Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်၊ ကျောင်းနဲ့ အိမ်တချို့ ပျက်

ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း အပါအဝင် အိမ်တချို့ ပျက်စီးခဲ့ကြောင်း သိရပါတယ်။


အောက်တိုဘာ (၁၇)ရက်၊ မနက် (၈)နာရီကျော်မှာ  ဂျက်တိုက်လေယာဉ် (၃)စင်းဟာ ညောင်လေးပင်ခရိုင်၊ လယ်ထူးလူနေရာ သို့ ဗုံး (၂)လုံး ကြဲချပြီး စက်သေနတ်နဲ့  (၂)ကြိမ် ပစ်ခတ်ခဲ့ရာ ပြည်သူပိုင် အဆောက်အအုံ (၂) လုံးပျက်စီးခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ကဒီးစူဒေး နေရာသို့ ဗုံး (၂)လုံး ကြဲချပြီး စက်သေနတ် နဲ့ (၁)ကြိမ် ပစ်ခတ်ခဲ့ရာ ပြည်သူပိုင် အဆောက်အအုံ (၁)လုံး ပျက်စီးကာ KNLA  ရဲဘော် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို  စိုက်ခင်း (၂)ခင်းလည်း ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟို က သတင်းထုတ်ပြန်ပါတယ်။


မနက် (၉)နာရီကျော်မှာလည်း ဂျက်တိုက်လေယာဉ်တွေက ပယ်ဝါးဒဲကျေးရွာ အတွင်းသို့ ဗုံး (၂)လုံး ကြဲချပြီး စက်သေနတ်နဲ့ (၁)ကြိမ် ပစ်ခတ်ခဲ့ရာ ပြည်သူ (၁)ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် (၃)လုံးနဲ့  ကျေးရွာ စာသင်ကျောင်း ပျက်စီးခဲ့ကြောင်း သိရပါတယ်။


ညနေပိုင်းမှာလည်း  ကွီးလားရွာ၊ ထီးရိုးထော်ပလောနဲ့ စေးဘောဒဲ နေရာတို့ကို ဂျက်ဖိုက်တာ(၃)စင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု (၃)ကြိမ် နဲ့  စက်သေနတ်နဲ့  (၂)ကြိမ် ပစ်ခတ်ခဲ့ရာ  ထိခိုက်ပျက်စီးမှုရှိ၊ မရှိ စုံစမ်း အတည်ပြု နေဆဲဖြစ်ကြောင်း ကေအဲန်ယူ-ဗဟို က ဆိုပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အနီးအနားရှိ ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရပြီး လယ်ဒိုမြို့နယ်အထက်တန်းကျောင်း၊ Klerlweehtu Junior College၊ လယ်ဝါးအလယ်တန်းကျောင်း၊ ကွီးလားအလယ်တန်းကျောင်း၊ ပယ်ဝါးဒဲ မူလတန်းကျောင်းနဲ့ ခေါလိုကလိုး မူလတန်းကျောင်း တို့ကို  ယာယီပိတ်ထားရပါတယ်။


~~~~~~~~~~~ 

ကိုထက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။