မြန်မာအကြမ်းဖက်စစ်တပ်ကို အချိန်မဆိုင်းဘဲ ပြတ်ပြတ်သားသား အရေးယူဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို အရပ်ဘက်အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းပေါင်း (၄၄၀) က ကုလသမဂ္ဂ အထွေထွေညီလာခံကို အောက်တိုဘာ (၁၇)ရက် နေ့စွဲနဲ့ အိတ်ဖွင့်ပေးစာပေးပို့ကာ အဲဒီလို တောင်းဆိုလိုက်ကြောင်း VOA က ဖော်ပြပါတယ်။
ကုလလူ့အခွင့်အရေး မဟာမင်းကြီးက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုတဲ့အပေါ် ထောက်ခံကြောင်းလည်း အရပ်ဘက်အဖွဲ့ (၄၄၀) က ဆိုပါတယ်။
နိုင်ငံတကာဥပဒေအောက်မှာ မြန်မာစစ်တပ်ကို တာဝန်ယူ တာဝန်ခံခိုင်းတာ မရှိဘူးဆိုရင် မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေမှာပဲ လို့လည်း ဆိုပါတယ်။
လုံခြုံရေးကောင်စီက မြန်မာ့အရေး ဆုံးဖြတ်ချက်-၂၆၉၉ ကို ချမှတ်ခဲ့တာ တနှစ်လောက်ကြာပြီဖြစ်ပေမဲ့ ဘာမှအကောင်အထည် မဖော်နိုင်ခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့လည်း ဆိုပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။