ပဲခူးရိုးမထဲ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို စနိုက်ပါနဲ့ ပစ်ခတ်ခဲ့ရာ စစ်သား (၁)ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ပဲခူးတိုင်း၊ နတ်တလင်းမြိုနယ် အရှေ့ဘက် ပဲခူးရိုးမအတွင်းရှိ မကျီးပင် ဆင်သေဖျားကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို အောက်တိုဘာ (၁၅)ရက်၊ မနက် (၈)နာရီလောက်မှာ ဉာဏ်လယ်နဲ့ ဆင်ဝိုင်းအကြား သာယာဝတီခရိုင် PDFတပ်ရင်း ၃၈ဝ၁၊ တပ်ခွဲ-၂ ( Phoenix DF အဖွဲ့) က စနိုက်ပါနဲ့ စောင့်ကြိုပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း Bago Region PDF က သတင်းထုတ်ပြန်ပါတယ်၊။
အဲဒီနောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တိုက်ပွဲမှာ မွန်းလွဲ (၂)နာရီလောက်မှ ပြီးဆုံးသွားကြောင်း သိရပါတယ်။
“အဓိကကတော့ လက်နက်အင်အားပေါ့။ အဲဒီလိုအပ်ချက်ရှိနေတော့ စစ်တပ်နဲ့ ရင်ဆိုင်တိုက်ပွဲတွေထက် ပြောက်ကျားတိုက်တာကိုပဲ ပဲခူးရိုးမ PDF တွေက ပိုအားပြုနေရတာပေါ့။ သေချာတာက PDF တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေနဲ့တင် စခ တွေ အထိုက်အလျောက်တော့ ခံနေရပါပြီ” လို့ ပဲခူးရိုးမအခြေပြု PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ PDF ရဲဘော်တွေ အထိအခိုက်မရှိဘူးလို့လည်း သိရပါတယ်။ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တာကြောင့် ဒေသခံတွေ သတိရှိကြဖို့ Bago Region PDF က ထုတ်ပြန်ပါတယ်။
~~~~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။