Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

လက်နက်နဲ့ရိက္ခာတင် စစ်တပ် ရေယာဉ် ၄ စီးကို PDF တိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ လက်နက်နဲ့ရိက္ခာတင် စစ်တပ် ဖလပ်ခွံ (၄)စီးကို ဆားလင်းကြီးမြို့နယ်အတွင်း PDF တွေက (၂)နေရာခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


အောက်တိုဘာ (၁၇)ရက်၊ မွန်းလွဲ (၁၂)နာရီခွဲလောက်မှာ စစ်တပ်ဖလပ်ခွံ (၄)စီးကို ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝရွာအနီးမှာ ရှေ့ထွက်ပြောင်းတိုက် (၆)လုံးနဲ့ ဖောက်ခွဲခဲ့ပြီး လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်ခဲ့ကြောင်း Brave Heart Army (BHA) က သတင်းထုတ်ပြန်ပါတယ်။


ဆက်လက်ပြီး ရွှေကုန်းရွာအနီးမှာ ရှေ့ထွက်ပြောင်းတိုက် (၉)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားတွေ သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။


အဲဒီတိုက်ခိုက်မှုတွေအပြီး PDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင် ခဲ့ပါတယ်။


အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း(၁၀) တပ်ခွဲ(၂) Chindwin Fighter Group (C.F.G)နဲ့ Brave Heart Army (BHA)တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။


~~~~~~~~~~~ 

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။