Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရေလယ်ကျွန်းကနေ ခိုးဆိုးလုယက်ပြီး ပြန်လာတဲ့ စစ်သားတွေ မိုင်းဆွဲခံရ

ရေလယ်ကျွန်းဒေသကနေ ပြည်သူပိုင်ပစ္စည်း လုယက်ပြီး ပြန်လာတဲ့ အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲခဲ့ရာ (၅)ဦး ဒဏ်ရာရခဲ့ကြောင်း ရေစကြိုပကဖ က သတင်းထုတ်ပြန်ပါတယ်။


အောက်တိုဘာ (၁၇)ရက်နေ့၊ ညနေ (၃)နာရီခွဲလောက်က မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ ညောင်စောက်ရွာကနေ ပြည်သူပိုင်ပစ္စည်းတွေ လုယက်ကာ နွားလှည်းနဲ့ တင်ဆောင်လာတဲ့ စစ်သား (၇)ဦးကို ညောင်စောက်ရွာနဲ့ မဲကုန်းရွာကြား PDF တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။


မိုင်းဆွဲရာမှာ စစ်သား (၂)ဦးသာ ထွက်ပြေးနိုင်ပြီး ကျန် (၅)ဦးက နေရာကနေ မထနိုင်ဖြစ်ခဲ့ ကြောင်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ပြီး ဒဏ်ရာရစစ်သားတွေကို လာခေါ်သွားကြောင်း ရေစကြို ပကဖ က ဆိုပါတယ်။


“ရေစကြိုမြို့ဝန်းကျင်မှာ စခ တွေကို အပေါ်စီးကနေ တိုက်နေတဲ့ ရေစကြို ပကဖ ရော Myingyan Black Tiger ရော အခု ရေလယ်ကျွန်းကို စစ်ကြောင်းဝင်လာတော့ ရေလယ်ကျွန်းရဲဘော်တွေနဲ့ပေါင်းပြီး စခ တွေကို ကောင်းကောင်းဒုက္ခပေးနိုင်တာ တွေ့ရတယ်။ အရင်ကထက် အချိတ်အဆက်ကောင်းကောင်းနဲ့ မြန်မြန်ဆန်ဆန် ခုခံလာနိုင်တာတွေ့ရတယ်” လို့ ရေစကြိုမြို့ခံတစ်ဦးက ပြောပါတယ်။


မိုင်းဆွဲတိုက်ခိုက်မှုကို ရေစကြို ပကဖ နဲ့ နွေဦးစစ်သည် YSO-ရေလယ်ကျွန်းဒေသ စစ်ကြောင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။


အောက်တိုဘာ (၁၂)ရက်နဲ့ (၁၃)ရက်ကလည်း Myingyan Black Tiger နဲ့ ညီနောင်မဟာမိတ် တွေ ပူးပေါင်းကာ ရေလယ်ကျွန်းသို့ဝင်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား (၄၀)လောက် သေဆုံးကြောင်း သိရပါတယ်။


~~~~~~~~~~ 

ကိုငြိမ်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။