငံတကာက သိ ပေမဲ့ လက်တွေ့ကျတဲ့ ပံ့ပိုးမှုတွေ မပေးချင်တော့  မသိချင်ယောင်ဆောင် ကန့်ကွက်နေကြခြင်းဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကန့်ကွက်ရှုတ်ချသံက မြန်မာပြည်သူတွေကို ပျားရည်နဲ့ ဝမ်းချသလို မြန်မာပြည် သူ တွေ အေးအေးဆေးဆေး ထပ်သေလိုက်ကြဦးလို့ ပြောနေသလိုပဲ။

 

မြန်မာပြည်သူတွေဟာ စစ်အုပ်စုဝင်တွေ သတ်တိုင်းသေနေရလေတော့ မြန်မာပြည်သူတွေရဲ့အသက် ကို ဈေးသိပ်ပေါလွန်းတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက မှတ်ယူနေပုံပါပဲ။

 

မြန်မာပြည်သူတွေဟာ စစ်အုပ်စုဝင်တွေ သတ်တိုင်းသေနေရလေတော့ မြန်မာပြည်သူတွေရဲ့အသက် ကို ဈေးသိပ်ပေါလွန်းတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက မှတ်ယူနေပုံပါပဲ။ မြန်မာ့အရေး နိုင်ငံတကာရဲ့ လေလည်သံကို မြန်မာပြည်သူတွေ စိတ်ပျက်နေတာ ကြာခဲ့ပြီဖြစ် ပါတယ်။

 

˜˜˜˜

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။