ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းတို့ကို မောင်းသူမဲ့ လေယာဉ်ငယ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ (၁၇)ရက်၊ မနက် (၁၀)နာရီ (၄၅)မိနစ်လောက်က ကော့ကရိတ်ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်နေရာတွေဆီ တိကျစွာ ဗုံးကြဲနိုင်ခဲ့ကြောင်း သိရပါတယ်။
“တည့်တည့်ကျတာတော့ သေချာတယ်။ အထဲမှာ သေ၊ မသေ ဘယ်သူမှ ဖြတ်မသွားရဲလို့ မသိရဘူး။ ရဲမိသားစုတွေကတော့ ရဲဝန်းထဲကနေ ပြောင်းတော့မယ်ကြားတယ်” လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဒရုန်းနည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်နေတဲ့ Kloud Drone အဖွဲ့နဲ့ Angry Bird Drone Ranger၊ Power of Ababil (POA) တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဝင်တွေ သေဆုံး၊ ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ကာ ဒရုန်းတပ်သားတွေကတော့ အထိအခိုက်မရှိဘူးလို့ ထုတ်ပြန်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေတွေ၊ အများပြည်သူက ဒရုန်းပရောဂျက်အတွက် ထည့်ဝင်လှူဒါန်းမှုတွေနဲ့ ဒရုန်းထုတ်လုပ်ရေး၊ နည်းပညာ သုတေသနနဲ့ဖွံ့ဖြိုးရေး၊ လေ့ကျင့်ရေးနဲ့ စစ်ဆင်ရေးတို့ကို ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။