ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ရွာတွေဘက်ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်နေကြောင်း သိရပါတယ်။
စက်တင်ဘာ (၁၄)ရက်၊ မွန်းလွဲ (၁၂)နာရီ (၃၅)မိနစ်လောက်က ကော့ကရိတ်မြို့ အခြေစိုက် အမြောက်တပ်-၃၁၃ က ၁၂၀(မမ)လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ကော့ကရိတ်မြို့နယ် ကျောက်စရစ်ကုန်းရွာသို့ (၄)လုံး၊ ဆင်ကုန်းသို့ (၂)လုံးနဲ့ တတန်ကူးကျေးရွာသို့ (၂)လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး တတန်ကူးကျေးရွာနေ အသက် (၅၃)နှစ်အရွယ်ရှိ ဦးထွန်းအေးမှာ ညာဘက်ပေါင်ရင်း ကျည်စ ထိမှန်ဒဏ်ရာနဲ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဒူးပလာယာခရိုင်-သတင်းနှင့် ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် တတန်ကူး ကျေးရွာနေ အသက် (၃၅)နှစ်အရွယ်ရှိ နော်မကလယ်ရဲ့ နေအိမ် ပျက်စီးခဲ့ပြီး တတန်ကူးကျေးရွာနေ အသက် (၅၅)နှစ် အရွယ်ရှိ စောဖားကော်လာပိုင် နွားသိုး (၂)ကောင်လည်း ကျည်စ ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ (၃)ရက်၊ မွန်းလွဲ (၁၂)နာရီ (၂၅)မိနစ်လောက်ကလည်း ကော့ကရိတ်အခြေစိုက် အမြောက်တပ်က ကော့ကရိတ်မြို့ဝန်းကျင်သို့ လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ ကော့ကရိတ်မြို့ အမှတ် (၂)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ဝန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ရာ နှစ်ဝက် စာမေးပွဲ ဖြေဆိုအပြီးအိမ်ပြန်လာတဲ့ ကျောင်းသူ (၄)ဦး လက်နက်ကြီး ထိမှန်ခဲ့ကာ (၁)ဦး မှာ ပွဲချင်းပြီး သေဆုံးခဲ့ပါသေးတယ်။
~~~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။